ကျမ သည် မန္တလေးမြို့ မှာနေထိုင်ပါသည်။
ကျမ သည် ပဉ္စမတန်းတွင် ပညာသင်ကြား နေပါသည်။ ကျမ မှာအဖေမရှိပါ ကျမ အသက်
၆လ အရွယ်တွင်သေဆုံးသွားကြောင်း
အမေကပြောပါသည်။ ကျမအမေသည်
ဈေးရောင်းပါသည်။ ကျမတို့ အိမ်တွင်
မိသားစု ၅ဦးရှိပါသည်။ ကျမတို့ သားအမိနှင့် ဒေါ်ကြီး၊ တစ်ဝမ်းကွဲ အစ်ကို အစ်မတို့ 
နေထိုင်ကြပါသည်။ ကျမ၏ အဒေါ်
အပျိုကြီး က အစိုးရဝန်ထမ်းလုပ်၍
အစိုးရအိမ်ခန်းမှာ နေထိုင်ကြပါသည်။
အမေက ပြောပါသည် ညည်း အဒေါ်
ယောက်ျား ယူသွားရင် ငါတို့ သားအမိ
နေစရာအိမ်ပျောက်မည်။ ကျမ နားမလည်ပါ
အဒေါ် ယောက်ျား ယူတာနဲ့ ကျမတို့ နေစရာ အိမ်
မရှိဆိုသည်မှာ စဉ်းစား၍မရပါ။ နားမလည်၍
အမေကိုမေးသောအခါ ညည်း အဒေါ်ယောက်ျားက
ငါတို့ ကိုနှင်ချမည်ဟုဆိုပါသည်။ ကျမ အမေပြော သည်ကို ထပ်ပြီးနားမလည်ခဲ့ပါ။ ဒါဆို ကိုကြီးနဲ့ 
အမ ကိုလည်းနှင်ချမှာလားဟုထပ်မေးမိပြန်သည်။
အကုန်လုံး နှင်ချမှာပေါ့အေ ဟုပြောသည်။
ကျမ စဉ်းစားကာ အဒေါ်ယောက်ျား ယူမှာ
စိုးရိမ်မိပါသည်။ သို့ သော် ယောက်ျားမရပါစေနှင့် ဟုလည်းဆုမတောင်းချင်ပါ။ အမေလည်း ယောက်ျား ယူခဲ့ပါသည်။ အခြားအဒေါ်များလည်း ယောက်ျားယူကြသည်။ တူတူနေပြီး အဒေါ် အိမ်မှာနေကာ ယောက်ျားမရပါစေနှင့် ဆုတောင်းလျှင် မတရားရာကျမိဖြစ်ပါသည်။ အဒေါ်ကိုလည်းချစ်ပါသည်။ အိမ်မှဆင်းရမှာလည်း ကြောက်ပါသည်။
ကျမသည် ပဉ္စမတန်းရောက်သည့်အခါ
အထက်တန်းကျောင်းပြောင်းရသည်။
ကျောင်းတက်၍ တစ်ပတ်ကြာသည့်အခါ
အတန်းပိုင်ဆရာမကပြောပါသည်။
ကျူရှင်တက်ကြမလားဟုမေးသည်။
ကျမသည် အိမ်နားမှာသင်သည့် ကျူရှင်
တွင်သင်ပါသည်။ သူငယ်တန်းမှယခု ပဉ္စမတန်းထိ ထိုကျူရှင်တွင်သင်ခဲ့ပါသည်။ ဆရာမ
မေးသည်ကို ကျူရှင်မတက်သေးဟုပြောမိသည်။
နောက်တစ်ပတ်အကြာမှာလဲ ဆရာမက
ထပ်ပြောပါသည်။ ဆရာမ ကျူရှင် က
အင်အားနည်းနေတယ် အင်အားထပ်ဖြည့်ကြ
ပါအုံးဟုပြောပါသည်။
ကျမတို့ အတန်းထဲတွင် ကျောင်းသားကျောင်းသူ
စုစုပေါင်း ၄၆ ယောက်ရှိပါသည်။ ယောက်ျားလေး
၂၆ယောက် မိန်းကလေး ၂၀ယောက်ရှိပါသည်။
အတန်းတွင် ခုံ ၃တန်းထားရှိပြီး ကျမတို့ မိန်းကလေးများက အလယ်တန်းမှာထိုင်ကြပြီး
ယောက်ျားလေးများက ဘေးတစ်ဖက်စီမှာ
ထိုင်ကြပါသည်။ အတန်းခေါင်းဆေါင်
ရွေးချယ်သော အခါ အတန်းပိုင် ဆရာမက
သူ့ ကျူရှင်တက်သည့် ကောင်မလေးကို အတန်းခေါင်းဆောင်အဖြစ် ရွေးပါသည်။
အတန်းပိုင်ဆရာမသည် သူ့ ကျူရှင်တက်သူနှင့်
မတက်သူများကို ခွဲခြားဆက်ဆံ ပါသည်။
ကျမစာအုပ်ကို မယူဘဲ သူ့ ကျူရှင်တက်သည့်
ကောင်မလေးစာအုပ်သာယူပါသည်။
အတန်းထဲတွင် သန့် ရှင်ရေးနှင့် အခြားအလုပ်များကို ကျမလုပ်နေပါလျှင်
အတန်းခေါင်းဆောင်ကလာပြီး ဝင်လုလုပ်
ပါသည်။ ထိုအခါ ဆရာမက အတန်းခေါင်းဆောင်ကို ချီးကျူးစကား
ပြောပါသည်။ အမေက ပြောခိုင်းပါ သည်
ကိုယ်လုပ်နေတဲ့အလုပ်ကိုပြီးအောင်လုပ်
အတန်းခေါင်းဆောင်ကို တစ်ခြားအလုပ်လုပ်ရန်
ဒါငါလုပ်နေတာဟုပြောခိုင်းသည်။
ကျမက အမေကို ပြန်ပြောလိုက်ပါသည်။
အတန်းခေါင်းဆောင်နှင့်စကားများရင်
ကျမသာအရိုက်ခံရမည်ဟုပြောလိုက်ပါသည်။
ထိုအခါ အမေက ဒါဆိုလဲ ညည်းအတန်းပိုင်
ဆရာမကျူရှင် နေချင်နေပေါ့ ကျူရှင် တစ်ခု
ငွေ ၁၅၀၀၀ နှစ်ခုဆို တစ်လ ငွေ ၃၀၀၀၀
ငါဈေးပိုရောင်းဒါပေါ့အေ ဟုပြောပါသည်။
ကျမ ဆရာမ ကျူရှင် နေရ မနေရစဉ်းစားနေပါ တော့သည်။ အခုလို ကျမရဲ့ စာကိုဖတ်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်။