သင်္ကြန်ပွဲတော်ကြီးလဲအောင်မြင်စွာပြီးဆုံး
သွားပါသည်။ မူးပြီး ရူးပြီးကျန်ခဲ့သူများ
ပေါများပါလိမ့်မည်။ အရက်မူးပြီး အရက်နာကျသူများမသောက်တတ်
သောက်တတ် ပဲ သင်္ကြန်ဆို
အရက်သောက်ပြီးမှ လည်ပတ်ရတယ်လို့ 
နားလည်နေသူ လူငယ်များကြား
မြင်တွေ့ ရသည်မှာ သိပ်တော့
စိတ်မချမ်းသာပါဘူး။
သင်္ကြန်မှာ ဇာတ်လမ်းစခဲ့သူများလဲ
အချစ်ရူး ရူးပြီးကျန်ခဲ့ပါလိမ့်မည်။
သင်္ကြန်ကို အကျိုး ရှိစွာအသုံးပြုသူများ
လည်းရှိကြပေမည်။ အကျိုး ရှိစွာအသုံးပြုရာတွင်
ကျွန်တော်မြင်ရသည့် ၂ မျိုးကိုပြောပြပါမည်။ ပထမတစ်မျိုးက သင်္ကြန်ကို အကြောင်းပြုပြီး
စီးပွားရှာသူများ အကြောင်းပြောချင်ပါသည်။
သိကြတဲ့အတိုင်း မန်းလမ်းလျှောက်သင်္ကြန်
ဆိုတော့ ဆိုင်ကယ် ကားဖြင့်လည်သူများက
ကျုံးတောင်ဘက်လမ်းလျှောက်သင်္ကြန်
လမ်းလျှောက်မည်ဆိုရင် လမ်းလျှောက်
သင်္ကြန်နှင့်နီးသည့် ၇၈ လမ်း မှ ၆၆ လမ်း
အတွင်း ဆိုင်ကယ်ကားများကို အပ်နှံခဲ့ကြရပါသည်။
Credit photo chit htoo
လမ်းလျှောက်သင်္ကြန်အတွင်းသို့ ဝင်ရောက်သူများသည် ၂၇ လမ်းမှ စ၍
ကားဆိုင်ကယ်များ ထားပြီးလမ်းလျှောက်
ဝင်ကြရပါသည်။ အဲ့မှာ ပြောချင်တာ
၂၈ လမ်း ၂၇ လမ်း အပြများသည်
ဆိုင်ကယ်များအပ်နှံရာ နေရာများဖြစ်
သွားပါသည်။ ဆိုင်ကယ်များ မန္တလေးမြို့ကြီး
မှာ ဘယ်လောက်ပေါများတယ်ဆို
အဆိုပါ ဆိုင်ကယ်အပ်နှံသည့်နေရာများကို
ကြည့်ခြင်းအားဖြင့်သိရတယ်ဗျာ။ ဒါတောင်
အပြင်မလည်ပဲ အိမ်တွင်းပုန်းဆိုင်ကယ်တွေ
ရှိအုံးမှာ။
ဆိုင်ကယ်များကို အပ်နှံစီးပွားရှာသူများသည်
မန်းစည်ပင်ကို အခွန်ဆောင်သူများရှိသလို အခွန်မဆောင်သူများရောရှိနိုင်ပါသည်။
သင်္ကြန်အတွင်း ၂၆ လမ်း မှ ၂၈ လမ်းကြား
နေထိုင်သူများအနေဖြင့် အိမ်အဝင်အထွက်
ဒုက္ခရောက်ရှာကြပါမည်။ ဆိုင်ကယ် များက
လမ်းမအပြည့် အပ်နှံထားကြ၍ အိမ်အဝင်
အထွက်ပေါက်များကို ပိတ်စေပါသည်။
ထိုအပြင် အစားအသောက်ရောင်းချသူများ
ကလည်း ဆိုင်ကယ် အပ်ခံသူများနှင့်အပြိုင်
ဈေးရောင်းချကြသည်။ ခိုးကြောင်ခိုးဝှက်ဖြင့်
ဘီယာရောင်းချသူများကလည်းရှိပါသည်။
ယခုခေတ်တွင် ယောက်ျား လေးများနဲ့ အပြိုင်
မိန်းကလေးများကလည်း အရက် ဘီယာ
များကိုမော့ကာသောက်၍ ကခုန်ကြသည်။
တစ်ချို့မိန်ကလေးများ အဖော်ယောက်ျားလေး
ကပင် ထိန်းပေးရပါသည်။
ယမကာဆို၍ ငထွေးတို့ ငယ်စဉ်က
သင်္ကြန်ကိုမြင်ရောင်မိပါသည်။
ငထွေးတို့ နှပ်ချေးတွဲလောင်းအရွယ်
ယမကာသောက်သူရှမ်းကြီးတစ်ဦးရှိပါသည်။
သူသည် အရက်မူးလျှင်လွန်စွာမှ
အစအနောက် အပျော်သန်သူဖြစ်သည်။
သင်္ကြန်ရက်တစ်ရက်တွင် ငထွေးတို့ 
ကလေးတစ်သိုက်ကို သုံးဘီးကားဖြင့်
သင်္ကြန်လည်ပေးပါသည်။
ငထွေးတို့ အား သံချပ်တိုင်ပေးထားပါသည်။
သုံးဘီးဖြင့်လိုက်ပါသူကလေးများက
သူသင်ပေးထားတဲ့အတိုင်း အော်ပေးရပါသည်။
ယမကာရှမ်းကြီးရဲ့ သံချပ်ကို မှတ်မိသမျှရေး
ပေးလိုက်ပါသည်။
”မိန်းမဆိုတာ
ဒိုင်ဗင်ထိုးရင်
ပေါင်တံရှည်တတ်တယ်”
”လူပျိုပါ
မြန်မြန်ချစ်စမ်းပါ
ကြာရင် မုဆိုးဖို”
”အပျိုပိန်ပိန်
ရေစိမ်ပက်တော့
အီကြာကွေး အီကြာကွေး ”
”ယောက္ခမ ကို
ကတုံး တုန်းလို့ 
နှပ်ချေးနဲ့နယ်”
”မင်းတို့ လေးတွေ
ဘယ်လောက်ချောချော
အီးပါရင် ဖင်လှန်မှာပဲ”
”မဒီကညာလေး
ဖင်ကိုထိုးတော့
ကျီးကန်း တမော့မော့” တဲ့ ဗျ
ခုများတွေးကြည့်တော့ တော်တော်ဆိုးတဲ့
ဘိုးတော်ဗျာ ငယ်စဉ်ကတော့ဘာရယ်ဟုတ်ဘူး
ဂျစ်ကားနဲ့ အမျိုးသမီးအဖွဲ့ မြင်တိုင်း
အော်ဆိုခဲ့ကြတာ။ ပျော်စရာတော့
ကောင်းခဲ့ပါသည်။
Credit to Sayar Paw Oo Thet
သင်္ကြန်တွင်း အကျိုး၂ မျိုးအနက် စီးပွားဖြစ်သည့်
အကျိုးကိုဖော်ပြပြီး ကျန်တစ်မျိုးကိုဖော်ပြပါမည်။
အားလုံးသိတဲ့အတိုင်း သင်္ကြန်ကာလမှာ
ဒုလ္လဘ ဝတ်ကြ တရားစခန်းဝင်ကြ၊ အလှူ ဒါန ပြုကြသူများအတွက် သံသရာမှာ အကျိုးရပြီး
သင်္ကြန်ကာလလေးမှာ စိတ်အေးချမ်းငြိမ်းချမ်း
တဲ့အရသာလေးကို လက်တွေ့ အကျိုးခံစားရမှာ
ဖြစ်ကြောင်းတင်ပြလိုက်ပါသည်။