ကျွန်တော်တို့မှာ နေ့စဉ်အလုပ်ချိန်တွေ တာဝန်ချိန်တွေရှိပေမယ့်လည်း အဲ့ဒီအချိန်တွေကုန်ဆုံးသွားရင်တော့ ကိုယ်ပိုင် အားလပ်ချိန်၊ အနားယူချိန်တွေဆိုတာလည်းရှိပါသည်။
အခုတင်ပြပေးမှာက အဲ့ဒီအားလပ်ချိန်တွေမှာ ဘယ်လိုတွေပြုမှုနေထိုင်သင့်သလဲ၊ ဘာတွေလုပ်သင့်လဲဆိုတာပါ။
ကျွန်တော်တို့ဟာ နေ့စဉ် မနက်8နာရီလောက်ကနေ ညနေ5,6နာရီအထိ မတူညီတဲ့ အလုပ်ခွင်အသီးသီးမှာ ပုံစံမျိုးစုံနဲ့ လုပ်ကိုင်နေကြပေသည်။ ညနေပိုင်းအလုပ်သိမ်းပြီ ရုံးဆင်းပြီဆိုတာနဲ့ အားလုံး အားလပ်သွားကြပြီ။ ထိုအချိန်တွေဟာ ကိုယ်ပိုင်အချိန်တွေဖြစ်သဖြင့် မိမိစိတ်ကြိုက်နေနိုင်ပေသည်။
ထိုညနေခင်း အားလပ်ချိန် များမှာ အမျိုးသားအများစုကတော့ ယမကာဆိုင်များ ကာရာအိုကေဆိုင်များတွင် အချိန်ဖြုန်းရင်း တစ်နေ့တာ အမောတွေကိုဖြေဖျောက်ကြလေသည်။ အချို့ကတော့ မိသားစုနှင့်အတူ Tv Video ကြည့်ရင်းအေးချမ်းစွာ အနားယူကြသည်။
တကယ်တော့ ဒီိလိုအားလပ်ချိန်တွေမှာ အလဟာသ အချိန်ဖြုန်းနေတာထက် မိမိအတွက်အကျိုး ဖြစ်စေမည့် အလုပ်တစ်ခုခုပြုလုပ်နေသင့်ပါသည်။
ထိုညနေခင်းအားလပ်ချိန်တွေထဲက တစ်နာရီခန့်ထုတ်ပြီး အားကစားတစ်ခုခုလုပ်တာတို့်၊ စာဖတ်တာတို့၊ ဘာသာစကားအသစ်လေ့လာတာတို့ စသဖြင့် မိမိကိုအကျိုးရှိစေမည့်
အလုပ်တစ်ခုခုလုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်ကတော့ နေ့စဉ် ကျနော့အားလပ်ချိန်တွေထဲကနေ အချိန်အချို့ဖဲ့ထုတ်ပြီး Steemit မှာ အသုံးချလျက်ရှိပါတယ်....။
စတီးမစ် မိသားစုအားလုံးလည်း တန်ဖိုးရှိတယ့် ညနေခင်း အားလပ်ချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေဗျာ......။
Author By Jhon
MSC-046
Photo Credit Google Image