အဖွဲ့အသင်းတခုမှာ အများသူငါက ကောင်းပေမယ့် မကောင်းတဲ့သူတဦးတယောက်ဟာ ပါလာတတ်စမြဲပါဘဲ ။
ဆွမ်းဆန်ထဲ ကြွက်ချီးရောနေတတ်တယ်ဆိုတဲ့ စကားလိုပါဘဲ ။ ဆွမ်းဆန်ထဲရောနေတဲ့ကြွက်ချီးကို ကိုယ်က ဆွမ်းမချက်ခင် မြင်အောင် သတိထားကြည့်ပြီး ဖယ်ရှားသင့်မှပါ ။ သတိမထားဘဲ ဆွမ်းဆန်ကို အပေါ်ယံကြည့်ပြီး ကြွက်ချီးရောနေတာ မမြင်ဘဲ ဆွမ်းဆန်ကိုချက်မိလို့ ကတော့ ဆွမ်းတအိုးလုံး လွှင့်ပစ်ရတတ်ပြီး ဆုံးမှာပါ ။
တဦးတယောက်ထဲမဟုတ်တဲ့ အဖွဲ့အသင်းအတွက် မည်သူမဆို အများအကျိုးကိုကူညီပါဝင်နိုင်ကြတယ် ဆိုတော့ကား လူတန်းစားမရွေး အလွှာပေါင်းစုံက အကျင့်စရိုက်မျိုးစုံရှိတဲ့သူ အစုံအကုန်ပါဝင်နိုင်မှာပါဘဲ ။
ပထမဦးစွာ သူများကို မည်သို့ မည်ပုံရှိမည်ကို မဆုံးဖြတ်ခင် မိမိကိုယ်ကို အရင်ပြန်စစ်ပါ ။ မိမိက ဘယ်လိုစိတ်ထားနဲ့ အများအကျိုးကို သယ်ပိုးသလဲဆိုတာ မိမိသာအသိဆုံးပါ ။
မိမိကိုယ်ကိုဆန်းစစ်ပြီးမှ သူများမည်သို့ သောစိတ်ထားနှင့် ရည်ရွယ်၍ အများအကျိုးကို ဆောင်ရွက်ရန် ပါဝင်ခဲ့သလဲဆိုတာကို သုံးသပ်ပါ ။
အားလုံးသော စတီးမစ်လုပ်ကိုင်ကြသူများ မင်္ဂလာပါ ။
@အယ်းမီး