2012ခန့်က ကျွန်တော်တို့အလုပ်၏ မော်တော်ယာဉ်ဌာနသို့ ကိုတင်သည် ကားသမား အဖြစ်ရောက်လာသည်မှာ မကြာသေးပေ။ကိုတင်သည် အရပ်ပုပု အသားဖြူဖြူ နှင့် အနဲငယ်ဝသော ကိုယ်ခန္ဓာရှိသူဖြစ်လေသည်။သူသည် စိတ်သဘောထားကောင်း လူပျိုကြီးတစ်ယောက်လဲ ဖြစ်လေသည်။
credit image source
မော်တော်ယာဉ်ဌာနတွင် ကိုတင်၏ အရင်ရောက်နှင့်သော ကိုမိုးဆိုသူရှိလေသည်။သူသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပြီး စတက် နောက်တက်သူလဲဖြစ်လေသည်။သူ၏အားသာချက်မှာ စနောက်လျှင် ရုပ်တည်ကြီးဖြင့် စတက် နောက်တက်လေသည်။ထို့ကြောင့် ကိုမိုး နောက်ပြောင်ခြင်းခံရသူသည် ချက်ခြင်း စမှန်း နောက်မှန်းမသိကြပေ။
မော်တော်ယာဉ်ဌာန၏ တစ်ဦးတည်းသော ယာဉ်အကူမှာ ကပ်ပလီ ဆိုသူဖြစ်သည်။သူသည် အမြဲလက်တစ်လုံးကြား လုပ်တက်သူဖြစ်လေသည်။စကားကိုလဲ ယောက်ျားခြင်း ကြိုက်လာအောင်ပင် အပြောကောင်းသူဖြစ်လေသည်။
မော်တော်ယာဉ်ဌာန၏ မော်တော်ယဉ်မှုသည် သက်(၆၀)ကျော်ရှိသော ဦးစိုး ဖြစ်လေ၏။သူသည် လူပု စိတ်တို တစ်ယောက်ဖြစ်သည့်အပြင် နှမြှောကြီးသူလဲ ဖြစ်လေသည်။ထိုကားသမား နှစ်ယောက် ယာဉ်အကူ တစ်ယောက်နှင့် မော်တော်ယာဉ်မှုတစ်ယောက်ပါဝင်သော လေးယောက်အဖွဲ့သည် အမြဲတမ်း ရီသံ မောသံ ဆဲသံ တို့ဖြင့် စည်ကားနေတက်လေသည်။
credit image source
ယ္ခုကျွန်တော်ပြောပြမည့် ပြသနာလေးကို စပြုသူမှာ ကပ်ပလီဖြစ်လေသည်။ကပ်ပလီသည် အရက်ကို သူ့ဆရာများ မသိအောင် အမြဲခိုးသောက်သူ ဖြစ်လေသည်။ထို့အပြင် သူသည်ဆေးလိပ်လဲကြိုက်၏။
တစ်ရက်တွင် ကပ်ပလီသည် ဆေးလိပ်အသောက်များ၍ ချောင်းဆိုးရက် ရှည်ဆိုးလေတော့သည်။ထို့ကြောင့် ကပ်ပလီသည် ဆေးခန်းပြ ထိုနေက အလုပ်မလာပေ။ဤတွင် ကိုမိုးမှ ကိုတင်အား ကပ်ပလီချောင်းဆိုတာ တီဘီ ဖြစ်နိုင်ကြောင်း ကိုမိုးလဲ ကပ်ပလီထံမှ ဆေးလိပ် တောင်းပြီး အတူတူ သောက်ခြင်းကြောင့် တီဘီရောဂါ စစ်သင့်ကြောင်းပြေားပြသည်။ကိုတင်မှ သူ ဒီလောက် ဝဖြိုးနေတာ တီဘီ မရှိနိုင်ဟု ငြင်းသည်။ကိုမိုးသည်"ခင်ဗျားကလဲ စစ်လိုက်ပါဗျာ…ပိုက်ဆံ ၂၀၀ လောက်ပဲ ကုန်မှာ…ပြီးတော့ အဖြေလဲ ချက်ချင်းသိတယ်"ဟုပြောလိုက်သည်။
credit image source
ကိုမိုး နှင့် ကိုတင်ပြောနေသော စကားကို ဦးစိုးကြားလျှင်
"ငမိုး… မင်းဟာက ဟုတ်လို့လားဟ…၂၀၀ နဲ့ တီဘီရောဂါ ရှိမရှိ ချက်ချင်း သိနိုင်တယ်လို့…တကယ်သိနိုင်တယ်ဆိုရင် ငတင် မင်းစစ်သင့်တယ်…ဆေးရုံသွားစစ်ရင် သောင်းနဲ့ချီကုန်တယ်…အခုက အကုန်ကျ သက်သာတဲ့အပြင် အဖြေပါ တခါထဲ သိရတယ်…"
"ဟုတ်တယ် ဦးစိုး တကယ် စစ်လို့ရတယ် ဆီးစစ်တဲ့ဟာ နဲ့ စစ်ရတာ…လူသိနဲသေးတယ် နောက်ဆုံးပေါ်နည်းဗျ"ဟု ဦးစိုးဘက်ကို မျက်စိ မှိတ်ပြရင်းပြောလေသည်။
ဤသည်ကို သဘောမပေါက်သော ဦးစိုးမှ "ဘယ်မှာ ဝယ်လို့ရလဲ…ငမိုး…မင်းကျောင်းပို့ရင်း…ငါ့အတွက် တစ်ခုလောက်ဝယ်ပေးပါ…"ဟု မှာလေသည်။
"ကိုတင် ခင်ဗျား ဝယ်မယ်ဆို ကျွန်တော် ကျောင်းပို့ရင်း တခါထဲဝယ်ခဲ့မယ်"
"အေးကွာ ပိုက်ဆံ ၂၀၀ နဲ့တော့ စစ်မယ်ကွာ"ဟု ပြောကာ ကိုတင်က ပိုက်ဆံ ၂၀၀ ထုပ်ပေးလိုက်လေသည်။
credit image source
ကိုမိုးသည် ဆီးစစ်တံ၏ အညွှန်းစာ ကို လမ်းတွင် လွှင့်ပြစ်ခဲပြီး ဆီးစစ်တံသာ အိပ်ထဲထည့်လာခဲ့သည်။ဤသို့ဖြင့် ကိုမိုး ကျောင်းပို့ ပြန်လာ သောအခါ ကိုတင်အတွက် ဆီးစစ်တံ တစ်ခု ပေးလေသည်။ဤသည်ကို ဦးစိုးမှ သူ့အတွက် မပါလာ၍ စိတ်ဆိုးလေသည်။ကိုမိုးမှ ဦးစိုးရာ မစစ်ပါနဲ့ ဦးစိုးက ဆေးလိပ်သောက်တာလဲ မဟုတ်ပဲနဲ့ ဟုပြောကာ မျက်စိမှိတ်ပြသည်။
ဤသည်ကို သဘောမပေါက်သေးသော ဦးစိုးမှ"မင်းဝယ်မပေးရင် ငါ့ဘာသာ ဝယ်မယ်ကွာ…ဒါလေးမှာတာတောင် ဝယ်မပေးချင်တဲ့ကောင် ငါနဲ့တွေ့အုံးမယ်"ဟု စိတ်ဆိုးမာန်ဆိုး ကြိမ်းလေသည်။"စိတ်မဆိုးပါနဲ့ ဦးစိုးရာ ကျွန်တော် အခုပဲ သွားဝယ်ပေးပါ့မယ်"ဟုပြောကာ တခါပြန်ဝယ်ပေးရလေသည်။ပြန်ရောက်သောအခါ ဆီးစစ်တံကို ပေးလိုက်လေသည်။
ကိုမိုးသည် ကိုတင်အား"အခု မစစ်သေးနဲ့အုံးဗျ…ဒီနည်ကို သူများကြွားရအောင် နေ့လည် ထမင်းစားပြီးမှ စစ်ဗျာ…သူများ မသိသေးတာ ခင်ဗျားသိတော့ ဆရာကြီးဖြစ်တာပေါ့…နေ့လယ် ထမင်းစားဆောင် လူစုံတဲ့အခါ ကြွားလိုက်ဗျာ"ဟုပြောလေသည်။ကိုတင်ကလဲ ကိုမိုး အကြံကို သဘောကျကာ လက်ခံလိုက်တော့သည်။
"ဦးစိုး ဆီးစစ်တော့ဗျာ"ဟု ဆီးစစ်တံကို ကိုင်ကာ စစ်နည်းပြောပြလေသည်။ကိုတင်လဲ စိတ်ဝင်တစား လိုက်ကြည့်လေသည်။
"စစ်နည်းကဒီလိုဗျ…ဦးစိုး ဆီးကို ခွက်တစ်ခုထဲထည့်… ပြီးရင် ဆီးစစ်တံကို ဒီမျဉ်းမကျော်နှစ်လိုက်…ပြီးရင် ကျွန်တော့ဆီ ပြန်လာခဲ့"ဟုပြောကာ ဆီးစစ်ခိုင်းလိုက်တော့သည်။
ထို့နောက် ဦးစိုးသည် ဆီးစစ်ပြီးသောအခါ ဆီးစစ်တံလေးကိုကိုင်ကာ ကိုမိုးထံ ပြန်ရောက်လာခဲ့သည်။
"ငမိုး ငါစစ်ပြီးပြီ…ငါ့မှာ တီဘီ ရှိမရှိ ဘယ်လိုသိရတာလဲ…အစက ဒီအနီ မျဉ်းလေး မပေါ်ဘူး …အခုပေါ်လာတယ်…"
"ဦးစိုးမှာ တီဘီ မရှိပါဘူး ရှိရင် အဲ့အနီးမျဉ်းလေး ၂ ခုပြတာ…အခုက တစ်ခုထဲဆိုတော့ မရှိဘူး"ဟုပြောလိုက်သည်။ဦးစိုးသည် သူမှာ တီဘီရောဂါ ရှိမရှိကို ခဏနှင့် သိရသည့်အတွက် သဘောအကျကြီးကျနေတော့သည်။
ဤသို့ဖြင့် နေ့လယ် ထမင်းစား ချိန်ရောက်လာသောအခါ ကိုမိုးနှင့် ကိုတင် ထမင်းစားဆောင်သို့ ထွက်လာခဲ့သည်။ထမင်းစားဆောင်ရောက်သောအခါ လူအတော်စုံနေပြီဖြစ်သည်။ကိုတင်သည် ထမင်းစားဆောင်ထဲမှ သူများအား"ခင်ဗျားတို့ မသိသေးတဲ့ တီဘီရောဂါစစ်တဲ့ နည်းသစ်ပြောပြမယ်……ဒီမှာကြည့်"ဟုပြောကာ ဆီးစစ်တံကို ထုပ်ပြလေသည်။ထိုဆီးစစ်တံ အကြောင်းသိကြသော အိမ်ထောင်သည် အမျိုးသား အမျိုးသမီးတို့ ပြုံးကြလေသည်။ဆီးစစ်တံအကြောင်းသိသော အချို့ အပျိုလေးများက မျက်နှာလွှဲသွားကြသည်။ကိုတင်သည် စာဖိုဆောင်တာဝန်ခံ အဒ်ါကြီးသွားကြွားပြန်သည်။ထိုအခါတွင်တော့ ခေါင်းခေါက်ခြင်း ခံရလေတော့သည်။အဒ်ါကြီးသည် ခေါင်းခေါက်ပြီးသည်နှင့်
"ဟဲ့ ငတင် အခုနင်ပြတာ ဘာလဲသိလား"
"တီဘီရောဂါ စစ်တဲ့ဟာလေ ကြီးမေ"
"ဘယ်ကလာ ဟုတ်မှာလဲဟဲ့…အဲဒါက မိန်းကလေးတွေ ကိုယ်ဝန် ရှိမရှိစစ်တဲ့ဟာ…နင့်ကို တီဘီစစ်လို့ရတယ်လို့ ဘယ်သူပြောတာလဲ"
"ကိုမိုးပြော ကြီးမေ"
"နင်မို့လို ငမိုးပြောစကား ယုံတယ်…သူက ရုပ်တည်နဲ့ ချောက်တွန်းတက်တာ နင်းလဲသိသားနဲ့…"
credit image source
ကိုတင်သည် စာဖိုဆောင် အဒေါ်ကြီးပြောမှ အကြောင်းစုံ သိရသောအခါ လွန်စွာရှက်သွားကာ ကိုမိုအား ကောင်းစွာ ကြိမ်ဆဲလေတော့သည်။ထို့နောက် ကိုမိုးအား ရန်လုပ်ရန်ကြည့်သောအခါ ကိုမိုးမရှိတော့ပေ စားဖိုဆောင် အဒေါ်ကြီး စကားများကြားထဲက ထမင်းမစားပဲ ပြန်သွားလေပြီဖြစ်သည်။
ကိုတင်၏ သတင်းသည် အခြားမသိသေးသူများ ထံသို့ လျှင်မြန်စွာ ပြန့်သွားလေတော့သည်။ညနေ ဖယ်ရီပို့သောအခါ ကောင်မလေးများမှ"ကိုတင်…ဆီးစစ်တာ ဘာအဖြေရလဲ"ဟုဝိုင်းစကြသည်။ကိုတင်မှာ ရက်လွန်း၍ မျက်နှာကြီးရဲကာ လူကြီးရှက်တော့ရယ် ဆိုသကဲ့သို့"တဟဲဟဲ"ရယ်၍သာ နေလေတော့သည်။ထိုနေ့မှစ၍ ကိုတင်၏ နာမည်သည် အမည်ပေးကင်ပွန်းတက် မလုပ်ရပါပဲ"ဆီးစစ်တံ"ဟူ၍ တွင်သွားလေတော့သည်။