စာမရေးတော့ စာရေးဖို့ ပျင်းလာသည်။
ပိုစ့်တင်ပျက်ကွက်သည်မှာ 10ရက်ရှိပေသည်။
Steemit ကလည်း အပြောင်းအလဲ များစွာ
ဖြစ်ပေါ်နေသည်။ ကျနော်တို့၏ခေါင်းဆောင်
ကိုဟင် မှ ပြောထားသည် steem engine
မှ တိုကင်များကို ထုတ်ယူထားရန်၊ ပြောင်းလဲ
ထားကြရန် ပြောခဲ့သည်။
ကျွန်တော်မှာ steem engineမှ တိုကင်များ
ကို အကြိမ်ကြိမ် ထုတ်ယူခဲ့ပါသော်လည်း
မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် လက်လျှော့ထားခဲ့ပါသည်။ သို့သော် ကိုယ်ရရှိထားသည့်
တိုကင်လေးများကို သံယောဇဉ်မကုန်
ဖြစ်ရသည်။ ယခု steemit မှ hive
အပြောင်းအလဲကာလမှာ တိုကင်များကို
ပြည်လည်ရယူမိသည်။
မည်သည့်လိုအပ်ချက်တွေ ရှိနေသည်မသိ
ယခုထိ တိုကင်များကို ရယူနိုင်ခြင်း မရှိသေးပါ။
steemit မှ steem power များကို
ယမန်နေ့က ပါဝါဒေါင်းခဲ့သည်။ hive သို့
ပြောင်းလဲရန်ဖြစ်သည်။ ကိုဟင် သည်ပင်
steemit မှ steemများကို power down
ခဲ့သည်ဖြစ်သည်။
Steemit နှင့် Hive အပြောင်းအလဲမှာ
ဘာတွေဖြစ်မည်လဲဟု သိချင်စိတ်ဖြင့်
ညမိုးချုပ်သည့်တိုင်အောင် ဖုန်းကြည့်မိခဲ့
သည်။ ထို့ကြောင့် မျက်လုံးများလည်း
အညောင်းမိခဲ့သည်။ မျက်လုံးများ ဝေ့ဝါးစွာ
ဖြင့် Steemit နှင့် Hive အပြောင်းအလဲကို
စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့သည်။
Steemit နှင့် Hive ကြောင့်
Crytocurrency လောကမှာ
အတော်လေး လှုပ်ခတ်သွားမည်လားမသိ။
ဂျက်စတင်းဆန်းတော့ အတော်လေး
ခေါင်းစားသွားပေမည်။ ရှေ့ဆက်၍
မည်သို့ဖြစ်လာမည့်ကို ရင်ခုန်နေမိတော့
သည်။
ရင်တုန်ရင်ခုန်စေသော ဒီသင်္ကြန် အဲ မှားလို့
ရင်တုန်ရင်ခုန်စေသော steem & hive.