Unicode
ချစ်စရာမြန်မာ့ဓလေ့ထုံးစံအများအပြားရှိကြ
ရာဝယ်ဗုဒ္ဓဘာသာဝင်တို့၏ရှင်ပြုအလှူမင်္ဂလာ
သည်လည်းတစ်ခုအပါအဝင်ဖြစ်လေရာထို
ရှင်ပြုအလှူများကိုဗုဒ္ဓဘာဝင်နိုင်ငံများနှင့်ဗုဒ္ဓ
ဘာသာကိုစတင်ကိုးကွယ်ကြသောနေရာများ
၌သာတွေ့ရပါလိမ့်မည်။မြန်မာတို့၏သဒ္ဓါတရား
သည်ကမ္ဘာ့အလယ်တွင်သုံးနှစ်ဆက်တိုက်ဗိုလ်
စွဲခဲ့သည်မှာအံ့သြဖွယ်ရာမဟုတ်ပါပေ။ထိုကဲ့
သို့အလှူပေးကျောင်းဆောက်စေတီတည်သည့်
ကုသိုလ်အမှုကြီးများအားဗုဒ္ဓဘာသာဝင်တိုင်း
သာမကလူတို့၏ရှင်သခင်ရေမြေ့ရှင်ဖြစ်ကြ
သောမင်းအပေါင်းတို့ကလဲစွမ်းစွမ်းတမံပြုလုပ်
ကိုးကွယ်ခဲ့ကြလေသည်။
ထို့ကြောင့်သာလျှင်
မြန်မာဟုခေါ်ဆိုသောကျွနု်ပ်တို့နိုင်ငံ၌ဗုဒ္ဓစေ
တီတော်များနှင့်ကမ္ဘာအမွေနှစ်စာရင်းဝင်ဘုရား
ပုထိုးများ များစွာကျန်ရှိခဲ့ပေသည်။အံချီးဖွယ်ရာ
မြန်မာတို့၏ရှေးဦးကာလအလှူတန်းများနှင့်ကုသိုလ်
ကောင်းမှုတို့သည်အထုအထည်ကြီးများခဲ့ကြသည်
မှာယနေ့သရေခေတ္တရာမြို့ဟောင်းအတွင်း၌ရှိသော
ဘောဘောကြီး၊ဘဲဘဲကြီးဘွဲ့တော်ရှိသည့်အစရှိ
သောပုထိုးတော်ထူပစေတီတော်ကြီးများကသက်
သေတည်နေသည်ပင်မဟုတ်ပါလား။မြန်မာတို့၏
အလှူအတန်းများသည်တစ်နှစ်ပတ်လုံးရှိကြသည်
သာဖြစ်သည်။အိမ်သစ်တက်ပရိတ်ရွတ်မင်္ဂလာပြု
လုပ်သောအခါများ၌လည်းကုသိုလ်ပြုကြသည်။
ဝါဆိုသင်္ကန်းကပ်ချိန်၌လည်းလှူဒါန်းကြပြန်သည်။
ရဟန်းသံဃာတော်များဝါဆိုပြီးသည့်အခါ၌ကထိန်
ခင်းလှူဒါန်းကြပြန်ရာ၌လည်းအားတက်သရောအ
လှူပေးကြလေသည်။သာသနာတော်သွင်းသို့ုမြတ်
စွာဘုရား၏သားတပြည့်များအဖြစ်ပို့ဆောင်သော
ရှင်ပြအလှူများမှာလည်းဗုဒ္ဓဘာသာဝင်ဖြစ်သော
မြန်မာတို့၏ပြုနေမြဲကုသိုလ်ဝတ်တို့သည်ယခုချိန်
ခါရောက်သည်နှင့်သားရတနာဆိုလျှင်ရှင်သာမ
ဏေပြုစေ၍သမီးရတနာဆိုပါမူသီလရှင်ပြုကြ
လေသည်။
![IMG_20171017_103354.jpg](
ထိုဓလေ့သည်တောရွာများတွင်မူနွေ
ရာသီမှသာပြုလုပ်ကြလေသည်။ထိုအခါ၌အလှု့
ရှင်အလှူ့မတို့မှာစပါးပေါ်ပြီးဖြစ်၍ရရှိလာသော
စပါးကိုရောင်းချပြီးလျှင်ရှင်ပြုအလှူမင်္ဂလာများ
ပြလုကုသိုလ်ယူကြပြန်သည်။စပါးဈေးကောင်း၍
အဆင်ပြေပြီးဆိုပြန်လျှင်အလှူကြီးများကိုပြုလုပ်
၍သားရှင်လောင်းများမှာမြင်းစီး၍ရွာစဉ်လှည့်
လှည်ကြရသည်မှာပျော်စရာအလွန်ကောင်းပြန်
လေသည်။သမီးရတနာသီလရှင်လောင်းကလေး
များမှာမူနွားယဉ်လည်းကလေးကိုစီး၍ဆံကေ
သာကျော့ကျော့ကလေးဖြင့်အလွန်လှပပြန်သေး
သည်။စပါးပေါ်ချိန်၌စပါးဈေးများမကောင်းပါ
ကလည်းရှိသမျှလေးဖြင့်ရွာဦးကျောင်းဆရာတော်
ဆီသို့သွားရောက်၍တိုင်ပင်ကာသင်္ကန်ပရိက္ခရာ
များနှင့်သာအကျဉ်းချုံးကုသိုလ်ပြကြသည်သာ
ဖြစ်ပါသည်။မြို့များမှာလည်းထို့နည်းနှင်နှင်ပဲထင်
မြင်မိသည်။သီတင်းကျွတ်အခါကာလ၌ကထိန်များ
ဖြင့်ဆက်တိုက်ပြုကြသည်ဖြစ်၍ရှင်ပြုအလှူသည်
နည်းပါးလှသေးသည်။နွေရာသီတွင်မူတစ်လှူပြီး
တစ်လှူစည်ကားနေသည်မှာမဟာမြတ်မုနိဘုရား
ကြီးဝယ်ကြိတ်ကြိတ်တိုးလျက်ရှိလှလေသည်။
ယခု
ခေတ်ရှင်ပြုအလှူများသည်ယခင်ကလောက်ရှင်သာ
မဏေအကြီးများမပါတော့ပေ။ရှင်လောင်းကလေး
များငယ်ငယ်ရွယ်ရွယ်နှင့်သင်္ကန်းမှနိုင်ပါလေစဟု
ထင်မြင်ရပါသည်။ယခင်အချိန်ကမူလူရွယ်ကြီးကြ
သောကြောင့်ဆယ့်နှစ်ဆယ်သုံးဆိုလျှင်အတော်ထွား
ကြလေသည်။ရှင်သာမဏေပြုချိန်၌သင်္ကန်းအား
ရဟန်းတော်ဝတ်လဲမဟုတ်စေရ။သာမဏေဝတ်
အသေးများနှင်လည်းမတော်၍အလယ်အလတ်
လောက်များနှင့်သာကိုက်ညီ၍ထိုကဲ့သို့သင်္ကန်းမျိုး
သာရှာဝယ်ကြရလေသည်။အလှူများတွင်ကြိတ်ကြိတ်
တိုးစည်ကား၍ရပ်နီးရပ်ဝေးဆွေးမျိုးအသိမိတ်ဆွေ
များအားဖိတ်ကြကာရပ်ရွာလုံးကျွတ်မီးခိုးတိတ်ကျွေး
မွေးကြသည့်မြန်မာရိုးရာရှင်သာမဏေပြုပွဲများသည်
မြန်မာနိုင်ငံ၏အလှတန်ဆာတစ်ခုသို့မဟုတ်မြန်မာ
နိုင်ငံကိုသဒ္ဓါတရားအရက်ရောဆုံးနိုင်ငံအဖြစ်သို့
တစ်စိတ်တစ်ပိုင်းတွန်းပို့ပေးနေသည်မှာယခင်ကနှင့်
ယခုထိတိုင်ဗုဒ္ဓဘာသာဝင်များတည်ရှိနေသရွေ့အမြဲ
ပြုလုပ်သွားကြမည့်ဗုဒ္ဓဘာသယဝင်တို့၏ရိုးရာအစဉ်
အလာပင်ဖြစ်နေပါအုံးတော့မည်။
အလွန်လှပ၍
မြန်မာ့စေတနာကိုရက်ရောစေသောကုသိုလ်ကောင်း
မှုများသည်လည်းဗုဒ္ဓဘာသာဝင်တို့ရင်ထဲဝယ်တစ်
သက်လုံးတည်ရှိနေလိမ့်မည်ဟုထင်မြင်နေမိပါတော့
သည်.....................။
ဖတ်ရှုပေးကြသည့်မိတ်ဆွေများကိုယ်စိတ်အေး
ကာကျန်မားချမ်းကြပါစေဟု.......
:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:
ZawGyi
ေစတနာ အရင္းခံ ျမန္မာ့အလွ အမွန္.............
ခ်စ္စရာျမန္မာ့ဓေလ့ထုံးစံအမ်ားအျပားရွိၾက
ရာဝယ္ဗုဒၶဘာသာဝင္တို႔၏ရွင္ျပဳအလႉမဂၤလာ
သည္လည္းတစ္ခုအပါအဝင္ျဖစ္ေလရာထို
ရွင္ျပဳအလႉမ်ားကိုဗုဒၶဘာဝင္နိုင္ငံမ်ားႏွင့္ဗုဒၶ
ဘာသာကိုစတင္ကိုးကြယ္ၾကေသာေနရာမ်ား
၌သာေတြ႕ရပါလိမ့္မည္။ျမန္မာတို႔၏သဒၶါတရား
သည္ကမာၻ႔အလယ္တြင္သုံးႏွစ္ဆက္တိုက္ဗိုလ္
စြဲခဲ့သည္မွာအံ့ၾသဖြယ္ရာမဟုတ္ပါေပ။ထိုကဲ့
သို႔အလႉေပးေက်ာင္းေဆာက္ေစတီတည္သည့္
ကုသိုလ္အမႈႀကီးမ်ားအားဗုဒၶဘာသာဝင္တိုင္း
သာမကလူတို႔၏ရွင္သခင္ေရေျမ့ရွင္ျဖစ္ၾက
ေသာမင္းအေပါင္းတို႔ကလဲစြမ္းစြမ္းတမံျပဳလုပ္
ကိုးကြယ္ခဲ့ၾကေလသည္။ထို႔ေၾကာင့္သာလွ်င္
ျမန္မာဟုေခၚဆိုေသာကြၽႏု္ပ္တို႔နိုင္ငံ၌ဗုဒၶေစ
တီေတာ္မ်ားႏွင့္ကမာၻအေမြႏွစ္စာရင္းဝင္ဘုရား
ပုထိုးမ်ား မ်ားစြာက်န္ရွိခဲ့ေပသည္။အံခ်ီးဖြယ္ရာ
ျမန္မာတို႔၏ေရွးဦးကာလအလႉတန္းမ်ားႏွင့္ကုသိုလ္
ေကာင္းမႈတို႔သည္အထုအထည္ႀကီးမ်ားခဲ့ၾကသည္
မွာယေန႕သေရေခတၱရာၿမိဳ႕ေဟာင္းအတြင္း၌ရွိေသာ
ေဘာေဘာႀကီး၊ဘဲဘဲႀကီးဘြဲ႕ေတာ္ရွိသည့္အစရွိ
ေသာပုထိုးေတာ္ထူပေစတီေတာ္ႀကီးမ်ားကသက္
ေသတည္ေနသည္ပင္မဟုတ္ပါလား။ျမန္မာတို႔၏
အလႉအတန္းမ်ားသည္တစ္ႏွစ္ပတ္လုံးရွိၾကသည္
သာျဖစ္သည္။အိမ္သစ္တက္ပရိတ္႐ြတ္မဂၤလာျပဳ
လုပ္ေသာအခါမ်ား၌လည္းကုသိုလ္ျပဳၾကသည္။
ဝါဆိုသကၤန္းကပ္ခ်ိန္၌လည္းလႉဒါန္းၾကျပန္သည္။
ရဟန္းသံဃာေတာ္မ်ားဝါဆိုၿပီးသည့္အခါ၌ကထိန္
ခင္းလႉဒါန္းၾကျပန္ရာ၌လည္းအားတက္သေရာအ
လႉေပးၾကေလသည္။သာသနာေတာ္သြင္းသို႔ုျမတ္
စြာဘုရား၏သားတျပည့္မ်ားအျဖစ္ပို႔ေဆာင္ေသာ
ရွင္ျပအလႉမ်ားမွာလည္းဗုဒၶဘာသာဝင္ျဖစ္ေသာ
ျမန္မာတို႔၏ျပဳေနၿမဲကုသိုလ္ဝတ္တို႔သည္ယခုခ်ိန္
ခါေရာက္သည္ႏွင့္သားရတနာဆိုလွ်င္ရွင္သာမ
ေဏျပဳေစ၍သမီးရတနာဆိုပါမူသီလရွင္ျပဳၾက
ေလသည္။ထိုဓေလ့သည္ေတာ႐ြာမ်ားတြင္မူေႏြ
ရာသီမွသာျပဳလုပ္ၾကေလသည္။ထိုအခါ၌အလႈ႕
ရွင္အလႉ႕မတို႔မွာစပါးေပၚၿပီးျဖစ္၍ရရွိလာေသာ
စပါးကိုေရာင္းခ်ၿပီးလွ်င္ရွင္ျပဳအလႉမဂၤလာမ်ား
ျပလုကုသိုလ္ယူၾကျပန္သည္။
စပါးေဈးေကာင္း၍အဆင္ေျပၿပီးဆိုျပန္လွ်င္အလႉႀကီးမ်ားကိုျပဳလုပ္
၍သားရွင္ေလာင္းမ်ားမွာျမင္းစီး၍႐ြာစဥ္လွည့္
လွည္ၾကရသည္မွာေပ်ာ္စရာအလြန္ေကာင္းျပန္
ေလသည္။သမီးရတနာသီလရွင္ေလာင္းကေလး
မ်ားမွာမူႏြားယဥ္လည္းကေလးကိုစီး၍ဆံေက
သာေက်ာ့ေက်ာ့ကေလးျဖင့္အလြန္လွပျပန္ေသး
သည္။စပါးေပၚခ်ိန္၌စပါးေဈးမ်ားမေကာင္းပါ
ကလည္းရွိသမွ်ေလးျဖင့္႐ြာဦးေက်ာင္းဆရာေတာ္
ဆီသို႔သြားေရာက္၍တိုင္ပင္ကာသကၤန္ပရိကၡရာ
မ်ားႏွင့္သာအက်ဥ္းခ်ဳံးကုသိုလ္ျပၾကသည္သာ
ျဖစ္ပါသည္။ၿမိဳ႕မ်ားမွာလည္းထို႔နည္းႏွင္ႏွင္ပဲထင္
ျမင္မိသည္။သီတင္းကြၽတ္အခါကာလ၌ကထိန္မ်ား
ျဖင့္ဆက္တိုက္ျပဳၾကသည္ျဖစ္၍ရွင္ျပဳအလႉသည္
နည္းပါးလွေသးသည္။ေႏြရာသီတြင္မူတစ္လႉၿပီး
တစ္လႉစည္ကားေနသည္မွာမဟာျမတ္မုနိဘုရား
ႀကီးဝယ္ႀကိတ္ႀကိတ္တိုးလ်က္ရွိလွေလသည္။
ယခုေခတ္ရွင္ျပဳအလႉမ်ားသည္ယခင္ကေလာက္ရွင္သာ
မေဏအႀကီးမ်ားမပါေတာ့ေပ။ရွင္ေလာင္းကေလး
မ်ားငယ္ငယ္႐ြယ္႐ြယ္ႏွင့္သကၤန္းမွနိုင္ပါေလစဟု
ထင္ျမင္ရပါသည္။ယခင္အခ်ိန္ကမူလူ႐ြယ္ႀကီးၾက
ေသာေၾကာင့္ဆယ့္ႏွစ္ဆယ္သုံးဆိုလွ်င္အေတာ္ထြား
ၾကေလသည္။ရွင္သာမေဏျပဳခ်ိန္၌သကၤန္းအား
ရဟန္းေတာ္ဝတ္လဲမဟုတ္ေစရ။သာမေဏဝတ္
အေသးမ်ားႏွင္လည္းမေတာ္၍အလယ္အလတ္
ေလာက္မ်ားႏွင့္သာကိုက္ညီ၍ထိုကဲ့သို႔သကၤန္းမ်ိဳး
သာရွာဝယ္ၾကရေလသည္။အလႉမ်ားတြင္ႀကိတ္ႀကိတ္
တိုးစည္ကား၍ရပ္နီးရပ္ေဝးေဆြးမ်ိဳးအသိမိတ္ေဆြ
မ်ားအားဖိတ္ၾကကာရပ္႐ြာလုံးကြၽတ္မီးခိုးတိတ္ေကြၽး
ေမြးၾကသည့္ျမန္မာရိုးရာရွင္သာမေဏျပဳပြဲမ်ားသည္
ျမန္မာနိုင္ငံ၏အလွတန္ဆာတစ္ခုသို႔မဟုတ္ျမန္မာ
နိုင္ငံကိုသဒၶါတရားအရက္ေရာဆုံးနိုင္ငံအျဖစ္သို႔
တစ္စိတ္တစ္ပိုင္းတြန္းပို႔ေပးေနသည္မွာယခင္ကႏွင့္
ယခုထိတိုင္ဗုဒၶဘာသာဝင္မ်ားတည္ရွိေနသေ႐ြ႕အၿမဲ
ျပဳလုပ္သြားၾကမည့္ဗုဒၶဘာသယဝင္တို႔၏ရိုးရာအစဥ္
အလာပင္ျဖစ္ေနပါအုံးေတာ့မည္။အလြန္လွပ၍
ျမန္မာ့ေစတနာကိုရက္ေရာေစေသာကုသိုလ္ေကာင္း
မႈမ်ားသည္လည္းဗုဒၶဘာသာဝင္တို႔ရင္ထဲဝယ္တစ္
သက္လုံးတည္ရွိေနလိမ့္မည္ဟုထင္ျမင္ေနမိပါေတာ့
သည္.....................။
ဖတ္ရႈေပးၾကသည့္မိတ္ေဆြမ်ားကိုယ္စိတ္ေအး
ကာက်န္မားခ်မ္းၾကပါေစဟု.......
MSC 077
Original Writer By July Brave
Write Ending - 4-11 PM
Post By -oct-17-17
Image By Mi User