မန္တလေးသင်္ကြန် အကျနေ့
အိမ်မှထွက်ပြီး ကျုံးဘေးလမ်းလျှောက်သင်္ကြန်
ကြည့်ဖို့ တူမပေါက်စနဲ့ထွက်ခဲ့တယ်
၂၈ လမ်းမှာ စပြီးတွေ့တယ်ဗျာ
များပြားတဲ့လူတွေ ဆိုင်ကယ်တွေ
ကားတွေ မနည်းကိုရှောင်တိမ်းပြီး
ကျုံးရှိရာ လမ်းလျှောက်ခဲ့ကြရတာ။
၂၆လမ်း ၇၈ လမ်းဒေါင့် မှာ မုခ်ဦးနဲ့
လမ်းလျှောက် သင်္ကြန်စတင်ပြီး
၆၆ လမ်းမှာ ဆုံးသည်ထင်ပါတယ်။
၆၆ လမ်းထိတော့ မလျှောက်နိုင်တော့ဘူးဗျ
ရေစိုပြီ ချမ်းလာလို့် နှစ်တိုင်း နန်းမြို့သူမဏ္ဍပ်
ထိသာလမ်းလျှောက်ပြီးပြန်လှည့်လာတာ။
စတုဒီသာမဏ္ဍပ်များကလည်းပေါမှပေါ
မြန်မာတွေ ကုသိုလ်ရေး လက်နှေးတဲ့သူတွေမဟုတ်ဘူးဆိုတာ
လက်တွေ့မြင်ရတော့တယ်။
အချိုရည်ဘူးဝေသူ
မုန့်လက်ဆောင်းဖျော်ရည်တိုက်သူ
ဧလမုန့်ဝေသူ
ထမင်းဘူးများဝေသူ
မုန့်ဟင်းခါးတိုက်သူတွေနဲ့
အင်မတန်စည်ကားပေါ့ဗျာ။
မှတ်မိပါသေး ၁၉၉၅ ခုနှစ်က
သင်္ကြ န် ပထမရက်မှာ
အခါလည်ကျော် (တစ်နှစ်ကျော်)
တူမလေးကို ချီပိုးပြီး
မီးရထားမဏ္ဍပ်မှာ ရေသွားကစားတာ
ကလေးက ဆော့ပြီး ပင်ပန်းတော့
အိပ်ပျော်သွားတယ်
ပုခုံးပေါ်တင်သိပ်ပြီး အိမ်ပြန်လာတာ
အိမ်ရောက်တော့ အစ်မက
သူ့ သမီးကိုနှိုးတာ ကလေးကအိပ်တာ
လှုပ်ပြီးနှိုးတာကိုမရဘူး။
ဟယ်...!!! ငါ့သမီးလေး
အသက် ရှိသေးလား ဒုက္ခပါပဲ
တစ်ကိုယ်လုံးလဲအေးစက်နေတာပဲဆိုပြီး
ထိုင်ငိုတော့တာဗျို့။
ကျုပ်လဲ ကလေးရဲ့ရေစိုအဝတ်အစားတွေချွတ်ပြီး
စောင်နဲ့နွေးထွေးအောင်ပတ်ပြီးသိပ်ထားလိုက်တယ်
တစ်အောင့်လောက်ကြာတော့ ခလေးနဖူးမှာ
ချွေးသီးလေးတွေ ထွက်လာမှ
ကျွန်တော်မှာ သက်ပြင်းချနိုင်ပါတော့တယ်။
ခလေးက ပင်ပန်းပြီးအိပ်တာပါအစ်မရာ
ကိုယ့်တူမကိုသေလောက်အောင်
ဆော့ခိုင်းပါ့မလား ဟူ၍သာ
ပြောဆိုနိုင်ပါတော့သည်။
သင်္ကြန်အကျနေ့ပုံရိပ်တွေုဖုန်းနဲ့မှတ်တမ်းတင်ဖို့ရာ
ရေစိုခံအိတ်ကမကြည်တော့
ပုံတွေက မကောင်းလှဘူး။
ကြည်တဲ့ပုံလေးတွေကြိုးစားပြီး
တင်ပေးလိုက်ပါတယ်။
အဝေးမှ steemit မိတ်ဆွေများ
မန်းသင်္ကြန်ပိုးလေး ထပါစေဖို့။