Online Game နှင့် လူငယ်များ
ယနေ့ခေတ် လူငယ်တွေ၊ ဆယ်ကျော်သက်အရွယ်တွေကို ကြည့်လိုက်တာနှင့် တွဲပြီး မြင်တွေ့နိုင်တာက Online Game ဆိုတာပါပဲ။ လ္ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ဝိုင်းဖွဲ့ထိုင်ပြီး စားကြ၊ သောက်ကြ၊ ဆဲကြ၊ ဆိုကြနှင့် ဘဝ၏ အဖိုးတန်အချိန်တွေကို ဒီ Game တွေနှင့်အတူ ကုန်ဆုံးနေကြသည်ကို မြင်ရတာ အတော်ကို စိတ်မချမ်းမြေ့စရာပါပဲ။
ဒီ Online Game တွေဆိုတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ ဂိမ်းကစားသူတွေကို အချိန်တချိန်တည်းမှာ အတူတူဆော့ကစားနိုင်အောင် ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။ ဒီ Online Game ထုတ်လုပ်သည့် ကုမ္ပဏီတွေဟာ သူတို့ Game ကို လူတွေ ဆော့ပြီးရင်းဆော့ချင်အောင် ဘယ်တော့ မပြီးဆုံးနိုင်သည့် Levelတွေ တစ်ခုပြီးတစ်ခု ထည့်သွင်းထားကြတတ်သည်။
လူငယ်ဆိုသည်ကလည်း စူးစမ်းချင်သည့် သဘောရှိသည်။ အခြားသူဘာလုပ်လဲ လိုက်လုပ်ချင်သည်။ သူများဘာစားလဲ လိုက်စားချင်ကြသည်။ အဲ့ဒီမှာပဲ ဒီလိုGameတွေနှင့် တွေ့ဆုံမိပြီး မဆော့ရ မနေနိုင်အောင်ဖြစ်သွားတတ်သည်။ ဒီ Online Game တွေဟာ မူးယစ်ဆေးဝါးများကဲ့သို့ပင် တစ်ကြိမ်တစ်ခါ စမ်းဆော့ကစားကြည့်ရုံနှင့် စွဲလန်းသွားတတ်သည်။ အချို့လူငယ်တွေ ဤGame ကစားခြင်းကို အလွန်ကြီးကျယ်သည့် အလုပ်ကြီးတစ်ခုလို မှတ်ယူပြီး နေမအားညမနား ဆော့ကစားကြလေသည်။ ဆေးဆွဲသလိုပဲ ဆော့ခါစတော့ အဆင်ကိုပြေလို့။ နောက်ပိုင်း တစ်နေ့တစ်နေ့ တကုတ်ကုတ်နှင့် အထိုင်များလာခြင်းကြောင့် တဖြည်းဖြည်း အာရုံကြောများ ချည့်နဲ့လာပြီး ဆေးရုံပေါ်ရောက်သွားရသူတွေ မနည်းလှပေ။ အချို့တွေဆို စိတ်ကျန်းမာရေး ဆေးရုံတောင် သွားပြရတဲ့ အထိ ဂိမ်းကြောင် ကြောင်သွားသူတွေလည်း ရှိပါသည်။
လူတိုင်း လူတိုင်းမှာ ကိုယ့်ကိုပိုင် လွတ်လပ်ခွင့်နဲ့ကို ရှိတာကြောင့် ဒီGame ကစားခြင်းကို မကောင်းဘူး၊မလုပ်နဲ့လို့ မပြောလိုပါ။
ဒီGame ကစားခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကြောင့် ခဏတစ်ဖြုတ် စိတ်ပြေလက်ပြောက် ဆော့ကစားရုံပဲ သင့်တော်ပါတယ်လို့ အကြံပြုရင်း နိဂုံးချူပ်ပါရစေ.....။
Author By Jhon
MSC-046
Photo Source