ကျွန်တော်တို့ဟာ လူမှန်းသိတတ်စအရွယ် တည်းက လေ့လာသင်ယူမှု (Learning)ကို အရင်ဆုံး ပြုလုပ်ကြရတာဖြစ်ပါတယ်။ ငယ်စဉ်တောင်ကျေး ခလေးဘဝမှာတည်းက ထမင်းဘယ်လိုစားရမယ်၊ လမ်းဘယ်လိုလျှောက်ရမယ်၊ အပေါ့အလေးဘယ်လိုစွန့်ရမယ် စသဖြင့် ဘဝနေထိုင်မှုဆိုင်ရာ နည်းစနစ်တွေကို အရင်ဆုံးသင်ယူခဲ့ကြရပါတယ်။ အနည်းငယ်အသက်အရွယ်ကြီးလာတာနှင့် မူကြို ၊ မူလွန်၊ အလယ်တန်း၊ အထက်တန်း စသဖြင့် ဘဝအတွက်လိုအပ်သည့် ပညာရပ်တွေကိုလည်း လေ့လာစည်းပူးခဲ့ကြရပါတယ်။ ထို့ထက်အသက်ရွယ်ရလာသည့်အခါ ဘဝရှင်သန်ဖို့ရာအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုလည်း သင်ယူကြရပြန်ပါတယ်။
ကျွန်တော်တို့တွေ သင်ယူနေတာဟာ မွေးကတည်းကဆိုပါတော့။ အခုချိန်ထိလည်း သင်ယူမပြီးပြတ်နိုင်သေးပါဘူး။ ဟုတ်ပြီ။ အဲ့တာဆို ဘယ်အချိန်မှ ဒီသင်ယူမှု (learning) ဟာ ပြီးဆုံးမှာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ အဲ့ဒီအဖြေကတော့ ရှင်းပါတယ်။ ကျွန်တော် ခေါင်းဆောင်ကြီးတွေ၊ ဆရာသမားတွေလည်းအမြဲပြောလေ့ရှိပါတယ် "ပုခက်အတွင်းမှ သင်္ချိုင်းအတွင်းထိ လေ့လာသင်ယူနေပါ" ။ တစ်နည်းဆိုရလျှင်တော့ 'မွေးကတည်းက သေသည်အထိ' လေ့လာသင်ယူနေရမယ်၊ learning လုပ်နေရပါမယ်။
လေ့လာသင်ယူနေမှုကို ရပ်တန့်လိုက်လျှင်ဘာဖြစ်မလဲ။ လေ့လာမှုရပ်တန့်လိုက်ရင် အဲ့ဒီသူဟာ အခြားသူများနောက်မှာ ကျန်ရစ်နေခဲ့ပါလိမ့်မယ်။ အောင်မြင်ချင်သူတစ်ယောက်၊ ကြီးပွားချင်သူတစ်ယောက်ဟာ သူနဲ့ ပတ်သက်ဆက်နွယ်နေတယ့် အလုပ်၊ အသက်မွေးဝမ်းကြောင်းပညာရပ်တွေမှာ လေ့လာသင့်ယူမှုကို အမြဲအစဉ်တစိုက်လုပ်နေရပါမယ်။ အောင်မြင်ကြီးပွားချင်သူဟာ ကိုယ်သိထား၊ တတ်ထားတဲ့ အကြောင်းအရာတွေအပ်ါမှာဘဲ ကြိုးစားနေရုံနဲ့မလုံလောက်ပါဘူး။ နည်းပညာအသစ်တွေ၊ ပညာရပ်အသစ်တွေကို တတ်မြောက်အောင်လေ့လာပြီး အဲ့ဒီအရာတွေအပေါ်မှာလည်း ကြိုးစားအားထုတ်သင့်ပါတယ်ဆိုတဲ့ အကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
စတီးမစ် မိသားစုဝင်အားလုံး ကြီးပွားတိုးတက်ကြပါစေ.......။
လေးစားလျက် ရေးသားသူ Jhon
MSC-046
Photo By GoogleImage