အတိတ် အတိတ်ဆိုတာ လူတိုင်းကိုယ်စီ
ရှိခဲ့ကြပါသည်။
ကောင်းသောအတိတ်
မကောင်းခဲ့သောအတိတ်
လွမ်းခဲ့ရသောအတိတ်
မေ့မရခဲ့သောအတိတ်
မေ့ပျောက်ချင်ခဲ့သောအတိတ်
ကောင်းမွန်ခဲ့သောအတိတ်
ဆိုးသွမ်းခဲ့သောအတိတ်
အတိတ်တွေများစွာရှိကြသူတွေထဲမှာ
အတိတ်မှာ တိတ်တိတ်လေးနေခဲ့သူ
တစ်ဦးရှိခဲ့သည်။
Credit sayar paw oo thet
စိမ်းလဲ့မေ
အမည်ကိုက စိမ်းပါလို့ 
စိမ်းတော့မသွားနဲ့ နော်ကိုကို
ကိုကို ကို စိမ်းအရမ်းချစ်တယ်
ဘယ်လောက်ချစ်တယ်ဆိုတာ
ပြောပြရင် ကိုကို က
စိမ်းလေးမောပါမယ်ကွယ်တဲ့။
စိမ်းလေးချစ်တာ ကိုကိုသိတာပေါ့တဲ့။
မွေးရာပါ နှလုံးမကောင်းတော့
တစ်ဦးတည်းသမီးမို့ 
ဖေ မေ တို့ က အလိုလိုက်
အကြိုက် ဆောင်ခဲ့ပါတယ်။
ဒီတော့ ချစ်သောကို့ကို
နွဲ့ ဆိုး ဆိုးမိပေါ့
နည်းနည်လေးမှ ကို့ ကိုအနိုင်ယူလိုက်ရမှ
စိမ်းကကိုယ့်ကိုကိုယ်ပျော်တယ်ထင်မိ။
ကိုကို ရယ်လေ
စိမ်း ဘာလုပ်လုပ်ပြုံးပြီးကြည့်နေတာ
အဲ့အပြုံးလေးကိုက
စိမ်းကို သိပ်အူယားစေတာပဲ။
စကားလဲသိပ်မပြော
စိမ်းကမှ ပေါက်ပေါက်ဖောက်သလို
တတွတ်တွတ်ပြော။
ကိုကိုက စိမ်းကိုချစ်တာ
နုတ်ကမပြောဘူး သိလား
စိမ်းရဲ့ ရောဂါကိုကုသဖို့ 
ဆရာဝန်ဖြစ်အောင်ကြိုးစားတာ
ကို့ မိဘများရဲ့ ပြောသံကြားမိတော့
ရင်ထဲမှာပျော်လိုက်တာကိုရယ်
ဒီကမ္ဘာကြီးမှာ စိမ်းက
ကံအကောင်းဆုံး ကောင်မလေးဟေ့လို့ 
ကြွေးကြော် လိုက်မိတယ်။
ကိုကို ကစိမ်းကိုချစ်တာသိတော့
ကို့ ကို ပိုအနိုင်ယူမိတယ်
စိတ်ချမ်းသာစရာ
ပျော်စရာကောင်းခဲ့တဲ့
စိမ်း ရဲ့ ဘဝကို စိမ်းကပဲ
ဖျက်ဆီးချေမွပစ်လိုက်ရပါတယ်
ကိုကိုရယ် ပြန်တွေးမိတဲ့အတိတ်ကို
မတွေးမိအောင်ကိုပဲ
အတိတ်ဟာ စိမ်းအတွက်
တိတ်တိတ်ကလေးနေဖို့ 
ဒဏ်ခတ်လိုက်တယ် ကိုရယ်။
သဘာဝတရားအတိုင်းဆို
ရောဂါရှိသူ စိမ်းက
ဒီလောကကြီးထဲက
အရင်ထွက်ခွာသွားရမှာပါကို။
စိမ်းရဲ့ ပူဆာမှု အသိမကြွယ်မှုလား
အပျော်ခုံမင်မှုလား
လူကြီးတွေမသိအောင်
နယူးရီးယားညမှာ ဆိုင်ကယ်နဲ့ 
နှစ်ဦးတိတ်တိတ်လေးခိုးထွက်ဖို့ 
အကြံပေးတိုက်တွန်းသူက ကျမ
နှစ်သစ်ကို မကြိုဆိုလိုက်ရပဲ
အဖြစ်ဆိုးနဲ့ တိုးခဲ့သူ ကိုကိုရေ
အတိတ်ကို တိတ်တိတ်လေး
ကြိတ်ပြီးအခန်းထဲမှာ
တစ်ယောက်ထဲရူးနေရပါပြီ ကိုကိုရယ်။