ကျနော့ဘဝရဲ့ တစ်နေ့တာဖြတ်သန်းခဲ့တဲ့အကြောင်းတွေ ပြောမယ်ဆိုရင် ဒီကောင့်အကြောင်းကတော့ မပါမဖြစ် ပါပဲ။
ဒီကောင့်ကို မနှစ်ကတွေ့ခဲ့တာပေါ့။ အဲ့တုန်းက အခုပုံထဲကလို စိုစိုပြေပြေမဟုတ်သေးဘူးပေါ့။ အစာရေစာပြတ်လပ်ပြီး ပိန်ခြောက်နေခဲ့တာ။ အခုတော့ ဒီကောင်လေး အေးအေးဆေးဆေးဖြစ်နေပါပြီ...။
ဒီကောင်က တကယ့် ကြောင်ငပျင်းပါ။ တစ်နေ့တစ်နေ့ စားလိုက်၊ အိပ်လိုက်နဲ့ ဘာကြွက်မှ မခုတ်ဘူး။ ဘယ်တတ်နိုင်မလဲ ကိုယ်က ဒီငပျင်းကိုမှ သံယောဇဉ်တွယ်နေမိတော့လည်း ဒီလိုပဲ ကျွေးကျွေးပြီး ချစ်နေရတာပေါ့ဗျာ.....။ အခုတော့ စားစားပြီး ဗိုက်က မြေကြီးနဲ့ကပ်နေပြီ။ ဒီတိုင်းဆို မလွယ်ပါဘူး GYM တစ်ခုခုမှာသွားပြီး ဝိတ်ချခိုင်းအုံးမှာပါ....ဟွင်း..ဟွင်း။