မိုးသည် နေရောင်ခြည်ပင်မမြင်ရအောင် နေ့စဉ်ရက်ဆက် ရွာသွန်းနေခဲ့သည်။ မိုးရေလုံလောက်စွာ ရရှိသဖြင့် သစ်ပင်ဝါးပင်တို့လည်း စိမ်းလန်းစိုပြည်လာပြီး အပင်ငယ်များသည် မြေပြင်အတွင်းမှ တိုးထွက်လာကြသည်။ မိုးရွာပြီးခါစဖြစ်၍ သစ်ရွက်သစ်ခက်များပေါ်တွင် မိုးရေစများ တွဲခိုနေခိုက် လေပြင်းတစ်ချက်ဝှေ့လိုက်ရာ သစ်ရွက်များပေါ်မှ ရေစများလည်း မြေပြင်သို့ အနှောင်အဖွဲ့ကင်းစွာ လွင့်စင်ကျသွားလေသည်။
မြေကြီးပေါ်သို့ ကျဆင်းသွားသည့် မိုးရေစများနှင့်အတူ ကျွန်ုပ်တို့အသုံးပြုနေကြသည့် Cryptocurrency ဈေးကွက်ကြီးဟာလည်း အနီရင့်ရောင်သို့ပြောင်းလျက် သုံးလအတွင်းအဆိုးရွားဆုံး coinဈေးကျဆင်းမှုကြီးဖြစ်ပေါ်လျက်ရှိနေပါသည်။ ဈေးကျဆင်းမှု၏ ရိုက်ခတ်မှုဟာအတော်ကို ပြင်းထန်ပါသည်။ အချို့ကတော့ ဈေးတွေထိုးကျလို့ စိတ်ပျက်ပြီိး Cryptocurrency လောကကို စွန့်ခွာသွားခဲ့ကြသူတွေလည်းရှိကြပါတယ်။ အချို့ကတော့ ဈေးကျတာကို အခွင့်ကောင်းယူပြီး coinတွေဝယ်စုပြီး ဈေးတက်ရင်ပြန်ရောင်းချမည်ဟု ရည်ရွယ်ထားကြသူတွေလည်း ရှိကြပါတယ်။ အချို့ကျွမ်းကျင်သူတွေကတော့ Cryptocurrencyတွေကို အရောင်းအဝယ်လုပ်ခြင်းဟာ စိတ်မရှည်သူတွေဆီက ငွေကို စိတ်ရှည်သူတွေဆီကို ပို့ပေးခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။
တကယ်တော့ ကျွန်တော်တို့တတွေဒီလို Cryptocurrencyတွေအပေါ်မှာ ရင်းနှီးမြှုတ်နှံထားတာဟာ လေပေါ်မှာ အိမ်ဆောက်နေတာနှင့်သာတူပါတယ်။ ဘာမှ အာမခံချက်မရှိပါဘူး။ ကျွန်တော်တို့မှာ coinတွေဝယ်စုထားတယ်သာပြောတာ ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင်ပြစရာဟူ၍မရှိ။ အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အကယ်၍ ဈေးတွေ အောက်ဆုံးအထိထိုးကျသွားပြီး ကျွန်တော်တို့် ရင်းနှီးထားတဲ့ ငွေတွေဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး။ ဘယ်သူ့ကိုမှသွား၍ တရားစွဲလို့လည်းမရပါဘူး။ ထို့ကဲ့သို့ အာမခံချက်တွေမရှိပေမယ့်လည်း ဒီCryptocurrency တွေနှင့် အကျိုးအမြတ်တွေရရှိပြီး အဆင်ပြေနေကြသူတွေလည်း ရှိကြပြန်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ ဒီအွန်လိုင်းငွေကြေးတွေကို မစုဆောင်းသင့်ပါဘူးလို့တော့ မပြောလိုပါဘူး။
အကယ်၍ Cryptocurrency တွေကို စိတ်ပါဝင်စား၍ ဝယ်စုချင်တယ် ရင်းနှီးမြှုတ်နှံချင်တယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်းရှင်ကြီး Warren Buffett ပြောခဲ့တဲ့ အောက်ပါအဆိုအမိန့် များကိုတော့ အမြဲခေါင်းထဲထည့်ထားပါ။
" ခြင်းတစ်ခြင်းထဲမှာ ကြက်ဥတွေ အားလုံးကို စုမထည့်ပါနှင့်"
"ရေအတိမ်အနက်ကိုမသိပဲ ခြေနှစ်ချောင်းလုံး စုံခုန်မဆင်းပါနှင့်"
ဒီအဆိုအမိန့်များကိုတော့ အကျယ်တ၀င့်ရှင်းပြမနေတော့ပါဘူး။ အွန်လိုင်းပေါ်မှာငွေရင်းနှီးတာမှမဟုတ်ပါဘူး ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်အလုပ်မှာဖြစ်ဖြစ် ရင်းနှီးမြှုတ်နှံတော့မယ်ဆိုရင် အထက်မှာ တင်ပြခဲ့တဲ့ စကားနှစ်ခွန်းကို လက်ကိုင်ထားမယ်ဆိုရင် သင်ငွေကြေးဆုံးရှုံးမှုတွေကို အတန်အသင့်လျော့ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကြီးပွားတိုးတက်ကြပါစေ။
Author By Jhon
MSC-046
Photo By Google Image