ထွန်းသစ်စလရောင်နဲ့အတူ ကောင်းကင်ယံမှကြယ်ကလေးတွေ စုံလင်စွာဖြင့် တောက်ပနေကြသည်။ တိတ်ဆိပ်နေသော ညဦးယံနှင့်အတူ ပုဇဉ်းရင်ကွဲလေးများ ဖားလေးများဟာ မိုးဥတု၏ တေးသံသာများအဖြစ် တွန်ကြူးနေကြည်။ အနောက်တောင်ဘက်မှ တိုက်ခတ်လာတဲ့ လေပြည်ညှင်းလေးနဲ့အတူ ခြံထဲမှာစိုက်ထားသော ညမွှေးပန်း စံပါယ်ပန်းရနံ့လေးများကလည်း နှာခေါင်းဝမှာ ကွန့်မြူးကျီစယ် နေကြသည်။
ဒီညအဖို့ကောင်းကင်ယံမှာ ကြယ်လစုံလင်စွာထွက်ပေါ်နေတဲ့အတွက် မိုးကတော့ ရွာလိမ့်မည်ဟု မထင်တော့ပါ။ မနက်ဖြန်မနက်ဆိုလျင် ကျမလို တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသူ/သားတွေအတွက် မင်္ဂလာရှိတဲ့နေ့ရက်
လေးရောက်လာမှာမို့ ရာသီဥတုသာယာ ပေးတာဟု ကိုယ့်အတွေးနှင့်ကို ကြည်နူးနေမိပါသည်။
မိမိကြိုးစားခဲ့သမျှလေး အရာထင်ခဲ့ပါက များမကြာမှီတောက်ပလာမည့် အနာဂတ်တစ်ခုကို စိတ်တိုင်းကြခြယ်သခွင့် ရမည့်အတွေးလေးဖြင့် ကျမပျော်နေမိပါသည်။ ကိုကိုယ်တိုင်လဲအချိန်များစွာအကျိုးရှိရှိ အသုံးချခဲ့တာဖြစ်လို့ ကိုယ့်ရဲ့ ကြိုးစားမှု့ရလတ်ကိုဘယ်လိုပဲဖြစ်ဖြစ်
လက်ခံနိုင်တဲ့အတွက် ရှည်လျားလှတဲ့ဒီတစ်ညတာကို အံတုရင်း မိုးသောက်ယံကိုသာ
မြန်မြန်ရောက်ချင်နေမိပါတော့သည်။
ကျောင်းသူ ကျောင်းသားများ အတွက်
မိုးရာသီမှာ ကျောင်းစတတ်ရလို့ ပျော်ရွင်ရသလို
ကျမတို့လို တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူတွေ အတွက်လဲ Jun / July မှာ စာမေးပွဲ အောင်စာရင်းထွက် တဲ့ကာလဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားကြရပါတယ်။မိသားစုထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျမကို အဖေနဲ့အမေဟာ "တစ်မိပေါက် တစ်ယောက်ထွန်း" ဆိုတဲ့ စကားပုံအတိုင်း အရမ်းကို အားထားခဲ့ကြပါတယ်။ ငယ်စဉ်ကတည်းက အနေအေးပြီး စာကြိုးစားတဲ့ ကျမကို အဖေနဲ့အမေက အချစ်ပို ခဲ့ကြပါတယ်။ ကျောင်းစာတွေတင်သာ မကပဲ အပြင်စာပေတွေဖြစ်တဲ့ မြတ်မင်္ဂလာ စာဆောင်မှစပြီး ကာတွန်းစာအုပ် ဘိုဘိုရုပ်ပြစာအုပ် ရွှေသွေးစာစောင် စတဲ့စာပေမှန်သမျှ ဖက်ဖို့ မပြင်းတဲ့ ကျမကို ဘယ်သူတစ်ဦး တစ်ယောက်ကမှ စာကျက်ဖို့ မတိုက်တွန်းခဲ့ရပဲ ကိုယ့်အသိနှင့်သာ ကြိုးစားလာခဲ့ပါတယ်။
ကျမမိဘတွေဟာ အသက်ကြီးပြီး ပင်ပင်ပန်းပန်း စီးပွားရှာနေရတာကို စာနာမိတဲ့အတွက် ကျမလုပ်နိုင်တဲ့ တာဝန်ကို ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ မူလတန်းမှ အထက်တန်းအထိ နှစ်စဉ်နှစ်တိုင်း ကြေပွန်အောင် ထမ်းဆောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ဒါကြောင့်ယနေ့ခေတ် တက္ကသိုလ်ဝင်တန်း အများစု
သင်ထောက်ကူ ဆရာ ဆရာမများ အကူညီဖြင့် ကျောင်းသင်ခန်းစာများကို အိမ်မှာ ပြန်လေ့လာနေကြပေမယ့် ကျမကတော့ မသိနားမလည်တဲ့ သင်ခန်းစာတွေကို ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေ ကိုမေးရင်း တစ်နေ့စာတစ်နေ့သာ ပုံမှန်ကြည့်ခဲ့ပါတယ်။ ကိုယ့်မိဘ အခြေနေကို ကိုယ်အသိဆုံးဖြစ်တာရော ငယ်ငယ်ကတည်းကိုက ကိုယ်တိုင်လေ့လာရတဲ့ 'self-study' ကိုအားသန်ခံတာရော ဖြစ်တဲ့အတွက် မလိုအပ်ပဲ မိဘတွေကို အပိုငွေမကုန်စေခဲ့ပါဘူး။ ဆရာဝန်ဖြစ်ချင်တဲ့ ကျမကတော့ တစ်ဆယ်တန်း တစ်နှစ်ပတ်လုံ သူအျားတွေထက် အအိပ်ပျက်ခံ အစားပျက်ခံ ကြိုးစား ခဲ့တဲ့အတွက် အောင်စာရင်းထွက်မယ့် မနက်ဖြန်အတွက် ပိုရင်ခုန် ပိုစိတ်လှုပ်ရှားနေမိတာပါ။ မနက်စောစော အောင်စာရင်း သွားကြည့်ရမှာမှို့ စောစောအိပ်ဖို့ အမေက တိုက်တွန်းခဲ့သော်လည်း ကျမကတော့ အိပ်မပျော်နိုင်ခဲ့ပါဘူး။ မနက်မိုးလင်းပိုင်းရောက်မှတစ်ရေးအပ်ပျော်သွားခဲ့တာပါ ။ "အောင်ပြီဟေ့ ဂုဏ်ထူးနဲ့ကို အောင်တာကွ" ဟုရက်ကွက်ထဲမှ အောင်စာရင်းကြည့်ပြီးပြန်လာတဲ့ သူငယ်ချင်းတွေရဲ့ အော်သံတွေကြောင့် ကျမ အိပ်ယာမှ လန့်နိုးသွားခဲ့ပြီး အမေနဲ့အတူ အောင်စာရင်းကြည့်ဖို့ အမြန်ပြင်ဆင်ပြီး ထွက်ခဲ့ပါတယ်။
ကျောင်းရောက်တော့ များပြားလှတဲ့ လူအုပ်တွေကို တိုးဝှေ့ရင်း ကျမခုံနံပါတ် ရှိနိုင်လောက်တဲ့ blackboard နေရာကိုကြည့်လိုက်တဲ့ အခါမှာတော့ သချာင်္မှစပြီး ဇီဝဗေဒ အထိ လေးခုသော ဂုဏ်ထူးတွေ တန်းစီနေတဲ့ ကျမခုံနံပါတ်လေးကို တွေ့လိုက်ရပါပြီ။ ဝမ်းသာလွန်းလို့ အထက်အောက် မမှာရအောင် အသေခြာ ကြည့်ခဲ့ပြီး အမေနဲ့အတူ ပြန်လာခဲ့ပါတယ်။ အပြန်လမ်းမှာတော့ ပျော်ရွှင်လွန်းလို့ ကျမကို "ဟဲ့ ဖြေးဖြေးလျှောက်ပါ ဟဲ့ "ဟုပင်အမေးက ပြောမှသတိထားမိတော့ပါတယ်။ ကျမရည်မှန်းထား ဆရာဝန်အမှတ်မှီခဲ့ ပါက ဆေးကျောင်း တတ်ခွင့်ရမည့် အတွေလေး နှင့်ပျော်မိနေသလို "တစ်မိပေါက် တစ်ယောက်ထွန်း" သွားပြီးဟုသော အတွေးဖြင့် အမေလည်း ဂုဏ်ယူနေမည်ထင်ပါသည်။ အတွေးကိုစီဖြင့် ကျမတို့ သားအမိ အိမ်မှမိသားစု ထံသို့ပြန်လာခဲ့ကြပါသည်။
မူရင်းရေးသားသူ