မင်္ဂလာပါ။ လက်ရှိကျွန်တော်တို့ နိုင်ငံအနေဖြင့် အများနိုင်ငံတကာနှင့်အတူ Covid-19 ကူးစက်ရောဂါပိုး တွေ့သွားပြီ ဖြစ်၏။ တမျိုးတော့ စိတ်အေးရသလို တမျိုးတော့ စိတ်ပူနေရသောအခြေအနေဖြစ်၏။ မျက်စိလည်သွားပါသလား.. ? အကျယ်ချဲ့၍ ရှင်းပြပါအံ့။
စိတ်အေးရသည်ဟုဆိုသည်မှာ အမိမြန်မာနိုင်ငံတွင် ထိုကူးစက်ရောဂါ မတွေ့ရဟု ဆိုခြင်းကြောင့် ကောလဟာလ သတင်းများ အတော်ပြန်နှံနေခဲ့၏။ တော်ကြာဟိုမှာ တွေ့သည် တော်ကြာ မေ့လဲကျ သည် ကူးစက်ရောဂါ အခြေအနေဆိုးနေပြီ ၊ အစိုးရက သတင်းအမှန်ကို ဖုံးကွယ်ထားသည် စသည်စသည်ဖြင့် Facebook တွင် ကလောင်လက်စွမ်း ကီးဘုတ်အစွမ်းပြကြသည်မှာ အံ့မခန်းရှိလှပေစွ။
ထိုအစွမ်းကြောင့်ပင် ထင်၏ Covid -19 ကာ အတော်နောက်ကျမှ ပြည်တော်ပြန် ကိုယ်တော်လေးတို့ ကိုယ်တော်ကြီးတို့ သယ်ယူလာသောကြောင့်သာ မြန်မာပြည်သို့ ရောက်ရရှာလေတော့၏။ စိတ်ပူရသည်ဆိုသည်မှာ ရောဂါကာတွေ့လေပြီ။ အစိုးရမင်းများကလည်း ဟုတ်မှန်သည့် အတိုင်း ထုတ်ပြောကြလေပြီ။
ကျွန်တော် တို့ကာ ရောဂါကူးစက်သောနေရာတွင် အများတန်းတူ နိုင်ငံတကာ အဆင့်မှီသွားပြီဖြစ်၏။ ထိုရောဂါ မရောက်မှီက မိမိတို့မှာ နိုင်ငံကြီးသာ မပီသ သလိုလို ခေတ်မမှီသလို လို အထင်ရှိနေခဲ့ကြ၏။ ယခုကာ ဆိုက်ကားသမားလည်း Covid-19 ။ စျေးသည်တို့ကလည်း Covid-19 ။ ကားသမား အချင်းချင်းကလည်း Covid-19။ ယုအစွဆုံး ကလေးများ ကစားကြရာတွင် လည်း Covid-19 ပါ၏။
တနေ့က ညနေလမ်းလျှောက်ရာတွင် သမီးရည်စားစုံတွဲ ရန်ဖြစ်သံကြားလိုက်ရ၏။ ကောင်မလေးက ကောင်လေးအား ဆဲဆိုရာတွင် " ဝူဟန်ဖြစ်ပြီးသေမဲ့မသာကောင်" ဟူသတတ်။ ခေတ်သစ်ဆဲနည်းဖြစ်၏။ ထိုရောဂါ မဖြစ်မှီကစက်ရုံ အလုပ်ရုံတို့ ပိတ်ကြပြီ ဖြစ်ကာ ယခုတော့ အလုပ်လက်မဲ့ကပေါရသည့်အထဲ အလွန်ကူးစက်လွယ်သော ရောဂါဖြစ်သူရှိနေပြီဟုသတင်းကြားရသည်မှာ လက်မအားသည့်ကြားက ယားနာ ထပေါက်သည်နှင့်ပင်တူသေးတော့၏။
ညသန်းခေါင်စျေးဝယ်ထွက်ကြ၏။ စျေးမဝယ်နိုင်သူတို့က ဝယ်နိုင်သူတို့အား ကဲ့ရဲ့ကြ၏။ လူတိုင်း စိတ်ပူကြ၏။ အချို့ကလည်း သေစရာရှိရင် ဝူဟန် မဖြစ်လည်းသေမှာပဲ ဟု စကားကပ်ကြ၏။ ဘေးအိမ်ရှိ အဘိုးကြီးကာ ခေတ်ကာလက ဆုတ်ကပ်ရောက်နေပြီ တရားလက်မလွတ်ကြစေနဲ့ ပြောပြီ ဘုံဆိုင်တွင် မောနင်းပက် သွားကစ်လေ၏။ အကြောင်းပြချက်ကာ သူရာရည်သည် ဝူဟန်ကို ခံနိုင်စွမ်း ရှိသည်ဟူသတတ်။
ကျွန်တော်လည်းစဉ်းစားရလေပြီ။ ၂၀၂၀ ကာ အများအစုအဖွဲ့ ကို ဆိုလိုဟန်ရှိ၏။ ဆိုလိုသည်ကာ ချမ်းသာရလျင် လူအများ ချမ်းသာကြမည်။ ကူစက်ရောဂါ ဖြစ်လျင် လူအများ နိုင်ငံအများ ကူးစက်ကြမည်။ အများနှင့် ဆိုင်သော ကိန်းဂဏန်း ခုနှစ်ဟုထင်၏။
ဆိုင်သည် မဆိုင်သည် အပထာ ၂၀၂၀ တွင် Hive Blockchain ဟူသော Social Media blockchain ပေါ်ပေါက်လာ၏။ Covid-19 ခေါ် ဝူဟန် ရောဂါ၏ နောက်တွင် ပေါ်လာခြင်း ဖြစ်၏။ Hive ဟူသော အဓိပ္ပာယ် မှာလည်း ပျားအုံကဲ့သို့ အစုအဝေး အဖွဲ့ အစု ဟူသော အဓိပ္ပာယ်ရ၏။ လူကြိုက်များ ရေပန်းစား လာမည့် သဘောဆောင်သည်လားမသိ။ Hive coin ဆိုသည့်အရာ 19$ အထိတက်လာလျင်ကာ ကောင်းလေစွ။
Henry Aung ( Kachin )