" စေတနာကောင်းရင် ကံကောင်းမယ် " ဒီစကားဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကြ စကားဖြစ်ပါတယ်။ ဒီစကားလေးဟာအတော်ကို မှန်ကန်ပါတယ်။
ကျွန်တော်ပတ်ဝန်းကျင်မှာ အောင်မြင်ပြီး နာမည်ရနေသူအများစုဟာ စေတနာကောင်းကြသူများဖြစ်ပါသည်။ သို့ပေမယ့် အချို့စေတနာကောင်းမေမယ့် ဘာနာမည်မှမရ၊ ဘာကျော်ဇော်မှုမှမရှိဘဲ လူတွေရဲ့ အမေ့အလျော့ခံရင်း နေသွားကြသူတွေလည်းရှိပါတယ်။ ဥပမာ ကျနော်တို့ငယ်စဉ်က ကျောင်းမှာ ကျောင်းသားတွေရဲ့ အမုန်းကိုခံပြီး ရိုက်နှက်ပြောဆိုဆုံးမ၍ ပညာအမွေတွေပေးခဲ့ရှာသော ဆရာ၊ဆရာမတွေ့ပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာ အဲ့ဒီ ဆရာ၊ဆရာမ အပေါက်ဆိုးတယ်၊ အသေဆော်တယ်ဆိုတာကိုပဲ ကျနော်တို့ တတွတ်တွတ်ပြောခဲ့ကြတယ်။ အဲ့ဒီ အပြုအမှုတွေ နောက်ကွယ်က ဆရာ၊ဆရာမတွေရဲ့ တပည့်တွေအပေါ်ထားတဲ့ စေတနာကို ကျနော်တို့ မရှာတွေ့ခဲ့ကြပါဘူး။ ဒီဆရာ၊ဆရာမတွေရဲ့စေတနာတွေကို ကျနော်တို့ နားမလည်ခဲ့ကြဘူး။ တန်ဖိုးထားရကောင်းမှန်းမသိခဲ့ကြဘူး။
သူတို့၏ စစ်မှန်သော စေတနာ မေတ္တာတွေကို ကျနော်တို့ အခုအချိန်ထိ ရရှိခံစားနေရတုန်းပါ။ ဒါပေမယ့် သူတို့ကတော့ မထင်မရှားဘဝလေးမှာပဲ ရှင်သန်ရပ်တည်သွားနေရရှာတယ်။ ဘယ်သူကမှ ဒီစေတနာ့ရှင်တွေကို ထူးထူးခြားခြား ကျေးဇူးပြုခဲ့တာမျိုးလည်းမရှိပေ။ သူတို့်ကလည်း ပညာတွေသင်ပေးခဲ့တဲ့ ငါတို့ကိုပြန်ပြီး ကျေးဇူးဆပ်ပါလို့ တောင်းဆိုခဲ့တာမျိုးလည်း မရှိပါ။
ဒီဆရာ၊ ဆရာမတွေမှာ ထူးထူးခြားခြားအောင်မှုတွေမရှိပေမယ့်လည်း သူတို့်ရဲ့ ဖြူစင်တဲ့ စေတနာတွေကြောင့် ဘဝကို အပူအပင်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေနိုင်ရင်း ဖြတ်သန်းသွားခဲ့ကြပါသည်။ သူတို့ဟာ အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတွေ၊ စီးပွားရှေးပညာရှင်ကြီးတွေ မဖြစ်ခဲ့ပေမယ့် ကံကောင်းခဲ့ကြသူတွေပါ။
မိမိတို့ အားလပ်တဲ့အချိန်လေးတွေမှာ ဒီဆရာ၊ဆရာမတွေနဲ့ သွားတွေ့သင့်ပါတယ်။ သူတို့်နဲ့ အဆက်အသွယ်အမြဲထားပါ။ သက်ကြီးရွယ်ကြီးတွေဟာ ပစ္စည်းဥစ္စာ ရွှေငွေတွေထက် သူတို့နဲ့ စကားတွေဖောင်ဖွဲ့ပြီးပြောတဲ့ စကားပြောဖော်ကို ပိုပြီးလိုလားကြပါတယ်။ ဒါကြောင့် သူတို့အတွက် ဘာမှ လုပ်မပေးနိုင်ရင်တောင် သူတို့အနားမှာထိုင်ပါ။ ငယ်စဉ်က စာသင်ခန်းထဲကပုံရိပ်တွေ အပြစ်ပေးခဲ့ပုံတွေ အကြောင်း ပြန်ပြောပြပါ။ နောက်ပြီး သူတို့ဟာ သူတို့်ရဲ့လိုအပ်ချက်တွေ ဘာလုပ်ချင် ဘာစားချင်တယ်ဆိုတာကို ဖွင့်ပြောခဲပါတယ်။ ဒါကြောင့် မိဘ၊ဆရာသမား၊ သက်ကြီးရွယ်အိုတွေဆီသွားရင် သူတို့လိုအပ်မယ်ထင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ သင့်တော်မယ် အစားအသောက်တွေ ဝယ်ခြမ်းသွားပါလေ။
မိတ်ဆွေတို့လည်း "အမေ့လျော့ခံ စေတနာရှင်များကို" အကောင်းဆုံး ကျေးဇူးပြုနိုင်ကြပါစေ......ဗျာ။
Author By Jhon
MSC-046
Photo Source