မင်္ဂလာပါ။ ၂၀၁၈-၂၀၁၉ cryptocurrency နှင့်ပါတ်သက်သော ဆောင်းပါးအကြောင်း ဆက်ပါအုံးမည်။ လွန်ခဲ့သော ဆောင်းပါးတွင် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သော cryptocurrency သွေးစွန်းသော နေ့ရက်များ အကြောင်းကို ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ အဘယ်ကြောင့် သွေးစွန်းသော နေ့ရက်များ အဖြစ် တင်စားရသနည်းဆိုသော် ..... ၂၀၁၇ နှစ်လယ် ပိုင်းလောက်မှ တရိပ်ရိပ် တက်လာသော BTC မှာ အကျ မရှိပဲ နေ့စဉ် နှင့်အမျှ အတက်သို့သာ ဦးတည်နေခဲ့ပါသည်။
မြန်မာပြည်တွင်တော့ မသိပါ။ ကိုးရီယား နိုင်ငံတွင်တော့ BTC အား Investment ခေါ်၍ အတိုး ကြီးကြီးပေးကာ ငွေအင်အား ဘီလီယံနှင့် ချီ၍ ရင်းနှီး မြုပ်နှံခဲ့ကြပါသည်။ အချို့က အမြတ်အစွန်း ကြီးကြီးမားမား ရသွားကြသည်။ BTC အား USD 10000 ကျော်တွင် ရှယ်ယာခေါ်၍ ရင်းနှီး မြုပ်နှံကြသူများမှာ အထိနာကြပါသည်။ ၂၀၁၇ ဒီဇင်ဘာလတွင် USD 20000 အထိ ရောက်ခဲ့သော BTC မှာ USD 13000 အထိကျသွားခဲ့ပါသည်။
ထိုအကျ တွင် အခွင့်အရေးဟု ယူဆကာ ငွေလုံး ငွေရင်း ဖြင့် ထပ်မံ ရင်းနှီး မြုပ်နှံကြပါသည်။ ထို့ကြောင့် ၂၀၁၈ ဇန်နဝါရီ ပထမပါတ်တွင် BTC ဈေးမှာ USD15000 အထက်သို့ ထပ်မံရောက်သွားခဲ့ကာ BTC ရင်းနှီမြုပ်နှံကြသူများ အသောမတတ် ရှယ်ယာ ထပ်ခေါ်ကာ ဤ cryptocurrency ဈေးကွက် အတွင်းသို့ ခြေစုံပစ် ဝင်ရောက်ရင်း နှီးလာကြပါသည်။
အကြောင်း ရှိပါသည်။ ၂၀၁၇ ဂျွန်လ လောက်မှ BTC အား ရင်း နှီး မြုပ်နှံကြသူတို့ မှာ ၂၀၁၇ ဒီဇင်ဘာလ ၆ လတာ ကာလအတွင်း အံ့သြလောက်ဖွယ်ရာ အမြတ်အစွန်း ရသွားကြပါသည်။ အချို့ က ၆ လ အတွင်း ဒေါ်လာသန်းနှင့် ချီ၍ ချမ်းသာသွားကြပါသည်။
ဤ အခြေအနေကို မြင်ကြရ၍ ၂၀၁၈ ခုနှစ်သည် cryptocurrency ခုနှစ် ဖြစ်နိုင်သည်ဟူ၍ အချို့က သူဌေး ဖြစ် ခွေးဖြစ် ရင်းနှီး မြုပ်နှံလာကြပါသည်။ ဆိုခဲ့ သည့်အတိုင်း ၂၀၁၈ ဇန်နဝါရီလတွင် USD 17000 အထိ ပြန်တက်လာခဲ့သော BTC မှာ တလအတွင်း USD6000 ကျော်အထိ ကျဆင်းသွားခဲ့ပါသည်။
ထို့ နောက် ၂၀၁၈ မတ်လ တွင် USD11000 အထိပြန်တက်လာခဲ့သော်လည်း Shock ဝင်သွားပြီ ဖြစ်သော ရင်းနှီးမြုနှံ ထားကြသူတို့မှာ မိမိတို့ ငွေရင်း ပြန်ရ ရန်သာ အာရုံထားလာကြသဖြင့် BTC ဈေး ဆက်တိုက်ပြန်လည်ကျဆင်းလာကာ ၂၀၁၈ ဇွန်လတွင် USD 6000 အောက်သို့ ကျဆင်းသွားပါတော့သည်။
ဆိုခဲ့သည့် အတိုင်း ရှယ်ယာ ခေါ်၍ အတိုးကြီး ပေးကာ ရင်းနှီမြုပ်နှံကြသူတို့မှာ ၆ လအတွင်း အမြတ်မရသည့် အပြင် မိမိတို့ အရင်း မှ ထက်ဝက်ခန့် ဆုံးရှုံးနေပြီ ဖြစ်သဖြင့် ရသမျှ ပြန်လည် ထုတ်ယူရင်း BTC ဈေးဆက်တိုက်ကျဆင်းသွားခဲ့ပါသည်။ ရေတို ၃ လ ၆ လ ဟူ၍ investment ခေါ်ကြသူတို့ အရှုံးကြီး ရှုံးကြ၍ ထွက်ပြေးကြသူများ ရှိကြသလို မိမိကိုယ်ကို အဆုံးစီရင်သွားကြသူများလည်း ရှိခဲ့ကြပါသည်။ အချို့ကလည်း လိမ်လည်မှုဖြင့် အဖမ်းခံကြရပါသည်။
ဤသည်မှာ ကိုးရီယားရှိ ကျွန်တော့ သူငယ်ချင်းပြောပြသဖြင့် သိရခြင်း ဖြစ်ပါသည်။ အခြားသော တရုတ် နှင့် အနောက် နိုင်ငံများတွင်လည်း ထိုနည်း နှင်နှင် ဖြစ်ပါသည်။ ဤ cryptocurrency shock ကြောင့် နိုင်ငံတကာရှိ အစိုးရများ cryptocurrency ရင်းနှီးမြုပ်နှံမှုအား အာရုံစိုက်လာကြကာ ထိန်းချုပ်နိုင်ရန် ကြိုးစားလာကြပါတော့သည်။
ဤသို့ ဈေးကွက် ပျက်နေစဉ် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် Bitcoin cash အကွဲအပြဲကြောင့် ရင်းနှီးမြုပ်နှံကြသူတို့ စိုးရိမ်စိတ်ပိုကြီးမားလာကာ BTC ဈေးအား USD3200 အထိ ထိုးကျသွားစေပါသည်။ ဤသည်မှာ ၂၀၁၈ ခုနှစ်၏ သွေးစွန်းသော နေ့ရက်များအား အကြမ်းဖျင်းဖေါ်ပြရခြင်း ဖြစ်ပါသည်။ BTC မှာ အခြားသော coin , token ဈေးကွက်အား ထိန်းချုပ်ထားခြင်း ဖြစ်ရာ BTC ဈေးပြိုဆင်းလာခြင်းနှင့်အတူ အခြားသော cryptocurrency များလည်း ဈေးကွက် ကျဆင်းလာရပါတော့သည်။
ဤသို့ ဈေးကွက် ကျဆင်းလာခြင်းနှင့်အတူ blockchain နည်းပညာ များအတွင်း၌လည်း ပြသနာများစွာ ရှိခဲ့ပါသည်။ ဥပမာ steemit မှ Developers အများ အပြား ဘက်ပြောင်းသွား ခြင်း ၊ Ethereum Classic မှ Developers များ ထွက်ခွာသွားကြခြင်း ၊ Cardano ( ADA ) ဥက္ကထ ဆင်းသွားရန် အဖွဲ့သားများက လက်မှတ်ထိုး၍ အတင်းအကျပ်ရာထူးစွန့်စေခြင်း EOS ဥက္ကထ Dan Larimer မှ EOS project မပြီးဆုံးမှီ စွန့်ခွာရန် အသံထွက်လာခြင်း စသည် စသည်ဖြင့် Blockchain နည်းပညာပိုင်းတွင်လည်း ကိုယ်စီပြသနာများ ရှိနေခြင်းက cryptocurrency အား ရင်းနှီး မြုပ်နှံ လိုကြသူတို့အား လက်တွန့်သွားစေပါသည်။ steemit platform ၏ ပြသနာများအား အထူးတလှယ် ဖေါ်ပြမနေတော့ပါ။ ကျွန်တော်ရေးသားထားပြီးသော ဆောင်းပါးများသာ ဖတ်ကြည့်စေချင်ပါသည်။
ဆိုခဲ့သည့် အတိုင်း ၂၀၁၈ ၏ ပြသနာများ ၂၀၁၉ အထိ ပါလာကြသည်ဖြစ်ရာ ၂၀၁၉ ခုနှစ်သည်လည်း cryptocurrency ၏ ကြမ်းတမ်းသော ခုနှစ်တခု ဖြစ်နိုင်ပါသည်။ ကျွန်တော့ ယခင် ဆောင်းပါးတွင် ဖေါ်ပြပြီး ဖြစ်သည့် အတိုင်း cryptocurrency များ ပြန်လည် ဦးမော့လာကြစေရန် မိမိတို့ blockchain ၏ ခိုင်မာမှု ၊ အသုံးပြုရ လွယ်ကူ မြန်ဆန်မှု ၊ security ခိုင်မာမှု ၊ လူကြိုက်များမှု စသည်စသည်တို့အား တည်ဆောက်ကြရမည် ဖြစ်ပါသည်။
ထိုထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အချို့က BTC အား လုံးဝတန်ဖိုးမရှိသော ငွေကြေးအဖြစ် zero value သို့ ရောက်သွားမည်ဟု ထင်ကြေးပေးနေကြသူများရှိသလို BTC သည် USD သိန်းဂဏန်းအထိ တန်ကြေးရှိသော ငွေကြေးအဖြစ်သို့ ရောက်သွားလိမ့်မည်ဟု ခန့်မှန်းကြသူများ ရှိနေကြပါသည်။ မည်သို့ပင်ဆိုစေ လက်ရှိအချိန် ယနေ့ကာလတွင် cryptocurrency အား လက်မခံလို သော်လည်း blockchain နည်းပညာအား လက်ခံလာနေကြရပြီဖြစ်ပါသည်။
နောက်ဆောင်းပါးတွင် ICO များ နှင့် coin များ token များ ၂၀၁၉ ခုနှစ်အတွက် ပြင်ဆင်ထားမှု အကြောင်းများအားဆက်လက်ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001