အရင်ရက်ကမတင်ဖြစ်လို့အဆင်မပြေဖြစ်ခဲ့ရင်တောင်း
ပန်ပါတယ်ခုဆက်ပီးအပိုင်း၃ကြည့်ပေးကြပါ တင်လိုက်ပါပီနော်.....................
41 - စာလုံးညှိပီးသွားရင်တော့ စာလုံးကို ဘယ်ညာချိန်
ဖို့အတွက် position ကိုဝင်ပါမယ် အရင်လုပ်ခဲ့ဖူးသလို
သိပ်မခက်ပါဘူး။
42 - ဘယ်ညာအပေါ်အောက်ညှိတာတွေ ရှိပါတယ်
စက်ဝိုင်းရဲ့အလည်မှာ ဘယ်ညာညီအောင်ညှိပီးရင်တော့
Right Mark နှိပ်ပီးရင် ပြန်ထွက်လို့ရပါပီ။
43 - ကဲ ဒါဆိုရင်တော့ စက်ဝိုင်းရဲ့အလည်မှာ Logo
လေးတွေထည့်သွင့်းဖို့အတွက် နောက်ဆော့ဝဲတစ်ခု
ထပ်ဝင်ကြရအောင်နော်။သုံးလို့အဆင်ပြေသလို ပါဝင်တဲ့
Shape တွေ Logo design တွေက အလန်းတွေဆိုတာ
သုံးကြည့်ရင်သိသွားပါလိမ့်မယ်နော်။အဲဒီဆော့ဝဲထဲမှာ
တစ်ချို့ဟာတွေက သော့ခတ်ထားတာတွေးပါမယ်
အဲတာတွေလိုချင်ရင်တော့ သူတို့ကြည့်စေချင်တဲ့ Video
လေးကြည့်ပေးလိုက်ရင် အသုံးပြုခွင့်ပေးပါလိမ့်မယ်
ကျနော်တော့တစ်ခါမှမကြည့်ဘူး ရတဲ့ဟာလေးနဲ့ပဲကလိ
နေတာဗျ။ ဆော့ဝဲနာမည်က Logo Art ပါတဲ့ခင်ဗျာ
Playstore ကပဲဖြစ်ဖြစ် အခြား application ဆော့ဝဲ
တွေကပဲ ဖြစ်ဖြစ်ရှာပီးဆွဲလို့ရပါတယ် အားမနာနဲ့နော်။
44 - ပုံထဲကလိုပဲ create ၀င်လိုက်ပါ အဲ.create မ၀င်
ခင်တော့ access လုပ်နိုင်ဖို စာတန်းပေါ်လာပါလိမ့်မယ်
ခွင့်ပြုပေးလိုက်ပါ။
45 - ပီးရင်တော့ Logo ကိုသွားလိုက်ပါနော် အဲထဲက
တစ်ခုယူပါမယ်။
46 - Shapes ထဲကိုဝင်လိုက်ပါ ခုယူရမဲ့ဟာက အလယ်
လောက်မှာဆိုတော့ အပေါ်ကို နဲနဲဆွဲတင်လိုက်ပါအုံး။
47 - ကဲတွေ့ပါပီ စက်ဝိုင်းအသွားတံဆိပ်လေး အဲတာ
ကိုအသုံးပြုပါမယ် နှိပ်လိုက်ပါ။
48 - နှိပ်ပီးသွားရင်တော့ ပုံထဲကလိုပဲ သေးနေပါမယ်
အဲတာကြီးဖို့အတွက် မျှားပြထားသလို ဆွဲလိုက်ပါ ကြီး
လာပါလိမ့်မယ် ဒါပေမဲ့ မျှားပြသလိုဆွဲတဲ့အခါ အကြီး
အသေးညီညီနဲ့ ၀ိုင်းစက်စက်လိုပင် ကြီးလာမှာ မဟုတ်
ပါဘူး ပိန်ရှုံ့တွပီးကြီးလာမှာပါ အဲတာကြောင့် တကယ်
ဆွဲမယ်ဆိုရင် ကွန်ပျူ တာမှာဆွဲဖို့ပြောခဲ့တာပါ။
ညီဖို့အတွက်တော့ အကျဉ်းအကျယ်ပြန်လုပ်ရပါမယ်
အဲသလိုဆိုရင်တော့ ၀ိုင်းသွားပါမယ်။လုပ်ကြည့်လိုက်
ကြပါအုံးနော်။ကျွမ်းကျင်သွားရင်တော့ အိုကေသွားပါ
လိမ့်မယ်။
49 - ပုံပါအတိုင်း ကျေနပ်ပီဆိုရင်တော့ အောက်ကပြ
ထားတဲ့ symbols ကိုနှိပ်ဝင်ပါ။
50 - ပီးရင် strokes ကိုနှိပ်လိုက်ပါ ကျနော်တို့ယူမဲ့အရာ
က အောက်ဆုံးနားမှာဖြစ်တာကြောင့် အပေါ်ကိုဆွဲတင်လိုက်ပါ။
51 - အနီကွက်ပြထားတဲ့ သစ်ရွက်နှစ်ခတ်ပုံလေးကို
ယူသုံးပါမယ် နှိပ်လိုက်ပါ။
52 - သူ့ကိုလဲ ခုနလိုပင် ကြီးလိုက်ပါ ပီးရင်ညီအောင်
ချိန်လိုက်လို့ စိတ်တိုင်းကျပီဆိုရင်တော့ရပါပီ။
53 - ပီးတာနဲ့ ကျနော်တို့ Logo ကိုပြန်ဝင်ပါအုံးမယ်
အဲဒီမှာ နောက်ဆုံးယူသုံးစရာတစ်ခုကျန်ပါသေးတယ်
နှိပ်ဝင်လိုက်ပါအုံးနော်။
54 - Agriculture ကိုနှိပ်ပီးဝင်လိုက်ပါ အောက်ဆုံးထောင့်နားမှာရှိတာကြောင့်မို့ သူ့ကိုလဲ အပေါ်ကိုဆွဲတင်သွား
လိုက်ပါ။
55 - အနီကွက်ပြထားတဲ့ ပြောင်းဖူးပုံလေးကို ယူပါမယ်
နှိပ်လိုက်ပါ
56 - ပြောင်းဖူးလေးကို ကြီးလိုက်ပါအုံးနော် ပီးရင်တော့
အဆင်ပြေတာနဲ့ အိုကေပီပေါ့။
57 - သိမ်းပါတော့မယ် သိမ်ဖို့အတွက် ကွက်ပြထားတဲ့
Save ပုံစံလေးကို နှိပ်လိုက်ပါ။
58 - jpeg သိမ်းမလား png သိမ်းမလား ကြိုက်ရာရွေး
လို့ရပါတယ် ကျနော်ကတော့ jpeg ရွေးလိုက်ပါပီ
ခနနေရင် သူ့ folder ထဲကိုရောက်သွားပါလိမ့်မယ်။
59 - ခုနသိမ်းလိုက်တဲ့ပုံကို ယူဖို့အတွက် အနီကွက်ပြ
ထားတဲ့ import ကိုဝင်လိုက်ပါ။
60 - ပုံပါအတိုင်း ဘယ်ကိုဝင်ယူမှာလဲ မေးပါလိမ့်မယ်
Folder ထဲဝင်ယူမယ်ဆိုရင် file explorer ထဲဝင်ယူပါ
ကျနော်ကတော့ Gallery ထဲကိုပဲ ၀င်ယူပါမယ်။နှိပ်လိုက်
ပါ။
61 - သူသိမ်းထားတဲ့ file,folder name ကတော့
LogoArtBhima ပါ အပေါ်မှာမတွေ့သေးရင် အောက်ကို
သွားကြည့်ပါ တွေ့ပါလိမ့်မယ် ပီးရင်တော့ အဲဒီ file
ကိုနှိပ်လိုက်ပါ သိမ်ထားတာတွေ ကျလာပါမယ်။
အပိုင်းလေး ဆက်လက်ဖတ်ပေးပါရန်
Continue read to part 4
ကျေးဇူးပါ ( thank you )
Original Writer By July Brave
Write Ending - 9:11 AM
Post By Aug-30-17
Photo By July Brave