မိုးအုံ့ အုံ့ မှာ ရွာကို ခနအလည်ပြန်လိုက်ပါသေးတယ် ။ ပြီးခဲ့တဲ့ ၂နှစ်က မိုးသီးဒဏ်ကြောင့် သံပုရာပင်တွေနဲ့သရက်ပင်တွေက အတော်အထိနာခဲ့ပြီး မနှစ်က အသီးမရခဲ့ပါဘူး ။
သံပုရာနဲ့ရှောက်ပင် အသစ်တွေထပ်စိုက်ရတဲ့ထိပါဘဲ ။ ဒီနှစ်တခါ အသီးတွေနဲ့ ပြန်ဝေလာလို့  စိတ်ချမ်းသာနေတုန်းရှိသေး မုန်တိုင်းသံကြားတော့ ကိုယ့်ရှိတဲ့အပင်လေးတွေကို စိတ်မချဖြစ်ရလို့  ရွာကိုပြေးကြည့်ရတော့တာပါ ။
ဒီအပင်လေးတွေက မိသားစုအတွက် စားဝတ်နေရေး ထောက်ပံ့နေတော့လဲ ပျက်စီးမှာစိုးရိမ်မိတာပါ ။ သရက်သီးကတော့ မုန်းတိုင်းလွတ်တယ်ပြောရမှာပေါ့ ။ အသီးတွေလဲ ကုန်လုနီးနီးဖြစ်နေပါပြီ ။ သရက်ပင်ကို လာဝယ်တာ မရောင်းလိုက်မိတာ မှန်သွားတယ်ဆိုရမယ် ။ ဒီလမှ ခူးရောင်းတာ ပိုပြီးရတော့ ကျေနပ်မိတယ် ။
ကိုယ့်သံပုရာနဲ့ရှောက်ပင်ဘာမှမဖြစ်တာ တွေ့ရတော့ စိတ်အေးသွားတယ် ။ သားငယ်လေးက ခြံထဲက ထန်းသီးခူးခိုင်းပြီး အမတွေစားဘို့  သယ်လာခဲ့သေးတာ ။ ရွာရောက်အမှတ်တရပေါ့ ။
ရွာလို့ ခေါ်နေပေမယ့် မန်းလေးနဲ့က သိပ်မဝေးလှပါ ။ မီးက ခုထိမရသေး မန်းလေးနဲ့နီးနေလို့ ဖြစ်မယ် ။ ခြံစောင့်တွေရဲ့ တဲထဲပြေးဝင်ပြီး သားငယ်လေးက တော့ဓလေ့ရေးပါလား မာမီဆိုပြီး မီးဖိုကို ဓာတ်ပုံရိုက်လာလို့  တောဓလေ့ ကိုယ့်ရွာအကြောင်း နောက်မှရေးတင်မယ်ဆိုပြီး သူရိုက်ထားတဲ့ မီးဖိုပုံကို အခုတင်ပေးမယ် နှစ်သိမ့်ပြီး တင်ပေးလိုက်ပါတယ် ။ တော့ဆိုတော့ တောအလိုက်သဘာဝပေါ့ ။
@အယ်းမီး ( author )