ဆော့ဖ်ဝဲလ် review တွေပဲရေးနေတာ အပြောင်းအလဲဖြစ်သွားအောင် ဒီတစ်ခါ ရုပ်ရှင်ဇတ်ကားလေးတစ်ကားအကြောင်း review ရေးပေးပါမယ်....။
အခု reviewရေးမည့် ဇတ်ကားမှာ ဘောလီဝုဒ် ရုပ်ရှင်ကားတစ်ကားပင်ဖြစ်ပါသည်။ ကျွန်တော် ဘောလီဝုဒ် ရုပ်ရှင်ကားများ ကြည့်ခဲလှသည်။ ဘာကြောင့်လဲဆိုတော့ ဘောလီဝုဒ် ရုပ်ရှင်တော်တော်များများဟာ ဇတ်အိမ်၊ဇတ်လမ်းကောင်းပေမယ့် အကအလှတွေ အလွန်အကျွံ သုံးစွဲထားတာကို ကျနော်ကတော့ သိပ်မကြိုက်ဘူး...။ အိန္ဒယရုပ်ရှင်ကားတွေမှာ မင်းသားမင်းသမီးနဲ့ နောက်ကလူနှစ်ဆယ်လောက်က ဟိုရမ်းဒီရမ်း ယွစိယွစိနဲ့ က နေတာတွေက ဇတ်လမ်းရဲ့ အရသာကိုပေါ့သွားစေတယ်လို့ ကျနော်ကတော့ထင်မိပါတယ်။
ကျနော့်အကိုမှ "မင်းဒီကားကြည့်ကြိလိုက် ဇတ်လမ်းရိုးရိုးအေးအေးနဲ့ အရမ်းကောင်းတယ်" ဟု ပြောလာသောကြောင့် ကျနော်လည်း မကြည့်ချင်ကြည့်ချင်နှင့် ကြည့်လိုက်လေသည်။
ဒီဇတ်ကားဟာ အခု 2018မှ အသစ်ထွက်ရှိထားတာဖြစ်ပြီး Hindi (ဟင်ဒီ) ဘာသာစကားဖြင့် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇတ်ကား အမည်ကတော့ " Hichki " ပါ။
ဇတ်လမ်းထဲမှာ မွေးရာပါ အကြောဆွဲရောဂါ ခံစားနေရသည့် အသက်30အရွယ် အမျိုးသမီး တစ်ဦးအကြောင်းကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။ သူမဟာ ကျောင်းဆရာမအရမ်းဖြစ်ချင်ပေမယ့် သူမ၏မွေးရာပါ အကြောဆွဲတတ်သည့် ရောဂါအခြေအနေကြောင့် ဘယ်ကျောင်းကမှ သူမကို လက်မခံခဲ့ပေ။ နောက်ဆုံးတွင်တော့ သူမငယ်ငယ်ကတက်ခဲ့သည့် ကျောင်းတစ်ကျောင်းမှာပင် ကျောင်းဆရာမအလုပ်ရခဲ့သည်။ ထိုကျောင်းတွင် သူမစာစသင်ရမည့် အတန်းမှာ တစ်ကျောင်းလုံးမှ အဆိုးဆုံးအညံ့ဆုံးဆိုသည့် ကျောင်းသားများ စုထားသည့် အတန်းဖြစ်လေသည်။ ကျောင်းသားများ၏ ဒုက္ခပေးပုံများနှင့် ထိုကျောင်းသားများအပေါ် သူမ၏ အကောင်းမြင်တတ်သော စိတ်သဘောထားများကို ပေါ်လွင်အောင် ဖော်ပြထားပေသည်။
ထိုဆိုးသွမ်းလှသည့်ကျောင်းသားများကို နောက်ဆုံးတွင် ထူးချွန်ထက်မြက်သည့် ကျောင်းသားလေးများဖြစ်လာအောင် သူမစွမ်းဆောင်ခဲ့ပုံများမှာ အတုယူစရာကောင်းလှပေသည်။ ဒီဇတ်လမ်းထဲတွင် မိမိဘဝပေးအခြေအနေပင်ရှိနေပါစေ မိမိရည်မှန်းချက်ကို တစိုက်မတ်မတ် လုပ်ဆောင်သွားသည့် စိတ်ဓာတ်နှင့် ဘေးပတ်ဝန်းကျင်မှ ပြောဆိုတိုက်ခိုက်လာသည်များကို အကောင်းမြင်ဝါဒဖြင့် ဖြေရှင်းပုံများ၊ ကလေးဆိုးလေးများကို မည်သို့မည်ပုံ ဆက်ဆံရမည်များကို သရုပ်ဖော်ရိုက်ကူးထားပေသည်။ ရုပ်ရှင်ကြည့်ရာတွင် စိတ်ဝင်စားမှုနည်းသွားမည်ဆိုး၍ ဇာတ်လမ်းအသေးစိတ်ကို မဖော်ပြလိုပါ။ ကိုယ်တိုင်သာ ကြည့်ကျိလိုက်ပါခင်ဗျာ......။
Download Link:https://channelmyanmar.org/hichki-2018/
ရေးသားသူ - Jhon Jhon
MSC-046
Photo Source