မင်္ဂလာပါ။ ကျွန်တော်၏ ယခင်ဆောင်းပါးတွင် ၂၀၁၈ ခုနှစ်၏ cryptocurrency သွေးစွန်းသော နေ့ရက်များ အကြောင်းကို ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ယခု ဤဆောင်းပါး တွင် ၂၀၁၈ ခုနှစ်၏ cryptocurrency သွေးစွန်းသော နေရက်များအား ဖြစ်ပေါ်စေသည့် အခြား အကြောင်းအရာဖြစ်သော Initial Coins Offering ( ICO ) များအကြောင်း ဖေါ်ပြပေးချင်ပါသည်။
cryptocurrency, Coin , Tokens များ ကြိုတင်ရောင်းချ၍ မိမိတို့ အတွက် လိုအပ်သော ( projects များအတွက် ) ငွေများ ဖေါ်ထုတ် ခြင်းမှာ ၂၀၁၃ ခုနှစ်ခန့်မှ စတင်ခေတ်စားလာခဲ့ပါသည်။ ဆိုလိုသည်မှာ မိမိတို့ နည်းပညာ project များ စတင်ရန်အတွက် လိုအပ်သော နည်းပညာရှင်များ ၊ ရုံးခန်းများ ၊ လုပ်ငန်းဆောင်တာ များအတွက် အသုံလိုသော ( မိမိတို့ ကတိပေးထားသော ထုတ်ကုန် မထွက်လာမှီစပ်ကြား အသုံးပြုရန် တနည်းအားဖြင့် စီးပွားရေး စတင်ရန် ငွေရင်း ) ငွေကြေးများအား မိမိတို့ ထုတ်ကုန် ကြိုတင်ရောင်းချ၍ ဝင်ငွေရှာဖွေကြခြင်းဖြစ်ပါသည်။
cryptocurrency ရေပန်းစားလာခြင်းနှင့် အတူ ဤကဲ့သို့ ICO ခေါ်၍ စတင်ကြသော project များကလည်း တဖြည်း ဖြည်း များပြားလာပါသည်။ ၂၀၁၆ ခုနှစ်တွင် Ethereum Platform ၏ ERC 20 , token ထုတ်လုပ်နိုင်သော နည်းပညာ ထွက်ပေါ်လာသောအခါ ICO အများ အပြား ထွက်ပေါ်လာပါတော့သည်။
ICOData.io ၏ စစ်တမ်းကောက်ယူချက်အရ ၂၀၁၆ ခုနှစ် တနှစ်တာလုံးတွင် ခေါ်ယူသော ICO project များ ၂၉ ခုသာ ရှိ၍ စုစု ပေါ်င်း အမေရိကန် ဒေါ်လာ ၂၉ သန်းကျော် ဝင်ရောက်ရင်းနှီး မြုပ်နှံမှု ပြုလုပ်ခဲ့ကြပါသည်။ ၂၀၁၇ တွင် ICO project များ ၈၇၅ ခုအထိ တိုးပွားလာကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆ ဘီလီယံကျော် ဤ cryptocurrency ဈေးကွက်အတွင်းသို့ စီဝင်လာခဲ့ပါသည်။
ထို့ နောက် ၂၀၁၇ ခုနှစ်တွင် Bitcoin ၏ ဈေးကွက် တွန်းတင်မှု အရှိန်ကြောင့် ၂၀၁၈ တွင် ခေါ်ယူခဲ့ကြသော စုစုပေါင်း ICO project မှာ ၁၂၅၇ အထိတိုးပွားလာကာ စုစု ပေါင်း ရင်နှီး မြုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၇.၈ ဘီလီယံ အထိ ရှိခဲ့ပါသည်။ အထက်ပါ ကိန်းဂဏန်းများမှာ ICOdata.io တွင် ဖေါ်ပြထားသော ကိန်းဂဏန်းများသာ ဖြစ်၍ ICO rating site တခုနှင့် တခု၏ အနှစ်ချုပ်စာရင်းများ ကွာခြားနိုင်ပါသည်။
ဤသို့ ၁ နှစ် အတွင်း ICO project များ ၂ ဆ ခန့် တိုးပွားလာခြင်းမှာ ICO မှ ဝင်ငွေဖေါ်ရန် တနည်းအားဖြင့် ငွေရင်း ဖေါ်ရန် လွယ်ကူလွန်းသောကြောင့် အမှန်တကယ် နည်းပညာ ICO များသာမက မသမာသော နည်းဖြင့် ငွေရှာလိုသော ICO များလည်း အများအပြား ပါဝင်လာခဲ့ကြပါသည်။ ဤသို့ မသမာသော နည်းများ ဖြင့် ငွေရှာလိုသော ICO များမှာ ကြေညာအားကောင်း ကောင်း ၊ ကြီးကျယ်ခမ်းနားသော ကတိကဝတ်များ ဖြင့် ICO ခေါ်ခဲ့ကြသည့်အတွက်ကြောင့် ၂၀၁၇ တွင် ခေါ်ခဲ့သော ICO project များ အောင်မြင်သလောက် ၂၀၁၈ တွင် ခေါ်ခဲ့သော ICO project များမှာ အဆုံးအရှုံးများခဲ့ကြပါသည်။
သတင်း အချက်အလက်များ အရ ၂၀၁၈ တွင် ခေါ်ယူခဲ့သော ICO project များတွင် ၅၅ % ကျဆုံးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ICO ၂ ခုတွင် ၁ ခု ကျရှုံးခြင်း ဖြစ်ပါသည်။ ငွေကြေးအနေဖြင့် တွက်ချက်လျင် ၂၀၁၈ တနှစ်သာလုံး ICO များတွင် ရင်းနှီးမြုပ်နှံ၍ အရှုံးပေါ်သော ပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံခန့် ရှိခဲ့ပါသည်။
အဘယ့်ကြောင့် ၂၀၁၈ တွင် အရှုံးပေါ်ရသနည်း ဆိုသော် အများစု မှာ ICO scam ဖြစ်သွားခြင်း ၊ bitcoin ဈေးထိုးကျလာသောကြောင့် ICO တွင် ရင်နှီးမြုပ်နှံရန် လက်တွန်လာခြင်း နှင့် အများဆုံးမှာ မိမိတို့ project လက်ပါတ်ရန် လုံလောက်သော ရင်းနှီး မြုပ်နှံမှု မပြည့်ခြင်း ၊ ( ဥပမာ project တခု လုပ်ဆောင်ရန် တနှစ်အတွင်း ထုတ်ကုန် တခုထုတ်ရန် လိုအပ်သော ငွေရင်း ဒေါ်လာ ၁ သန်း ခန့် ကုန်ကျ မည် ဖြစ်သော်လည်း ICO ခေါ်ရာတွင် ဒေါ်လာ ၃ သိန်းခန့်သာ ရရှိ၍ project လည်ပါတ်ရန် မစတင် နိုင်ခြင်း ၊ သတ်မှတ် ချိန်တွင် မစတင်နိုင်လျင် သတ်မှတ်ထားသော အချိန် တွင် ထုတ်ကုန် ထွက်လာနိုင်တော့မည်မဟုတ်ပါ ။
ထို ကိစ္စမျိုးတွင် အချို့ ICO များက မိမိရင်းထားသော ငွေ ပြန်ပေးကြသော်လည်း အချို့က လုံးဝ သတင်းအစအနမရ ပျောက်ကွယ်သွားကြပါသည်။ ) စသည့် အကြောင်းအရာများက ၂၀၁၈ ICO အများစုအား ကျရှုံးသွားစေခြင်း ဖြစ်ပါသည်။ ဤ ICO များ scam ဖြစ်သွားကြခြင်း ၊ ကျရှုံးသွားရခြင်း များက ၂၀၁၈ ခုနှစ် ၏ cryptocurrency ဈေးကွက်အား မီးလောင်ရာ လေပင့် ပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။
ကျွန်တော့ ယခင် ဆောင်းပါး များတွင် ဖေါ်ပြပေးပြီး ဖြစ်သည့် အတိုင်း ၂၀၁၈ cryptocurrency သွေးစွန်းသော အဖြစ်အပျက်မှာ ၂၀၁၇ တွင် cryptocurrency ရင်းနှီးမြုပ်နှံမှုများ အောင်မြင်ခြင်း ၏ အကျိုးဆက် ဖြစ်ပါသည်။ ၂၀၁၇ တွင် bitcoin နှင့်တကွ အခြားသော coin , token များ ဈေးတက်လာကြသလို ICO များတွင်လည်း Tezos နှင့် EOS တို့ ၏ ICO အောင်မြင်မှုမှာ အခြားသော cryptocurrency project များအတွက် သွားရေကျစရာ ဖြစ်ခဲ့ပါသည်။
Tezos အနေဖြင့် ICO တွင် အမေရိကန် ဒေါ်လာ ၂၀၈ သန်း ရရှိခဲ့ပြီး EOS မှာ သန်း ၂၀၀ ရရှိခဲ့ပါသည်။ မိမိတို့ နှင့် ရင်းနှီသော အာရှနိုင်ငံများမှ ၂၀၁၈ခုနှစ်တွင် ခေါ်ယူခဲ့သော ICO project များအား ဥပမာ အဖြစ်ဖေါ်ပြရသော် medium.com ၏ ဖေါ်ပြချက်အရ တောင်ကိုးရီးယား နိုင်ငံ project ၂ ခု ( USD $78.4M ) ဂျပန် နိုင်ငံမှ project ၇ ခု ( USD $52.1M) ဟောင်ကောင်မှ project ၁၄ ခု ( USD $47.6M ) ထိုင်းနိုင်ငံမှ project ၄ ခု ( USD $42 M ) စင်္ကပူမှ project ၅၇ ခု ( USD $ 574 M ) တို့ ဖြစ်ပါသည်။
ဤသည်မှာ ထိုနိုင်ငံများတွင် Register လုပ်ထားသော ICO များ ၏ စာရင်းနှင့် ရင်းနှီးမြုပ်နှံငွေ ပမာဏများသာ ဖြစ်၍ မည်မျှ အောင်မြင်ခဲ့သည် ကျရှုံးခဲ့သည် ဆိုသည်ကို တော့ ဖေါ်ပြထားခြင်း မရှိပါ။ ကျွန်တော့ အနေဖြင့် အထက်ပါ အကြောင်းအရာများအား ဖေါ်ပြပေးရခြင်းမှာ နိုင်ငံတကာ အတိုင်းအတာဖြင့် ဤ Blockchain နည်းပညာ ၊ cryptocurrency တို့အပေါ် မည်မျှ အကျိုး သက်ရောက်နေသည်ကို MSC member များအား သိစေလိုရင်း ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် ခေါ်ယူကြမည် ဖြစ်သော ICO project များကလည်း ၂၀၁၈ ၏ အရိပ်မဲ အောက်တွင်ရှိနေအုံးမည် ဖြစ်သဖြင့် ခက်ခဲ နိုင်ပါသည်။ သို့သော် ကျွန်တော် ဖေါ်ပြပြီး ဖြစ်သည့် အတိုင်း နည်းပညာ ခိုင်မာမှု၊ လူကြိုက်များ မှု ၊ အသုံးပြုရမြန်ဆန်မှု ၊ ထို့ အပြင် ပွင့်လင်းမြင်သာမှု ၊ ရင်းနှီး မြုပ်နှံလိုသူတို့၏ ယုံကြည်ကိုးစားမှု ရမှသာ ICO များ အောင်မြင်နိုင်ကြမည် ဖြစ်ပါသည်။ တော်ရုံ တန်ရုံ ဂျင်း ICO များ ထွက်လာနိုင်တော့မည် မဟုတ်ခြင်းက cryptocurrency အတွက် ကောင်းကွက်ဟု ထင်မိပါသည်။ နောက် ဆောင်းပါးတွင် ခိုင်မာသော coin များ၏ နည်းပညာ အားပြိုင်မှု အကြောင်းကို ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001