Uni
တနေ့တာပင်ပန်းနွမ်းနယ်သမျှတွေဟာ
ညနေနေရီဆည်းဆာသို့တိုင်ခဲ့ချိန်မှာတော့
ရွာထဲကကာလသားတစ်ချို့နှင့်ဦးကြီးများသည်
အပန်းပြေဖို့ရန်ပင်ပန်းနွမ်းနယ်သမျှတွေကို
သင်ပုန်းခြေနိုင်ဖို့ ထန်းရည်တဲကလေးများဆီသို့
အရောက်သွားကြလေပြီ။ထိုချိန်ကားထန်းပင်တက်
သမားအဖို့လာဘ်ဝင်တဲ့အချိန်ဟုဆိုရပေမည်။
ဝင်လာမစဲတသဲသဲနှင့် စာကလေးများဆူညံနေ
သဖွယ်မို့အလွန်ပင်အားရဝမ်းသာစွာ တက်တက်
ကြွကြွနှင့်ရောင်းကြလေသည်။ထန်းရည်များအား
ထန်းခါးရည်အဖြစ်ရောင်းချခြင်းဖြစ်သလို
ထန်းချိုရည်များအားထန်းညက်ချက်ခြင်းဖြင့်
အသက်မွေးဝမ်းကြောင်းပြုကြတဲ့ထန်းတက်
သမားများသည်ထန်းပင်များများဆွဲရသည့်
တိုင်အောင် ထန်းခါးရည်သည်အမြဲတမ်း
များချင်မှများသည်။နည်းသည့်အခါဆိုလျှင်
လာရောက်အားပေးသောထန်းရည်သမား
များအဖို့အားမလိုအားမရမည်တွန်ခြင်းခံရစ
မြဲပင်။ယခုလိုအရောင်းသွက်သောညနေပိုင်း
၌အကြော်စုံကြော်နှင့်အသားကင်များကိုလည်း
ထိုထန်းရည်သမား၏ဇနီးကပင်သူ၏သမီးနှင့်
အတူကူညီလုပ်ကိုင်ပေးလေသည်။ထို့ကြောင့်
ထန်းရည်လဲသောက် လိပ်ဥလဲဖောက်ဟိုစာ
ဆိုရမလိုပင်။သို့သော်ထန်းတက်သမား၏
ဓားသည်ကားအမြဲထက်သောကြောင့်
စနောက်သည်တော့မပြုဝံ့။အကယ်၍စနောက်
မိခဲ့ပါက အိမ်သို့ခေါင်းပြန်ပါမည်ဟုအာမမခံချေ။
ထန်းညက်သည်ကားအရနည်းသည်။ယခုလိုထန်း
ခါရည်မြိုင်မြိုင်အာပေးသူရှိတဲ့အချိန်မှာထန်း
တက်သမားများအဖို့များများရနိုင်မှဝင်ငွေလေး
စုမိဆောင်းမိဖြစ်သည်ကြောင့်စားဝတ်နေရေး
အတွက်ထန်းခါးရည်ကိုပင်အားကိုရလေသည်။
သို့သော်ထန်းခါးရည်သမားတွေအဖို့ ညောင်
သီးလည်းစားရင်းလေးသံလည်းနားထောင်ရ
သေးသည်။အဘယ့်ကြောင့်ဆိုသော်လိုင်စင်ရ
အရက်ဖြူဆိုင်များကဲ့မဟုတ်တစ်လောကပင်
ထန်းရည်သုံးပုလင်းနှင့်အရေးယူခံရသည်ဟု
သတင်းတွေကကြားရသေးသည်။မလွယ်တဲ့
ဘဝအခြေနေမှာရသမျှအဆင်ပြေအောင်
ကြံစည်နေရသေးသည်။ထန်းခါးရည်နှင့်
ထန်းချိုရည်းများအား ဆောင်းကုန်နွေဝင်
ကာလများမှသာများသောအားဖြင့်ထန်းရည်
တက်ကြရသည်။မိုးကာလများ၌မိုးရည်များ
ဝင်၍ထန်းရည်များပျက်သောကြောင့်ထန်း
တက်သူမရှိကြပေ။
နိုင်ငံခြားသားများအခေါ်
Sky Beer သည်အလွန်ဆီးရွှင်သည်ဟုဆို
ရမည်။အခြားအဆီအရက်များကဲ့သို့ဘေးထွက်
ဆိုကျိုးသိပ်မရှိလှ။မရှိလှဟုသာပြောရသည်
ရှိလျှင်လည်းအကျိုးအသက်ပျောက်ချည်းပင်
ထန်းရည်များအားသခင်မသိအောင်တက်ရောက်
ခိုးသောက်ကြရင်းက ထန်းပင်ပေါ်ကလိမ့်ကျ
သဖြင့်ကျိုးပဲပြီးအသက်ပျောက်သည့်ဖြစ်ရပ်များ
သည်ပင်ရှိခဲ့သည်။ထိုသို့အဖြစ်ပျက်မျိုးကြား
ရသည့်အခါဝယ်ဝမ်းနည်းရမလိုနှင့်ဟာသသဖွယ်
ရီမောကြရသည်မှာလည်းရှိခဲ့ကြသေးသည်။
မည်သို့ပင်ဆိုစေကာမူထန်းရည်အားဘိုးစဉ်
ဘောင်ဆက်လက်ထက်ကတည်းက၍သောက်
စားလာခဲ့ကြသည်မှာယနေ့တိုင်အောင်ပင်
ကျွန်ုပ်တို့မသိသောပေရည်ဟူသည်လည်း
ရှိသေးသည်။သက်ကြီးစကားများအရပေပင်
သည်ပေရည်ထွက်သည့်အခါ၌ရာဝင်အိုးနှင့်ပင်
ခံယူထားရသည်ဟူ၏။အတော်အထွက်ကောင်း
ပြီးအရသာမှာလည်းတစ်မူထူးခြားသည်ဆိုလေ
သည်။သို့သော်ယခုခေတ်များဝယ်ပေရည်အား
အရည်ထုတ်သောက်ကြသူမရှိလှတော့ပေ။
လူအများပြောစမှတ်အတွင်ဆုံးစကားဆိုလျှင်
အောက်ပြည်မှာငပိအထက်မှာထန်းညက်ဟု
ဆိုကြသည်။အောက်ပြည်၌အင်းအိုင်မြစ်ချောင်း
ငါးအောင်းငါးပေါက်များပေါများသည်ကြောင့်
ငါးပိပေါများသည်ဟုဆိုသည့်နှယ့်အထက်ဘက်
၌ထန်းပင်ထန်းတောများနှင့်အညာ၏အလှကို
သကာဆင့်ထားသည့်နှယ်နူးညံ့ဖြာကျသော
နေရောင်ခြည်နွေးနွေးအောက်၌နှင်းရည်
ကလေးစိုစိုထပ်ထပ်ဖြင့်ထန်းရွက်ကလေးများ
အားတွဲလွဲခိုကိုကာစီးကျနေသည့်အညာအလှ
ကိုတော့ဘယ်ပန်းချီရေးလို့မကုန်နိုင်ဖွယ်ပေ။
ထိုထန်းတောထန်းသမားများ၏သဘာဝအလှ
ကိုဖော်ကြူးရပါလျှင် အပန်းတွေသူပြေစေဖို့
အလန်းတွေယးဆောင်ပေးလာသောလူတစ်
ယောက်မနက်စောစောဝေလီဝေလင်းအချိန်
၌ထန်းလှီးဓားလေးကိုဓားအိမ်မှာထည့်ကာ
စစ်ခါးပတ်ကိုဇစ်ချိတ်ထန်းလှီးဓားကိုထိုးထည့်
ရင်းမြေအိုးထဲမယ်ထုံးရည်လေးသလက်
တလက်နှင့်ရင်းထောင်ကိုသူထမ်းပြီး
အိမ်နှင့်မလှမ်းမကမ်းရှိရာသူ၏ထမင်းရှင်
ထန်းပင်များဆီသို့ထန်းနို့များလှီးရန်နှင့်
ထန်းရည်များယူဖို့ရန်သူလာလေပြီ။
သူ့ကိုမြင်ရသောထန်းပင်များသည်
သခင်ကိုမြင်ရသည့်ခွေးတစ်ကောင်နှယ်
လေယူရာတိမ်းရင်းပျော်ရွှင်နေသယောင်
ခေါင်းလေးတွေ မြောင်နှင့်တောင်ကို
အတိမ်းသားယိမ်းနွဲ့နေကြသည်။ထန်း
သမား၏နောက်မှထန်းရည်အိုးကောက်
လိုက်တဲ့လုံမငယ်မှာလည်းမြေအိုးလေး
များကိုတံပိုးမှချိတ်ရင်း တစ်ဖက်ငါးလုံးစီ
ထည့်နေချေပြီ။ထန်းသမား၏တနေ့တာ
အစဦးဆုံးထန်ပင်ကိုတက်ရန်ရင်းထောင်
ထောင်ရင်းတစ်ထစ်ချင်းကြိုးချည်ကာ
တက်သွားပြီးထန်းပင်ပေါ်၌ထန်းရည်အိုး
များလဲလည်ကာထန်းနို့များကိုတစ်ဂျစ်ဂျစ်
နှင်လှီးဖြတ်ရင်းလုံမပျို ကားထန်းရည်အိုး
သယ်ဖို့ရန်အောက်သို့ရောက်လာလေသည်။
သည်လိုနှင့်သူ၏တနေ့တာလုပ်ငန်းများပြီး
ဆုံးသည့်တိုင်ပင်ပင်ပန်းပန်းရလာသော
ထန်းရည်ကလေးများကိုသူ၏စားသုံးသူ
ဖောက်သည်များအားစနစ်တကျပြင်ဆင်ပြီး
တစ်မြူတစ်ထောင်နှင့်ရောင်းရပေတော့မည်။
အညာဒေသပူပြင်းပြင်းအချိန်ကာလမှာ
ထန်းရည်များပင်မဟုတ်ထန်းသီးများကလည်း
အားဖြည့်လို့နေကြသေးသည်။ထန်းသီးသည်
ကားရာသီပေါ်စားစရာသီးနှံပင်မဟုတ်ပါလား။
ယခုလိုထန်းသီးပေါ်ချိန်များ၌အိမ်အတွက်သို့
မဟုတ်မိသားစုများအားတက်ရောက်ချိုင်ကျွေး
ကြသလိုမြို့ကြီးပြကြီးများသို့ထန်းသီးတစ်အိမ်
တစ်ရာနှစ်ရာစသည်ဖြင့်ဖောက်သည်ပေးရောင်း
ချကြရသည်ဖြစ်တာကြောင့်ထန်းသမားများ
အတွက်မနားရသောကာလလည်းဖြစ်ပေသည်။
ထန်းသီးများမှာအရည်စုပ်သည့်အရွယ်သည်
ပို၍စားလို့ကောင်းပါသည်။ထပ်သွားသည့်
အချိန်မှာဖြင့်ရောင်းချမှုအတွက်သာများပြီး
ထန်းသီးအရစ်ဝင်သွားလျှင်တော့ရင့်သွား
တာကြောင့်စား၍မရတော့ပေ။ထို့ကြောင့်
ထန်းရစ်မဝင်ခင်ချိုင်ကြသည်သာများသည်။
ထန်းရည်ထန်းသီးမှာအစဉ်အဆက်စားသောက်
စရာအဖြစ်အသုံးချကြလာကြသည်မှာယနေ့ထိ
တိုင်နှစ်နှစ်ခြိုက်ခြိုက်စားသောက်လျှက်ရှိ၍
ဘေးဥပါဒ်တစ်စုံတစ်ရာမဖြစ်စေနိုင်သော
ကြောင့်ယုံယုံကြည်ကြည်စားသောက်နိုင်ကြ
သည်။ထန်းရည်သမားများအဖို့ထန်းရည်အထွက်
ကောင်းမှဝင်ငွေလဲရမည်မှာအမှန်ဖြစ်သည်
သာမကသေးထန်းညက်ချက်ရန်လည်းအသုံး
ပြုကြသောကြောင့်နှစ်ဖက်နှစ်လမ်းအကျိုး
ရှိသောလုပ်ငန်းတစ်ရပ်ဟုပြောလိုက်
ပါတော့မည်..............။
အားပေးဖတ်ရှုကြတဲ့အတွက်ကျေးဇူးတင်ပါသည်။
+------+----------+--------------+--------------+
ZG
ထန္းပင္က်ေရထန္းပင္က်ေရခ်ိဳတျမျမ ခါးတေလေလ........
တေန႕တာပင္ပန္းႏြမ္းနယ္သမွ်ေတြဟာ
ညေနေနရီဆည္းဆာသို႔တိုင္ခဲ့ခ်ိန္မွာေတာ့
႐ြာထဲကကာလသားတစ္ခ်ိဳ႕ႏွင့္ဦးႀကီးမ်ားသည္
အပန္းေျပဖို႔ရန္ပင္ပန္းႏြမ္းနယ္သမွ်ေတြကို
သင္ပုန္းေျခနိုင္ဖို႔ ထန္းရည္တဲကေလးမ်ားဆီသို႔
အေရာက္သြားၾကေလၿပီ။ထိုခ်ိန္ကားထန္းပင္တက္
သမားအဖို႔လာဘ္ဝင္တဲ့အခ်ိန္ဟုဆိုရေပမည္။
ဝင္လာမစဲတသဲသဲႏွင့္ စာကေလးမ်ားဆူညံေန
သဖြယ္မို႔အလြန္ပင္အားရဝမ္းသာစြာ တက္တက္
ႂကြႂကြႏွင့္ေရာင္းၾကေလသည္။ထန္းရည္မ်ားအား
ထန္းခါးရည္အျဖစ္ေရာင္းခ်ျခင္းျဖစ္သလို
ထန္းခ်ိဳရည္မ်ားအားထန္းညက္ခ်က္ျခင္းျဖင့္
အသက္ေမြးဝမ္းေၾကာင္းျပဳၾကတဲ့ထန္းတက္
သမားမ်ားသည္ထန္းပင္မ်ားမ်ားဆြဲရသည့္
တိုင္ေအာင္ ထန္းခါးရည္သည္အၿမဲတမ္း
မ်ားခ်င္မွမ်ားသည္။နည္းသည့္အခါဆိုလွ်င္
လာေရာက္အားေပးေသာထန္းရည္သမား
မ်ားအဖို႔အားမလိုအားမရမည္တြန္ျခင္းခံရစ
ၿမဲပင္။ယခုလိုအေရာင္းသြက္ေသာညေနပိုင္း
၌အေၾကာ္စုံေၾကာ္ႏွင့္အသားကင္မ်ားကိုလည္း
ထိုထန္းရည္သမား၏ဇနီးကပင္သူ၏သမီးႏွင့္
အတူကူညီလုပ္ကိုင္ေပးေလသည္။ထို႔ေၾကာင့္
ထန္းရည္လဲေသာက္ လိပ္ဥလဲေဖာက္ဟိုစာ
ဆိုရမလိုပင္။သို႔ေသာ္ထန္းတက္သမား၏
ဓားသည္ကားအၿမဲထက္ေသာေၾကာင့္
စေနာက္သည္ေတာ့မျပဳဝံ့။အကယ္၍စေနာက္
မိခဲ့ပါက အိမ္သို႔ေခါင္းျပန္ပါမည္ဟုအာမမခံေခ်။
ထန္းညက္သည္ကားအရနည္းသည္။ယခုလိုထန္း
ခါရည္ၿမိဳင္ၿမိဳင္အာေပးသူရွိတဲ့အခ်ိန္မွာထန္း
တက္သမားမ်ားအဖို႔မ်ားမ်ားရနိုင္မွဝင္ေငြေလး
စုမိေဆာင္းမိျဖစ္သည္ေၾကာင့္စားဝတ္ေနေရး
အတြက္ထန္းခါးရည္ကိုပင္အားကိုရေလသည္။
သို႔ေသာ္ထန္းခါးရည္သမားေတြအဖို႔ ေညာင္
သီးလည္းစားရင္းေလးသံလည္းနားေထာင္ရ
ေသးသည္။အဘယ့္ေၾကာင့္ဆိုေသာ္လိုင္စင္ရ
အရက္ျဖဴဆိုင္မ်ားကဲ့မဟုတ္တစ္ေလာကပင္
ထန္းရည္သုံးပုလင္းႏွင့္အေရးယူခံရသည္ဟု
သတင္းေတြကၾကားရေသးသည္။မလြယ္တဲ့
ဘဝအေျခေနမွာရသမွ်အဆင္ေျပေအာင္
ႀကံစည္ေနရေသးသည္။ထန္းခါးရည္ႏွင့္
ထန္းခ်ိဳရည္းမ်ားအား ေဆာင္းကုန္ေႏြဝင္
ကာလမ်ားမွသာမ်ားေသာအားျဖင့္ထန္းရည္
တက္ၾကရသည္။မိုးကာလမ်ား၌မိုးရည္မ်ား
ဝင္၍ထန္းရည္မ်ားပ်က္ေသာေၾကာင့္ထန္း
တက္သူမရွိၾကေပ။နိုင္ငံျခားသားမ်ားအေခၚ
Sky Beer သည္အလြန္ဆီး႐ႊင္သည္ဟုဆို
ရမည္။အျခားအဆီအရက္မ်ားကဲ့သို႔ေဘးထြက္
ဆိုက်ိဳးသိပ္မရွိလွ။မရွိလွဟုသာေျပာရသည္
ရွိလွ်င္လည္းအက်ိဳးအသက္ေပ်ာက္ခ်ည္းပင္
ထန္းရည္မ်ားအားသခင္မသိေအာင္တက္ေရာက္
ခိုးေသာက္ၾကရင္းက ထန္းပင္ေပၚကလိမ့္က်
သျဖင့္က်ိဳးပဲၿပီးအသက္ေပ်ာက္သည့္ျဖစ္ရပ္မ်ား
သည္ပင္ရွိခဲ့သည္။ထိုသို႔အျဖစ္ပ်က္မ်ိဳးၾကား
ရသည့္အခါဝယ္ဝမ္းနည္းရမလိုႏွင့္ဟာသသဖြယ္
ရီေမာၾကရသည္မွာလည္းရွိခဲ့ၾကေသးသည္။
မည္သို႔ပင္ဆိုေစကာမူထန္းရည္အားဘိုးစဥ္
ေဘာင္ဆက္လက္ထက္ကတည္းက၍ေသာက္
စားလာခဲ့ၾကသည္မွာယေန႕တိုင္ေအာင္ပင္
ကြၽန္ုပ္တို႔မသိေသာေပရည္ဟူသည္လည္း
ရွိေသးသည္။သက္ႀကီးစကားမ်ားအရေပပင္
သည္ေပရည္ထြက္သည့္အခါ၌ရာဝင္အိုးႏွင့္ပင္
ခံယူထားရသည္ဟူ၏။အေတာ္အထြက္ေကာင္း
ၿပီးအရသာမွာလည္းတစ္မူထူးျခားသည္ဆိုေလ
သည္။သို႔ေသာ္ယခုေခတ္မ်ားဝယ္ေပရည္အား
အရည္ထုတ္ေသာက္ၾကသူမရွိလွေတာ့ေပ။
လူအမ်ားေျပာစမွတ္အတြင္ဆုံးစကားဆိုလွ်င္
ေအာက္ျပည္မွာငပိအထက္မွာထန္းညက္ဟု
ဆိုၾကသည္။ေအာက္ျပည္၌အင္းအိုင္ျမစ္ေခ်ာင္း
ငါးေအာင္းငါးေပါက္မ်ားေပါမ်ားသည္ေၾကာင့္
ငါးပိေပါမ်ားသည္ဟုဆိုသည့္ႏွယ့္အထက္ဘက္
၌ထန္းပင္ထန္းေတာမ်ားႏွင့္အညာ၏အလွကို
သကာဆင့္ထားသည့္ႏွယ္ႏူးညံ့ျဖာက်ေသာ
ေနေရာင္ျခည္ေႏြးေႏြးေအာက္၌ႏွင္းရည္
ကေလးစိုစိုထပ္ထပ္ျဖင့္ထန္း႐ြက္ကေလးမ်ား
အားတြဲလြဲခိုကိုကာစီးက်ေနသည့္အညာအလွ
ကိုေတာ့ဘယ္ပန္းခ်ီေရးလို႔မကုန္နိုင္ဖြယ္ေပ။
ထိုထန္းေတာထန္းသမားမ်ား၏သဘာဝအလွ
ကိုေဖာ္ၾကဴးရပါလွ်င္ အပန္းေတြသူေျပေစဖို႔
အလန္းေတြယးေဆာင္ေပးလာေသာလူတစ္
ေယာက္မနက္ေစာေစာေဝလီေဝလင္းအခ်ိန္
၌ထန္းလွီးဓားေလးကိုဓားအိမ္မွာထည့္ကာ
စစ္ခါးပတ္ကိုဇစ္ခ်ိတ္ထန္းလွီးဓားကိုထိုးထည့္
ရင္းေျမအိုးထဲမယ္ထုံးရည္ေလးသလက္
တလက္ႏွင့္ရင္းေထာင္ကိုသူထမ္းၿပီး
အိမ္ႏွင့္မလွမ္းမကမ္းရွိရာသူ၏ထမင္းရွင္
ထန္းပင္မ်ားဆီသို႔ထန္းနို႔မ်ားလွီးရန္ႏွင့္
ထန္းရည္မ်ားယူဖို႔ရန္သူလာေလၿပီ။
သူ႕ကိုျမင္ရေသာထန္းပင္မ်ားသည္
သခင္ကိုျမင္ရသည့္ေခြးတစ္ေကာင္ႏွယ္
ေလယူရာတိမ္းရင္းေပ်ာ္႐ႊင္ေနသေယာင္
ေခါင္းေလးေတြ ေျမာင္ႏွင့္ေတာင္ကို
အတိမ္းသားယိမ္းႏြဲ႕ေနၾကသည္။ထန္း
သမား၏ေနာက္မွထန္းရည္အိုးေကာက္
လိုက္တဲ့လုံမငယ္မွာလည္းေျမအိုးေလး
မ်ားကိုတံပိုးမွခ်ိတ္ရင္း တစ္ဖက္ငါးလုံးစီ
ထည့္ေနေခ်ၿပီ။ထန္းသမား၏တေန႕တာ
အစဦးဆုံးထန္ပင္ကိုတက္ရန္ရင္းေထာင္
ေထာင္ရင္းတစ္ထစ္ခ်င္းႀကိဳးခ်ည္ကာ
တက္သြားၿပီးထန္းပင္ေပၚ၌ထန္းရည္အိုး
မ်ားလဲလည္ကာထန္းနို႔မ်ားကိုတစ္ဂ်စ္ဂ်စ္
ႏွင္လွီးျဖတ္ရင္းလုံမပ်ိဳ ကားထန္းရည္အိုး
သယ္ဖို႔ရန္ေအာက္သို႔ေရာက္လာေလသည္။
သည္လိုႏွင့္သူ၏တေန႕တာလုပ္ငန္းမ်ားၿပီး
ဆုံးသည့္တိုင္ပင္ပင္ပန္းပန္းရလာေသာ
ထန္းရည္ကေလးမ်ားကိုသူ၏စားသုံးသူ
ေဖာက္သည္မ်ားအားစနစ္တက်ျပင္ဆင္ၿပီး
တစ္ျမဴတစ္ေထာင္ႏွင့္ေရာင္းရေပေတာ့မည္။
အညာေဒသပူျပင္းျပင္းအခ်ိန္ကာလမွာ
ထန္းရည္မ်ားပင္မဟုတ္ထန္းသီးမ်ားကလည္း
အားျဖည့္လို႔ေနၾကေသးသည္။ထန္းသီးသည္
ကားရာသီေပၚစားစရာသီးႏွံပင္မဟုတ္ပါလား။
ယခုလိုထန္းသီးေပၚခ်ိန္မ်ား၌အိမ္အတြက္သို႔
မဟုတ္မိသားစုမ်ားအားတက္ေရာက္ခ်ိဳင္ေကြၽး
ၾကသလိုၿမိဳ႕ႀကီးျပႀကီးမ်ားသို႔ထန္းသီးတစ္အိမ္
တစ္ရာႏွစ္ရာစသည္ျဖင့္ေဖာက္သည္ေပးေရာင္း
ခ်ၾကရသည္ျဖစ္တာေၾကာင့္ထန္းသမားမ်ား
အတြက္မနားရေသာကာလလည္းျဖစ္ေပသည္။
ထန္းသီးမ်ားမွာအရည္စုပ္သည့္အ႐ြယ္သည္
ပို၍စားလို႔ေကာင္းပါသည္။ထပ္သြားသည့္
အခ်ိန္မွာျဖင့္ေရာင္းခ်မႈအတြက္သာမ်ားၿပီး
ထန္းသီးအရစ္ဝင္သြားလွ်င္ေတာ့ရင့္သြား
တာေၾကာင့္စား၍မရေတာ့ေပ။ထို႔ေၾကာင့္
ထန္းရစ္မဝင္ခင္ခ်ိဳင္ၾကသည္သာမ်ားသည္။
ထန္းရည္ထန္းသီးမွာအစဥ္အဆက္စားေသာက္
စရာအျဖစ္အသုံးခ်ၾကလာၾကသည္မွာယေန႕ထိ
တိုင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္စားေသာက္လွ်က္ရွိ၍
ေဘးဥပါဒ္တစ္စုံတစ္ရာမျဖစ္ေစနိုင္ေသာ
ေၾကာင့္ယုံယုံၾကည္ၾကည္စားေသာက္နိုင္ၾက
သည္။ထန္းရည္သမားမ်ားအဖို႔ထန္းရည္အထြက္
ေကာင္းမွဝင္ေငြလဲရမည္မွာအမွန္ျဖစ္သည္
သာမကေသးထန္းညက္ခ်က္ရန္လည္းအသုံး
ျပဳၾကေသာေၾကာင့္ႏွစ္ဖက္ႏွစ္လမ္းအက်ိဳး
ရွိေသာလုပ္ငန္းတစ္ရပ္ဟုေျပာလိုက္
ပါေတာ့မည္..............။
အားေပးဖတ္ရႈၾကတဲ့အတြက္ေက်းဇူးတင္ပါသည္။
Original Writer By July Brave
Post By Oct-2-17
Write Ending - 1:34 PM
Image By Google!