သားသားကို သူ့ အမက လက်ပ်တော့ဝယ်ပေးတော့ ကျောင်းကပြန်လာတိုင်း တနာရီဂိမ်းကစားခိုင်းတယ် ။ ဂိမ်းဆော့နေတော့ သားရှဥ့်နဲ့ ကစားချိန်ကို မေ့သွားတယ်ပေါ့ ။
သူနဲ့ကျောင်းကပြန်လာတိုင်း ဆော့နေကျ မဆော့ဘဲ လက်ပ်တော့ကိုင်နေတော့စိတ်တိုလာဟန်တူပါတယ် ။ သားသားကို နောက်ကတွယ်ကပ်ပြီး နှောက်ယှက်တော့တာပါဘဲ ။
သားသားက အဝတ်အစားလဲ မျက်နှာသစ်ပြီးဆော့မယ်ပြောပြီး သူနဲ့မဆော့ဘဲ မသိဟန်ဆောင်ပြီးနေပြတော့ နောက်ကနေ ပြန်တက်ပြီး ဟိုကိုက်ဒီကိုက်လုပ်နေတော့တာပါ ။ တအားလည်တဲ့ သားရှဥ့်ပါ ။ ချစ်စရာလဲကောင်းသလို သူတို့ ကြည့်ပြီး ရီနေရတယ် ။
တိရိစ္ဆာန်လေးတွေဆိုတာ အလွန်သနားစရာကောင်းပါတယ် ။ လူကကျွေးမှစားရတဲ့ဘဝမျိုးပါ ။ သဘာဝအရရှာစားတတ်ကြတတ်ကြတာမှန်ပေမယ့် လူနဲ့အနေနီးပြီး လူနဲ့အကျွမ်းတဝင်ရှိလာအောင် နေတတ်အောင်ကျ သင်ပေးမှရသလို သင်ပေးရင်လဲတတ်ကြတော့ ချစ်စရာလည်းကောင်းပါတယ် ။
@အယ်းမီး ( author )