သောကြာနေ့ရောက်ပြီဆိုတော့ ထုံးစံအတိုင်း
စာတိုပိုစ့်လေးရေးသားရပြန်ပါပြီ။ ဒီအပတ်
ဘာအကြောင်းအရာရေးရမလဲ စဉ်းစားကြည့်တော့။
ဆရာနေဝင်မြင့်ရဲ့ စာပေဟောပြောပွဲမှာ ပြောဟော
သွားတဲ့ အကြောင်းအရာလေးတဆင့် ဖောက်သည်ချလိုက်ပါသည်။
ကျွန်တော်တို့ သတိထားမိကြပါသလား။
သံဃာတော်များနှင့် သီလရှင်ဆရာလေးများ၏
ဦးခေါင်းပေါ်သို့ တဘတ်လေးများတင်ထားကြ
သည်ကိုမြင်ဘူးကြပါလိမ့်မည်။ ထိုသို့ တဘတ်တင်သည့်အခါတဘတ်ကို ဦးခေါင်းပေါ်၌ အရှေ့နှင့်
အနောက်တင်ထားကြသည်။ ကျွန်တော်တို့၏
အမေကြီး၊ အမေ၊ဒေါ်ကြီးနှင့် ဒေါ်လေးတို့သည်
လည်း ဦးခေါင်းပေါ်သို့တဘတ်တင်၍ သွားလာ
ကြသည်။
ထိုသို့ ခေါင်းပေါ်သို့ တဘတ်တင်ရာတွင် အဓိပ္ပာယ်
ရှိပါသည်။ ခေါင်းပေါ်တွင် တဘတ်အား အရှေ့နှင့်
အနောက်တင်ပါက အလှူကိစ္စနှင့် အလှူအိမ်သို့သွား
ခြင်းဖြစ်သည်။ ခေါင်းပေါ်တွင် တဘတ်ကို ကန့်လန့်
ဖြတ်၍ တင်ထားပါက နာရေးအိမ်နှင့် မသာသွား
ရောက်ပို့ခြင်းဖြစ်ပေသည်။
Steemit အဖွဲ့သားတို့ ဗဟုသုတအလို့ငှါ မျှဝေခြင်း
ဖြစ်ပါသည်။