အမေမဆုံးခင်က အိုးမင်းရင့်ရော်ပြီးဝေဒနာတွေခံစားနေရတဲ့ အမေ့ကိုကြည့်ပြီရင်း အမေဟာအမေပါပဲကို ရင်မှာ အထပ်ထပ်ပြောနေမိပါတယ်။အမေသွားတွေမရှိတော့လို့ မျက်စိကမှုန် ဆံပင်ကဖြူ ပါးရေတွေတွန့် နေလည်း သမီးအဖို့တော့ အမေဟာအရမ်းကိုလှပါ့နေပါသည်။သတိတွေကင်းလွတ်ပြီးလမ်းမလျောက်နှိုင်တော့တော့တဲ့ အမေ့ကိုစိတ်မကောင်းခြင်းများစွာဖြင့် သနားဂရုနာသသက်နေမိပါသည်။ဗိုက်ဆာခြင်းမဆာခြင်းကိုလဲမသိ နာကျင်ခြင်းမနာကျင်ခြင်းကိုလဲ မသိ ရှာပဲ ချီးပါသေးပေါက်ပြောဖို့ဆိုတာဝေးလို့ ပေသီးပုတီးလေး လည်မှာဆွဲပေးထားတာတောင်ဘာလုပ်ရမှန်းမသိတဲ့ ကျောက်ရုပ်ထုလို ခံစားမှု့ ကင်းမဲ့တဲ့ အမေ့ပုံရိပ်ကို သမီးမကြည့်ရက်နိုင်ဘူး အမေ။တခါတရံ ဆိုသမီးကိုကို အမေ့သားကိုပင် သတိမေ့တဲ့ အမေက အမေ့ယောကျာင်္း အမှတ်ဖြင့် အဖေ့နာမည် ဦးမောင်ရှင် ကိုစိတ်စွဲကာ ကိုကို အပြင်မှပြန်လာလျင်ပြောတတ်သည် "ကိုမောင်ရှင် ရှင်ကဘယ်တွေလျောက်သွားနေတာတုန်း" ဟုပြောလေ့ရှိပြီး ကိုကို့ ကိုလဲ အမြဲလိုပင် ကိုမောင်ရှင်ဟုသာ ခေါ်တတ်သည် ။ အစပိုင်းမှာတော့ လူပျိုပေါက် ကိုကိုလဲ ရှက်စာဖြင့်မနှစ်မျို့သော်လဲ အမေစိတ်သက်သာစေရန်အလို့ငါ ကိုမောင်ရှင်ဟု အမေကခေါ် လိုက်တိုင်း မျက်ရည်လေး စန်းစန်းဖြင့် ကိုကိုက အဖေ လေသံဖြင့် အင်း ဟုထူးတတ်လာပါသည်။
၉၀ နားကပ်နေတဲ့အမေ့ကို မျက်နှာသစ် အဝတ်လဲ ခြေသည်း လက်သည်းလှီးပေးလို့ အမေကြိုက်တတ်တာလေးတွေ ကြွေးခဲ့ရတာကလည်း သမီးအဖို့တော့ ပီတိတွေပါပဲ အမေ။လမ်းမလျောက်နိုင်တော့လို့ အမေ့ကို မောင်နှမ ၂ ယောက်တွဲ ပြီးရေချိုး ပေး သနပ်ခါးလိမ်းပေးခွင့်ရခဲ့တာကလည်း အမှတ်ရစရာ တွေထဲက တစ်ခုပါပဲ အမေ။ ငယ်ငယ်က သမီးအငယ်ဆုံးလေးကိုရေချိုးသနပ်ခါးလူးပေးခဲ့သလိုမျိုး အမေ့ကိုသမီး လုပ်ပေးနေတာတွေကို အမေသာ အသိအာရုံတွေပြန်ကောင်းပြီးသတိတွေရှိမယ်ဆိုရင် အမေကြေနပ်ကြည်နူးနေမှာပါ။
သတိရတယ် အမေ အမေဆိုနေကြသီချင်းသံတွေကြားတိုင်း သနပ်ခါးအဖွေးသား နဲ့ အမေ့မျက်နှာကိုပဲပြေးမြင်မိပါတယ်။ရေမွှေးနံ့ပေါင်ဒါ နံ့တွေရှူ ရှိက်မိတိုင်း အမေ့ကိုယ်သင်း နံ့ကိုတမ်းတမိပါတယ် အမေ။သက်ကြီးရွယ်အိုတွေမြင်တိုင်းအမေလားလို့ယောင်ရမ်းပြီးလိုက်ကြည့်မေမိတယ်အမေ။အမေးကောင်းရာဘုံဘဝမှာပျော်ရွှင်အေးချမ်းပြီး သမီးပြောတာတွေကြားနိုင်ပါစေ အမေ။