ယနေ့ 23-4-2019 နေ့သည် အမေ့ပင်စင်ထုတ်သည့်ရက်ဖြစ်သည်။ကျွန်တော့်အဖေက တံတားဦး-မြင်းခြံရထားလမ်း ဖောက်လုပ်ရင်း သေဆုံးခဲ့သည်။
အသက် ၅၁ နှစ်မှာ အဖေသေဆုံးသည်။ အမေက မိသားစုပင်စင်ခံစားရရှိသည်။ ယခင်က တစ်လ ၅၀၀ကျပ်သာရရှိသော ပင်စင်လစာငွေမှ ယခုအခါ ၅၇၈၀၀ကျပ်ထိတိုးမြှင့်ပြီးရရှိခဲ့သည်။ ကျွန်တော့်
အမေ၏ အစ်မနှင့် အမေ့သူငယ်ချင်း အချို့မှာမူ
သူတို့ခင်ပွန်းများ၏ ပင်စင်လစာကို သူမတို့သေဆုံးသည်အထိ ခံစားခွင့်မရခဲ့ကြပေ။ ယခင်အချိန်က မိသားစုပင်စင်ကို ၁၅နှစ်အထိသာ ခံစားခွင့်ရှိသည်။
နောက်ပိုင်းမှသာ ဇနီး၊ ခင်ပွန်းတို့က သက်ရှိထင်ရှားရှိသည့် အချိန်ထိ ပင်စင်လစာကို ခံစားခွင့်ပြုလိုက်
သည်။
ပင်စင်လစာထုတ်ယူမှုနှင့်ပတ်သက်၍ အမျိုးမျိုး
ကြားသိရသည်။ အချို့သောဝန်ထမ်းများမှာ
ပင်စင်လစာရရှိသည်က နည်းပါးပြီး လာရောက်
ထုတ်ယူရသည့် ခရီးစရိတ်ကများ၍ ၃လ၊ ၆လ၊
၁ နှစ် အစရှိသဖြင့် ပင်စင်ငွေကို ပေါင်းထုတ်ကြောင်း
သိရသည်။ တလောက ပင်စင်စားများကို
အီးပင်စင်ကတ်များထုတ်ပေးခဲ့သည်။ အဆိုပါ
ကတ်များဖြင့် ငွေထုတ်ယူရာတွင် အဆင်ပြေသူရှိသလို အဆင်မပြေသူများလည်းရှိကြပေမည်။
ယခုအခါ နောက်တစ်မျိုး ပင်စင်စားများအတွက်
ပြုလုပ်လာပြန်ပါပြီ။ အီးစီပေးကတ် တဲ့ ဘဏ်တွေ
နဲ့ အွန်လိုင်းမန်းနီးလုပ်သည့်နေရာတိုင်းမှာ ပင်စင်
ငွေကို အလွယ်တကူထုတ်ရ၍ရတော့မည်ဖြစ်သည်။
အဆင်ပြေလျှင် အဖေကြီး၊ အမေကြီးတို့အတွက်
စိတ်ချမ်းသာစရာ မင်္ဂလာတစ်ခုပါ။ အဆိုပါကတ်
အတွက် ကုန်ကျစရိတ်က တစ်ခါသာကုန်ကျမည်
ဖြစ်သည်ထင်ပါသည်။ လစဉ် ကျွန်တော့်အမေ၏
ပင်စင်ငွေထုတ်ယူရာတွင် ငွေပေးသည့်အရာရှိအား
၅၀၀ကျပ်၊ စာရင်းပြုလုပ်ပေးသည့် စာရေးအတွက်
၅၀၀ကျပ်၊ ရုံးအကူ ပြာတာအတွက် ၅၀၀ကျပ်
စုစုပေါင်း တစ်လ ၁၅၀၀ကျပ်ပေးရသည်။
အဆိုပါ ငွေ ၁၅၀၀ကျပ်အတွက် အမေက နှမြော
တွန့်တိုခြင်းမရှိပါ။ သူတို့ခမျာများ စားရှာကြပါစေ
ဟု စေတနာထားကာပေးခဲ့ပါသည်။ ပင်စင်ထုတ်ယူ
သူများက လူအမျိုးမျိုး စိတ်အထွေထွေရှိကြလေ
သည်။ ကျွန်တော်တို့ မီးရထားဝန်ထမ်းများ၏
ပင်စင်လစာများကို ပင်စင်စားများ၏ နီးစပ်ရာ
တိုင်းများရှိမြို့များမှ ပေးကလပ်ရုံးများမှာ
ထုတ်ယူနိုင်သည်။ ပေးကလပ်များက ရထားများ
ဖြင့် အခြားနယ်များသို့လည်း လစာထုတ်အပြီးတွင် လစာငွေများနှင့် ပင်စင်လစာများကို သွားရောက်
ထုတ်ပေးကြသည်။
မည်သို့ပင်ဖြစ်စေကာမူ ပင်စင်ထုတ်ယူသူ
အဖေကြီး၊ အမေကြီးတို့အားလုံး ပင်စင်လစာ
များကိုလွယ်ကူချောမောစွာ ထုတ်ယူနိုင်ကြပါစေ
ဟု ဆန္ဒပြုလိုက်ပါသည်။