ကလေးဘဝဟာ အပူပင်ကင်းကင်းနဲ့ ဆော့ကစားနေကြတာ မြင်ရသူကြည်နူးစရာပါ ။
တနေကုန်မီးပျက်တာပြီး ရာသီဥတုအပူဒဏ်ကမြင့်တော့ လူကြီးတွေက ပူအိုက်လို့  အေးရာလှည့်ပတ်နေထိုင်ကြပေမယ့် သားငယ်လေးက သူ့ ညီဝမ်းကွဲလေးနဲ့ ပူမှန်းမသိ ပူတာကိုမေ့လျော့ပြီး ဆော့နေတာပါ ။
သိပ်မဆော့နဲ့ ပူလွန်းအိုက်လွန်းတယ် နားပြီးဆော့ကြလို့  ကျမပြောပြီး လုံးဝမဆော့စေတာမျိုးတော့ မတားချင်ဘူး ။ ငယ်တုန်းမှာ ခုလိုဆော့ကစားနိုင်တာ အရွယ်ရောက်လာတာနဲ့အမျှ လုပ်ရမည့်တာဝန်လေးတွေ ကိုယ်စီရှိလာကြရင် မဆော့အားတော့တာကို ကျမသိနေလို့ ပါ ။
အရွယ်ရလာပြီး အချိန်အားလို့ လည်း အခုသားငယ်တို့ ဆော့သလိုမျိုး ကုန်းပိုးပြီး ဆင်လုပ်တန်းဆော့ကစားတာနဲ့က ဆော့ချင်ရင်တောင် မသင့်တော်တာမျိုးပါ ။ ဒါကြောင့် မတားခဲ့တာပါ ။
ကလေးဘဝ ဖြတ်သန်းဘူးပြီဖြစ်သောကြောင့် ပြန်မရနိုင်ပေမယ့် သားငယ်တို့ ကိုကြည့်ပြီး ပြန်ပြီးသတိ ရမိပါရဲ့ရှင် ။
@အယ်းမီး ( author )