ဥရောပနိုင်ငံတွေ၏ ဘောလုံးလိဂ်ပြိုင်ပွဲတွေကို အမြဲစောင့်မျှော်ကြည့်ရှူ ကြသူတိုင်း သူ့ကို သိကြမယ်ထင်ပါတယ်။ သူကတော့ ယခု 2017/18ဘောလုံးရာသီမှာ အရှိန်အဟုန်ဖြင့် ထွန်းတောက်လာသည့် ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။
သူ့နာမည်အပြည့်အစုံကတော့ MOHAMED SALAH (မိုဟာမက် ဆာလတ်)ပဲဖြစ်ပါတယ်။ သူဟာ အီတလီအသင်းကြီးတစ်သင်းဖြစ်တဲ့ ရိုးမားအသင်းကနေ လီပါပူးအသင်းသို့ ပြောင်းရွေ့လာခဲ့ပြီး လီပါပူးအသင်းမှာ အောင်မြင်နေသူပဲဖြစ်ပဲတယ်။
သူဟာ လီပါပူးအသင်းကို စတင်ရောက်ရှိကတည်းက အသင်းနှင့် အံဝင်ဂွင်ကျဖြစ်ခဲ့ပြီး ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ လီပါပူး အသင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့ပြီး ဘောလုံးလောကရဲ့ ထိပ်တန်း ကစားသမားတွေဖြစ်ကြတယ့် Messi , Ronaldo တို့ကို ကျော်တက်ပြီး လိဂ်ပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးသွင်းယူထားနိုင် ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
ဆာလတ်ဟာ ပြီးခဲ့တဲ့ ချံပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ ရိုးမားအသင်းနဲ့ပွဲစဉ်မှာ အသင်းဟောင်းဖြစ်တဲ့ ရိုးမားအသင်းဘက်ကို သူကိုယ်တိုင် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းဖော်တွေ ဂိုးရရှိအောင် နှစ်ကြိမ်တိတိ ဖန်တီးပေးခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ လီပါပူးအသင်းဟာ ဆာလတ်၏ သွင်းဂိုးတွေနှင့်အတူ ရိုးမားအသင်းကို 5ဂိုး-2ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချံပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းတွေ ရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။
နောင်လာမည့် ချံပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဆာလတ် ဘာတွေ လုပ်ပြနိုင်မှာလဲ.....?
လီပါပူးအသင်းကကော နှစ်ရှည်လများစွာ ဝေးကွာနေခဲ့ရသည့် ချံပီယံလိဂ်ဆုဖလားကြီးကို သိမ်းပိုက်နိုင်ပါ့မလားဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်လို့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်........။
ရေးသားသူ
MSC-046