ကျွန်တော် သည် မာမာအေးသီဆိုထားသည့်
အလှူ့ရှင်၊ တုံးကျော်မ၊ လက်ရေတပြင်တည်း၊
ရွှေပြည်စိုးအစရှိသဖြင့် သီချင်းများကိုကြိုက်နှစ်
သက်ခဲ့သည်။ ကျွန်တော်ကြိုက်သည့် အခြားသော
သီချင်းများစွာလည်းရှိပါသေးသည်။ ငယ်စဉ်က
ထိုသီချင်းများကို ကျွန်တော်၏ဘေးအိမ်မှ
ကက်ဆက်ဖွင့်သဖြင့် အမြဲကြားနေခဲ့ရသည်။
ငယ်စဉ်ကတော့ သီချင်းများ၏ အဓိပ္ပာယ်ကို
မသိခဲ့ပါ။ ဒီအတိုင်း နားဖြင့်အမြဲကြား၍ နှုတ်မှ
ရွတ်ဆိုမိခဲ့သည်။
နောက်ပိုင်း အသက်ရ လာတော့ ထိုသီချင်းများ၏အဓိပ္ပာယ်ကိုသိရှိလာသည်။ သီချင်း
အဓိပ္ပါယ်ကိုသိရှိလာတော့ သီချင်းစာသား
လေးတွေကို ခံစားတတ်လာသည်။ စာသား
လေးတွေက တော်တော်အဓိပ္ပါယ်ပါတယ်၊
ခေတ်စကားနဲ့ပြောရရင်တော်တော်မိုက်တယ်ပေါ့။ ကိုယ့်အကြိုက်ပြောတာပါ။ ခုခေတ်ကလေး
တွေကတော့ ကြိုက်ချင်မှကြိုက်မှာပေါ့။
ဒါနဲ့ ထိုသီချင်းလေးတွေကို အင်တာနက်ကနေဒေါင်း
ပြီးနားထောင်မိသည်။ ကျွန်တော့်အမေကလည်း
ထိုသီချင်းလေးများကို ကြိုက်လေသည်။
ကျွန်တော် ဖွင့်ပါများတော့ ကျွန်တော့်တူမ
တက္ကသိုလ်ကျောင်းသူကပင် လိုက်ဆိုနေတော့
သည်။ တူမဖြစ်သူက ပထမတော့ သီချင်းက
ဘာတွေဆိုထားလဲမသိဘူးတဲ့။ နောက်မှ
သူမလည်းနားရည်ဝသွားပြီး သီချင်းကိုလိုက်ဆို
နေတော့သည်။
ထိုသီချင်းများကိုကြိုက်တော့ သီချင်းရေးသားပြုစု
ဖန်တီးသူ နန်းတော်ရှေ့ဆရာတင် အကြောင်းကို
သိချင်လာသည်။ ဘယ်လိုရှာရမလဲ၊ အင်တာနက်
ကနေရှာရမလား။ အင်တာနက်ကတော့မဖြစ်ဘူး
ဖုန်းစခရင်ကို အကြာကြီး ကြည့်ပြီးမှဖတ်ရမှာ
ဆိုတော့။ စာအုပ်သာဖတ်ချင်တာ ဒါမှ စိမ်ပြေနပြေ
ဖတ်ရမှာ ထို့ကြောင် နန်းတော်ရှေ့ဆရာတင်
အကြောင်းသိချင်စိတ်ကလေး စိတ်မှာဖြစ်မိသည်။
နန်းတော်ရှေ့ ဆရာတင်သည် မန္တလေးသားဖြစ်
သည်။ မန္တလေးသားဆိုသည်နှင့် ကိုယ်တွေက
ပိုသဘောကျမိသည်။ ဆရာတင်သည် မန္တလေး
အရှေ့ပြင် စကျင်ဝရပ်၌မွေးဖွားသည်။ သုံးတန်း
ကျောင်းသားအရွယ်မှပင် ပလွေမှုတ်လေ့ကျင့်ကာ
ဂီတကို ဝါသနာပါခဲ့သည်။ အသက်၂၂နှစ်အရွယ်တွင်
သူ၏ ပထမဆုံးလက်ရာများ၌ပါဝင်သော ”မယ်အေး
လေးက ပို့တဲ့မေတ္တာရည်” သံဆန်းသီချင်ရေးသား
ခဲ့သည်။ ထိုသီချင်းကို ယုဇနအေးစိန်ထံ သွား၍
သီဆိုပေးပါရန်တောင်းပန်ခဲ့သည်။ ထိုသီချင်းမှာ
အလွန်ကျော်ကြားခဲ့သည်။
ဆရာတင်သည် သင်္ခဏုပ္ပတ္တိဥာဏ်ရှိသူဖြစ်သည်။
သီချင်းရေးအလွန်မြန်သည်။ သီချင်းတစ်ပုဒ်ကို
ခိုင်းသူရှေ့တွင် တစ်ထိုင်တည်းရေးစပ်ပေးနိုင်သူ
ဖြစ်သည်။ ဆရာတင်က ဇာတ်မင်းသားကြီး
ဦးဖိုးစိန်နှင့်ပင် အပြိုင်နွဲခဲ့သူဖြစ်သည်။ ဆရာတင်
တွင် ဇနီး ၄ ယောက်နှင့် သားသမီး ၁၃ ယောက်ရှိ
သည်။ မြခြေကျင်းမငွေမြိုင် သင်ကြားပေးသည့်
ရွှေမန်းညွန့်လှိုင်၊ သားငယ် ရွှေနန်းတင်နှင့် သား
လူပြက်ဖိုးထောင်တို့က အနုပညာမျိုးဆက်များ
ရှိခဲ့သည်။
နန်းတော်ရှေ့ ဆရာတင် ရေးသားခဲ့သည့် သီချင်း
များအနက် လူသိအများဆုံးနှင့် အကျော်ကြားဆုံး
သီချင်းများမှာ မြခြေကျင်းမငွေမြိုင်နှင့် လေဘာတီ
မမြရင်တို့ သီဆိုရန်စပ်ပေးခဲ့သည့် သီချင်းများမှာ
အကောင်းဆုံးဖြစ်သည်။ ဆရာတင်၏ အခြား
ကျော်ကြားသောသီချင်းများမှာ သူဌေးဝါဒ၊
တက်ခေတ်သူဌေးဝါဒ၊ မြန်မာ့ဂုဏ်ရည်၊ ဆင်ကြီး
ဂဠုန်ချီ၊ မြနန္ဒာ၊ ရွှေမိုးညို၊ လက်ရည်တပြင်တည်း၊
ရွှေဘိုသူနှင့် မင်းဂံဘုတ် အစရှိသဖြင့် အောင်မြင်
ကျော်ကြားခဲ့သည့် သီချင်းများစွာရှိလေသည်။
ကျွန်တော်တို့မန်းလေးသားများက ကိုယ့်မြို့ကို
စွဲလန်းကြသည်မှာ ယခုအခါမှမဟုတ်ပါ။
နန်းတော်ရှေ့ဆရာတင် တို့ လက်ထက်ကပင်
ကိုယ့်မြို့ကိုယ့်ဒေသကို ခင်တွယ်ကြသည်။
ရွှေမိုးညို သီချင်းတွင်
”ရန်ကုန်မှာ မပြတ်နေချင်ပါတယ်၊
နတ်ပြည်ကြီးပါပဲ၊ဆိုကြပါစို့၊
သို့ပေမဲ့ ကိုယ့်မြို့ကိုယ်တော့
လွမ်းသေးတယ် ရိုးရိုးပဲဗျို့”
ကိုယ့်မြို့ကိုတော့ လွမ်းတဲ့အကြောင်းရေးသားထားသည်။ မင်းဂံဘုတ် သီချင်းမှာ ကျွန်တော်တို့သိထား
သည်က ဆရာတင်အိမ်ရှေ့မင်း ထန်းတောမှာ
ထန်းရည်သောက်ရင်း မူးမူးနှင့် ရေးထားသည်ဟု
ထင်ကြသည်။
”အသားတော်ဝင်းလို့ ဝါဝါရီလွင်၊ ကြည်ကြည်လင်
ရေကြည်သောက်ရင် မြင်ရမလောက်ပင်၊
လည်တိုင်သေး၊ နံဘေးကြည့်က
သာလို့ယဉ်”
အမှန်က မင်းဂံဘုတ် ရွာသူတွေက အဟဲ သွားကြည့်မှ သိရတာပေါ့ဗျာ။ ဆရာတင်သည် ၁၉၄၉ ခုနှစ်တွင်
ငှက်ဖျားရောဂါ၊ အရက်ဖြတ်ဒဏ်နှစ်ခုပေါင်း၍
ကွယ်လွန်သည်။ ဆရာတင် သေဆုံးစဉ်က မန္တလေး
မြို့သည် တိုက်ပွဲများဖြစ်နေသည်။ ဆရာတင်သည်
ခင်မကန်ကျောင်းတိုက်အောက် ခုတင်လေးပေါ်မှာ
ညဘက်တွင် ကွယ်လွန်ခဲ့သည်။ တိုက်ပွဲများ ခဏ
ရပ်ပေးသည့်အချိန် ကျောင်းရှိသံဃာ (၁၀)ပါးနှင့်
ဆရာတင်ကို သရဏဂုံတင်ပြီး အုတ်စက်သင်္ချိုင်း
သို့ တော်သလို မြုပ်လိုက်ရလေသည်။