မြန်မာ့ရိုးရာအတာသင်္ကြန် ကတော့ ပြီဆုံး
သွားပြီဖြစ်သည်။သို့သော် သင်္ကြန် အငွေ့
အသက်များကတော့ ကျန်ရစ်ခဲ့ ကျန်ရစ်
နေဆဲပဲဖြစ်သည်။ သင်္ကြန်မကျမီကပင် သင်္ကြန်
တေးသံများက မြူးကြွပျံ့လွင့်နေခဲ့သည်။
သင်္ကြန်ပိုးကိုကြွစေခဲ့သည့်တေးသံများ
ဖြစ်လေသည်။ သင်္ကြန် မတိုင်မီသင်္ကြန်ပွဲတော်မှာ
ယှဉ်ပြိုင်ကြဖို့ ရပ်ကွက်အလိုက်
ယိမ်းတိုက်ကြသည်။ ငထွေးတို့ ငယ်စဉ်က
ကျောင်းများ၊ ဓမ္မာရုံများတွင် ရပ်ကွက်ယိမ်း
အဖွဲ့တို့က သင်္ကြန်ဒိုးသံများဖြင့် ယိမ်းအကတိုက်
ကျင့်နေကြသည်။
ဒိုးသံကြားလျှင် ငထွေးတို့ကလေးများသည် လူကြီးများကြားတိုးဝှေ့ ကာ သင်္ကြန် ယိမ်း အကတိုက်သည်ကိုကြည့်ကြသည်။ အစ်ကို ကာလသားတို့ကလည်း
သူရို့ အပျိုများကို မျက်လုံးချင်းဆုံဖို့ တိုးဝှေ့ ကြည့်
ကြပြန်ပါသည်။ သင်္ကြန် မရောက်မီကပင် ယိမ်းအက
တိုက်သည်ကို ကြည့်ရသည်မှာ ပျော်စရာကောင်း
နေပါသည်။ ညနေခင်းမှ စ၍ အကတိုက်သည်မှာ
ည ၉နာရီ ၁၀နာရီ အချိန်ထိ ဖြစ်သည်။
ငထွေးတို့ ငယ်စဉ်က ခိုးဝှက် လုယက်မှုက အင်မတန်
နည်းလှသည်။ ငထွေးတို့ ကလေးတစ်သိုက် ည
အချိန်မတော် ပြန်သည့်အခါများတွင်လည်း ရန်ပြုသူ
မရှိပေ။ အော် သာယာခဲ့ပါ့ ဟိုးတစ်ချိန်က။
ဟိုယခင်က သင်္ကြန်ချိန်ခါ နီးခဲ့ပြီဆိုပါလျှင်
အနုပညာရှင်တို့က ခေါင်းမဖော်အောင် အလုပ်များ
ကြသည်။ ပန်တျာကျောင်းမှ အကနည်းပြများ၊
အကပညာရှင်များကို အလုအယက်သွားရောက်
ငှါးကြရသည်။ သူ့ မဏ္ဍပ် ကိုယ့်မဏ္ဍပ် အပြိုင်
အဆိုင်ကျင်းပကြသည်။ ယခုအခါမှာတော့
အနုပညာရှင်တို့က ပြည်သူ့ရှေ့မှောက်သို့
လာရောက်ဖျော်ဖြေပေးနေကြသည်။ သင်္ကြန်
ချိန်ခါရောက်တိုင်း ရုပ်ရှင် အနုပညာသည်များမှ
အသက်အရွယ်အလိုက် အမေများအဖွဲ့၊ မမများ
အဖွဲ့ ဖွဲ့ကာ ယိမ်းအကဖြင့် ပြည်သူတို့အား ဖျော်ဖြေတင်ဆက်ပေးသည်။ ငထွေးတို့ ရပ်ကွက်သို့
အမေများအဖွဲ့ လာရောက်ဖျော်ဖြေတင်ဆက်မှုကို
မှတ်တမ်းတင်ဖော်ပြပေးလိုက်ပါသည်။