မင်္ဂလာပါ။ ယခုဖေါ်ပြပေးမည့် ဆောင်းပါးမှာ ကျွန်တော်၏ အာဘော် မဟုတ်ပဲ ပြင်သစ်နိုင်ငံသား ဆောင်းပါးရှင် ၏ cryptocurrency reason behind the crash ဆောင်းပါးအား ကျွန်တော့ အတွေးအမြင်ဖြင့် ပြန်လည် ဆန်းသစ်ဖေါ်ပြထားခြင်းသာဖြစ်ပါသည်။ ဆောင်းပါးရှင်မှာ ၂၀၁၇ နှစ်ကုန်ပိုင်း ခန့်ကပင် လက်ရှိ cryptocurrency ဈေးကွက် အတွင်း ၌ ဖြစ်ပျက်နေသော အခြေအနေများကို လေ့လာ၍ ၂၀၁၈ အတွက် ဖြစ်နိုင်ခြေရှိသော အနေအထားများကို ခန့်မှန်း ပြောဆိုထားခဲ့ပါသည်။
လက်ရှိကျွန်တော်တို့ ရှာဖွေနေကြသော cryptocurrency ဟုခေါ်သော ငွေကြေး ၊ တနည်းအားဖြင့် မည်သူမှ ထိန်းချုပ်ထား၍ မရသော ငွေကြေး ပုံစံသစ်တခုကို ကိုင်တွယ်အသုံးပြုကြရာတွင် ရေရှည် ထိပ်တိုက်တွေ့ကြမည့်သူများမှာ ပြည်သူနှင့် အစိုးရ ၊ ဘာဏ်များနှင့် နိုင်ငံရေး သမားများ ၊ ရင်နှီးမြုပ်နှံ မှုပြုကြသူများ စသည်တို့ပင် ဖြစ်ပါသသည်။
လက်ရှိအနေအထား အရတိုင်းနိုင်ငံ အသီးသီးတွင် cryptocurrency ကို သေချာစွာ သိရှိနားလည်ပြီး ကိုင်တွယ် အသုံးချတတ်သူ ရာခိုင်နှုန်း အတော်လေး နည်းပါသေးသည်။ ယခုအချိန်အထိ ပြသနာ ကြီးကြီးမာမား ဖြစ်မလာသေးသော်လည်း တချိန်ချိန် တွင် ဤ cryptocurrency မှာ နိုင်ငံတိုင်း ၏ ဗဟိုဘာဏ် နှင့် ထိပ်တိုက် တွေ့ကြမည်ဖြစ်ပါသည်။
ဗဟိုဘဏ်နှင့် အစိုးရကလည်း cryptocurrency ကို တရားမဝင် ငွေကြေးအဖြစ်ကြေညာလိုက်လျင် ထိုနိုင်ငံတွင် cryptocurrency မှောင်ခို ဈေးကွက်ကို ဖြစ်ပေါ်စေ၍ ထိုနိုင်ငံသားများမှာလည်း cryptocurrency ကို အသိအမှတ်ပြုထားသော နိုင်ငံတို့ ၏ Platform တွင်သာ trading လုပ်ကြသဖြင့် မိမိတို့ နိုင်ငံငွေကြေးအတွက် များစွာ နှစ်နာသွားမည်ဖြစ်ပါသည်။
ဥပမာအားဖြင့် လွန်ခဲ့သော လ ကကိုးရီယား နိုင်ငံတွင် ဤ cryptocurrency ဂရက်ကြောင့် ကိုးရီယားနိုင်ငံသားတိုင်း မိမိတို့ စုဆောင်းထားသော Coins များကို အခြားသော EU နှင့် US ကဲ့သို့သော နိုင်ငံများ ၏ trading platform သို့ ရွှေ့ပြောင်းလိုက်သောကြောင့် မိမိတို့ နိုင်ငံသားများ ၏ cryptocurrency investment များ ဘီလီယံ နှင့်ချီ၍ အခြားနိုင်ငံ အတွင်းသို့ စီးဝင်ကုန် သောကြောင့် အစိုးရမှ အလျင်အမြန်ဖြေရှင်းပေးခဲ့ရပါသည်။
တနည်းအားဖြင့် ပြောရလျင်လည်း အစိုးရ များ နိုင်ငံရေး သမားများ တနည်းအားဖြင့် policy makers များဟုခေါ်သော အမတ်များ ၊ ဘဏ် စနစ်များမှာ တိုင်းပြည်ကို အဓိက ချုပ်ကိုင်ကြသူများဖြစ်ပါသည်။ မိမိတို့တိုင်းသူပြည်သားများအား ငွေစက္ကူနှင့် အာဏာ ဟူသော အရာများဖြင့် အုပ်ချုပ်နေကြရခြင်း ဖြစ်ပါသည်။
ဤ cryptocurrency ဟုခေါ်သော ငွေကြေးတွင်ကျယ်လာလျင် ဘဏ်များနှင့် စက္ကူ ပိုက်ဆံများမှာ အဓိပ္ပါယ် မရှိတော့ပါ။ တနည်းအားဖြင့် မလိုအပ်တော့ပါ။ ထိုအခါ လူတိုင်းလူတိုင် မိမိတို့ ပိုက်ဆံ မိမိ တို့ ၏ လက်ထဲတွင်ရှိသဖြင့် မိမိတို့ ကြိုက်ရာလုပ်နိုင်ပြီ ဖြစ်သည်။ ငွေကြေးအတွက် cryptocurrency ကို မိမိတို့ ကြိုက်သလို ရှာဖွေနိုင်သလို မိမိတို့၏ ငွေများကိုလည်း မည်သူမျှ မထိန်းချုပ်နိုင်တော့ပါ။
ဤ သည်မှာ cryptocurrency အားကြီးလာသည်နှင့် အမျှ ဘဏ်များနှင့် ပို၍ ထိပ်တိုက် တွေ့လာကြမည် ဖြစ်သလို အစိုးရများ နှင့် အကြီးစားရင်းနှီး မြုပ်နှံကြသူများ အားပို၍ အခက်အခဲ တွေ့စေမည်ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရများမှ မိမိတို့ ကိုယ်ပိုင် cryptocurrency ထုပ်ဝေမည် လော သို့ မဟုတ် ပြင်ပတွင် လည်ပတ်နေသော cryptocurrency ကို လက်ခံမည်လောဟူ၍ ဖြစ်လာပါလိမ့်မည်။
အစိုးရမှ cryptocurrency ကို ထုတ်မည်ဆိုလည်း မိမိတို့ wallet ကို ထိန်းချုပ် နိုင်သော cryptocurrency ဖြစ်လျင် မည်သူမှ ဝယ်ယူမည် မဟုတ်သလို အစိုရအနေဖြင့် cryptocurrency market တခုကို တရာဝင် ဖွင့်ပေးရတော့မည် ဖြစ်ပါသည်။ လက်ရှိအနေအထားတွင် ဖြစ်ပျက်နေသော အခြေအနေမှာ နိုင်ငံရေးသမားများနှင့် ဘဏ်များမှ cryptocurrency ကြောင့် ကြွယ်ဝလာကြသူတို့ ထံမှ အခွန်အခ ကောက်ခံ၍ မရသောအခါ နိုင်ငံရေး ပေါ်လစီများထည့် သွင်း၍ ခြိမ်းခြောက်လာကြခြင်း ဖြစ်ပါသည်။
လက်ရှိ အနေဖြင့် တရုတ်တွင် bitcoin mining ကို ထိန်းချုပ်ထားသလို ၊ အန္ဒိယ တွင်လည်း bitcoin ဖြင့် ငွေပေးချေ ခြင်းကို တရားမဝင် ကြောင်း ကြေညာထားပါသည်။ နောက်တခု သဘောပေါက်ရန် လိုသည်မှာ နိုင်ငံရေး ၊ စီးပွားရေး သြဇာရှိသူများက မီဒီယာများ အသုံးချ ကာ coin ဈေးကွက် ပျက်တော့ မယောင် ၊ တနည်းအားဖြင့် ဘူပေါင်း ပေါက်တော့ မယောင် ကလောင်စွမ်းပြ ရေးသားစေ ခြင်းဖြင့် ဈေးကွက် အတွင် သံသယ ကို ထည့် လိုက်သောအခါ ဈေးနှုန်းများထိုးကျ ကုန် သဖြင့် ထို ကျ ဈေးအတိုင်း မတန်တဆ ဈေးဖြင့် ပြန်ဝယ်ယူ နိုင်အောင်လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
သို့သော် ဤ cryptocurrency market သည် ထိုကဲ့သို့သော အခြေအနေများကို အကြိမ်ကြိမ် ကြုံခဲ့ရသော်လည်း coin များကို ခိုင်မာသော နည်းလမ်း များဖြင့် ထုတ်ဝေထားသော အထူသဖြင့် မိမိတို့ နိုင်ငံ၏ တည်ဆဲ ဥပဒေများဖြင့် မညှိစွန်း စေပဲ ထုတ်ဝေထားသော coin တို့မှာ မိမိတို့ မျက်စိ ရှေ့တွင် ပင် တနှစ်ပြီး တနှစ် တန်ဖိုးတက်လာနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် မဝေးသောကာလ အချိန်တခုသို့ရောက်လျင် ငွေကြေး ခေတ်ပြောင်းတော်လှန်ရေး ကာလတို့ ရောက်လျင် မိမိ တို့ တွင် လုံလောက်သော cryptocurrency ရှိနေစေရန် အလို့ငှာ သေချာ ခိုင်မာသော coin များကို ရှာဖွေစုဆောင်းထားသင့်ပါကြောင်း ဖေါ်ပြပေးလိုက်ရပါသည်။
ဆောင်းပါရှင် ၏ ဆောင်းပါးကို အောက်ပါ လင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/investors-group/@ricko66/cryptocurrency-reasons-behind-the-crash
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001