အတာကူးတဲ့ တန်ခူးလ မန်းသင်္ကြန်ပွဲတော်ကြီးက
အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ ပျော်ခဲ့ကြ၊
ပါးခဲ့ကြ၊ ကကြ ခုန်ကြ၊ အော်ကြ ဟစ်ကြ၊ မူးကြ
ရူးကြ၊ အန္တရယ်ဖြစ်သူ ဖြစ်ကြ၊ အန္တရာယ်ကင်းသူ
တို့က ဘေးကင်းစွာဖြင့် နှစ်သစ်ကို ကြိုဆိုကြလေ
သည်။
သင်္ကြန်အတက်နေ့ နောက်ဆုံးရက် မန္တလေးကျုံး
အရှေ့ဘက် ၆၆လမ်း အညာသင်္ကြန်နှင့် သင်္ကြန်
မုန့်ဈေးတန်းများကို steemit မိတ်ဆွေများ
မြင်တွေ့နိုင်ရန်တင်ပြလိုက်ပါသည်။ မန္တလေးသားတို့
နှင့် သင်္ကြန်ပျော်များက အမှိုက်များကို စည်းကမ်းတကျ အမှိုက်ပုံအတွင်း ပစ်ကြ၍ လမ်းမထက်
အမှိုက်များကင်း၍ ကြက်သရေရှိလှသည်။
မန်းစည်ပင်မှလည်း ခြေလှမ်း ၁၅ လှမ်းအကွာ
အဝေး များတွင် အမှိုက်ပုံများကို ချပေးထားသည်။
စတုဒီသာကျွေးမွေး လှူဒါန်းသူများကလည်း
ပေါများလှသည်။ ကျုံးရှေ့ အညာသင်္ကြန်မှ
အပြန် ပဲထမင်း၊ ပုဇွန်ခြောက်ကြော်၊ ပဲတီချဉ်သုတ်
နှင့် အချိုရည် ကုသိုလ်ရှင်တွေ့၍ ဝင်ရောက်စား
သောက်ခဲ့ကြသည်။ ပဲထမင်းနွေးနွေးလေးက
ရေစိုစို ဗိုက်ဆာဆာမို့ စားကောင်းလှပေသည်။
မန်းသင်္ကြန်က နန်းဆန်စွာဖြင့် အောင်မြင်စွာ
ပြီးဆုံး၍ မန်းသူ မန်းသားတို့က နှစ်သစ်ကို
ကြိုဆိုနေကြပေတော့သည်။