မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Steemit Platform အကြောင်း Myanmar Steemit Community အကြောင်းများ သာရေးသား နေကြဖြစ်ရာ စာဖတ်သူ မိတ်ဆွေတို့ ကျွန်တော် တပ်ထားသော ခေါင်း စဉ်ကိုကြည့်၍ ထူးဆန်းနေမည်မှ သေချာပါသည်။ ကျွန်တော့ အနေဖြင့် ထိုသို ခေါင်းစဉ်တပ်ထားရခြင်းမှာ ကျွန်တော့ အနေဖြင့် Myanmar Steemit Community အား admin များဖြင့် လက်တွဲ ခေါ်ရာတွင် အချို့ လူဟောင်းများမှာ ကျွန်တော် မည်သူမည်ဝါဆိုသည်ကို သိမည်ဖြစ်သော်လည်း လူသစ်အများစုတို့ မှာ ကျွန်တော့ကို ဆရာတယောက်သဖွယ် ဆက်ဆံနေကြသဖြင့် ကျွန်တော်ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
အမှန်ဆိုရသော် ကျွန်တော့ အနေဖြင့် သာမန်ထက်ထူးခြားနေသူမဟုတ်ပါ။ ကျွန်တော်သည် သာမန် လခစား ပညာရေး ဝန်ထမ်း မိသားစု မှ ပေါက်ဖွားလာသူ တယောက်သာဖြစ်ပါသည်။ စာဖတ်သူ မိတ်ဆွေများနည်းတူ ဝမ်းစာရှာဖွေရေးအတွက် နေ့စဉ် လုပ်ငန်းခွင် ဝင်နေရသူ တယောက်သာဖြစ်ပါသည်။
သာမန်လူတယောက် ဖြစ်သည့်အတိုင်း လောဘရှိသည်၊ ကိလေသာ တဏာ ရှိသည်။ ထို့အပြင် သာမန်ထက်ထူး၍ ပညာရပ်များကို တတ်ကျွမ်းထား သောပညာရှင်လည်း မဟုတ်သလို ထိုသို့သော ပညာရပ်များသင်ကြားပြသ၍ အသက်မွေးနေသူ မဟုတ်၍ ကျွန်တော့အား တလေးတစား ဆရာဟု ခေါ်တိုင်း စိတ်မသန့် ဖြစ်ရပါသည်။ ထို့ကြောင့် ကျွန်တော့အား ဆရာဟု ခေါ်မည့်အစား အစ်ကိုတန်က အစ်ကို ညီလေးတန်က ညီလေး တူသားအရွယ်ဖြစ်ပါက တူသား ခေါ်ကြရန်သာတိုက်တွန်းလိုပါသည်။
ကျွန်တော်တပ်ထားသော ခေါင်းစဉ် အကြောင်း ဆက်ပါအုံးမည်။ I2wan ဆိုသည်မှာ ကျွန်တော့ ဘဝ နေ နည်းထိုင် နည်း တွေးခေါ်နည်း များကို လုံးဝပြောင်းလည်း ပေးလိုက်သော ကျွန်တော်၏ သင်ဆရာ တယောက်ဖြစ်ပါသည်။ သူ၏ နာမည် အပြည့်အစုံမှာ ( အိုင်တူးဝမ် - I2Wan) ဖြစ်ပြီ ကိုရီးယား လူမျိုး အပျိုကြီး တယောက်ဖြစ်သလို အလွန် အသင်အပြကောင်းသော သင်တန်းနည်းပြဆရာတယောက်လည်း ဖြစ်ပါသည်။
ကျွန်တော်သူနှင့်သိကျွမ်းရသည်မှာ ကျွန်တော်သင်္ဘောကျင်းတွင် Supervisor တယောက်ဖြစ်လာသောအခါ ကျွန်တော်အနေဖြင့် မိမိကိုယ်ကို မြှင့်တင်လို သဖြင့် သူ၏ effective supervisory skill သင်တန်းကို တက်ရောက်ရင်း သိကျွမ်းခဲ့ရခြင်းဖြစ်ပါသည်။ ကျွန်တော် မြန်မာလူမျိုး မှန်းသိသောအခါ ပို၍ ရင်းနှီးသွားသလို သင်တန်းကာလတွင် ကျွန်တော်မှ ကျွန်တော်သိချင်သော အကြောင်းများကို မေးခွန်များ ဆက်တိုက်မေးတတ်သဖြင့် ကျွန်တော်နှင့်ပိုမို ရင်းနှီးသွားရခြင်းဖြစ်ပါသည်။
ဤတွင် ကြုံ၍ ဗဟုသုတရစေရန် မျှဝေပေးချင်သည်မှာ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရာတွင် မေးခွန် မေးသော သင်တန်းသူ သင်တန်းသားများကို ဆရာများက အလွန်သဘောကျလို ၊ သူတို့ သင်ကြာရသော ဘာသာရပ်များတွင် ကပ်သီးကပ်သပ် ချောင်ပိတ်မေးသော မေးခွန်း များကို မဖြေနိုင်သေးလျင် မှတ်သားထားပြီး သူတို့ကိုယ်တိုင် research လုပ်၍ နောက်တနေ့ သို့ မဟုတ် သင်တန်းပြီးသွားပါက ကိုယ်မေးထားသော မေးခွန်းကို email ဖြင့် တလေးတစား ပြန်ဖြေပေးကြပါသည်။
ဆက်ပါအုံး မည် ။ ကျွန်တော် I2wan နှင့် ပိုမို ရင်းနှီးသွားရသော အခြားအကြောင်းအရင်းမှာ I2wan မှာ ကိုးရီးယား Daewoo ကုမ္ပဏီ နှင့် ပါတ်သက်ပြီး မြန်မာပြည်တွင်လည်း လအတန်ကြာနေထိုင်ခဲ့ရသဖြင့် မြန်မာလူမျိုး အကြောင်း ကို အတော်အတန်သိသူတယောက်ဖြစ်ပါသည်။
ဤဆောင်းပါမှာ သူ၏သင်တန်းအကြောင်းကို ဖေါ်ပြရန် မဟုတ်သော်လည်း ဗဟုသုတရစေရန်အလို့ ငှာ သင်းတန်းအတွင်း၌ ပြုလုပ်ခဲ့ရသော လက်တွေ့သင်ခန်းစာ အချို့ကို ဖေါ်ပြပေးလိုပါသည်။ ထိုသင်သန်းတွင် သင်တန်းသူ သား ၁၅ ယောက်ရှိပါသည်။ I2wan မှ သူ့ကိုယ်သူ မိတ်ဆက်ပြီး အခြားသူများကိုလည်း တယောက်ချင်း မိတ်ဆက်စေပါသည်။
ဤသို့ မိတ်ဆက်ရာတွင် တယောက်ချင်စီတွင်သူ သိလိုသည်များကို မေးမြန်ပါသည်။ ထိုသင်တန်ကာလမှာ စာတွေ့မရှိသလောက်ဖြစ်ပြီး လက်တွေ့များဖြင့်သာ သင်ကြားပြသပေးသွားပါသည်။ ထိုလက်တွေ့များထဲတွင် communication ဟု ခေါ်သော ဆက်ဆံပြောဆိုရာတွင် လိုက်နာသင့်သော အချက်များအကြောင်း လက်တွေ့သင်ခန်စာကို ဖေါ်ပြလိုပါသည်။ ပထမတွင် ကျွန်တော်တို့ သင်တန်သူ သားများ၏ မျက်လုံးကို ပဝါ စည်းခိုင်းထားပါသည်။
ထို့နောက် သူ့ အနေဖြင့် ကျွန်တော်တို့အား ဘာလုပ်ရမည်ကို လမ်းညွန် ၍ ကျွန်တော်တို့ အနေဖြင့် သူလမ်းညွန်မှု ပြီးသည်အထိ စကားမပြောရသလို မေးခွန်းမေးခွင့်လည်းမရှိပါ။ ထို့နောက်သူ့ လမ်းညွန်မှုစ ပါတော့သည်။ ပထမဦးဆုံး မိမိတို့ စာရေးစာပွဲးပေါ်မှ A4 စာရွက်ကို ယူ၍ ခေါက်လိုက်ပါဟု ပြောပါသည်။
ထိုအချိန် ကျွန်တော အနေဖြင့် တဝက်ခေါက်ရမည်လား ၃ ပုံ ၁ ပုံ ခေါက်ရမည်လား ထေင့်စွန်းကို ခေါက်ရမည်လား မသိ၍ စာရွက် ကို မည်သို့ ခေါက်ရမည့် အကြောင်း မေးသောအခါ သူက စကားမပြောရန်နှင့် မေးခွန်းမေးခွင့်မရှိဟု ပြန်ပြောပါသည်။ ထို့နောက်ထပ်မံ၍ ခေါက်ပြီးထား စာရွက် ဘယ်ဘက်ထပ်ခေါက် ၊ ပြီးရင် တဝက်လောက်ဖြဲလိုက်၊ ပြီးရင် စာရွက်ကို တြိဂံချိုးလိုက် ၊ ပြီးရင် စာပွဲပေါ်ပြန်ဖြန့်ထားလိုက် ဟုတခုပြီးတခု လမ်းညွန် ပါသည်။
ထိုက်နောက်မိမိတို့ မျက်နှာ စည်းထားသော ပုဝါများကို ချွတ်၍ မိမိတို့ ချိုးထားသော A4 စာရွက်ကို ကြည့်ခိုင်းပါသည်။ သင်တန်းသူ သားများ၏ A4 စာရွက်မှာ တယောက်နှင့် တယောက်လုံးဝ မတူပါ ။ အချိုမှာ ဖြဲထားသည်မှာ အစိတ်စိတ်အမွာ မွာ အချို့မှာ ခေါက်ထားသော်လည်း ထက်ဝက် ဖြဲထားသလို အချို့ သူများ၏ စာရွက်ကတော့ ဒီအတိုင်း အပြန့်အတိုင်းသာ။
ထိုအခါ I2wan မှ သင်တန်သူ/သားများအား လမ်းညွန်သူတယောက်တည်းထံမှ လမ်းညွန်မှုကို အားလုံးတန်းတူ ရကြသော်လည်း အဘယ်ကြောင့် ထွက်ပေါ်လာသော ရလဒ်များ မတူညီကြောင်းကို မေးပါသည်။ မည်သူမျှ မဖြေနိုင်ကြသော်လည်း ကျွန်တော် ကတော့ ပြန်ပြောပါသည်။ လမ်းညွန်သူမှ တိကျသော လမ်းညွန်ချက်ကို မရရှိ၍ ဤကဲ့သို့ တကွဲတပြားသောရလဒ် ထွက်လာရပါသည်ဟု။
သူ့အနေဖြင့် ဟုတ်မှန်ကြောင်း ဝန်ခံပြီး ကျွန်တော်တို့ ၏ နေ့စဉ် လုပ်ငန်းခွင်များဖြင့် ယှဉ်၍ ပြသနာများကို ရှင်းပြပါသည်။ ကျွန်တော်တို့ လုပ်ငန်းခွင်တွင် မိမိတို့ အလုပ်သမားများကို လမ်းညွန် ရာတွင် ပါးစပ်ဖြင့်သာ ညွန်ကြား၍ တိကျ လမ်းညွန်ချက်များ မပေးကြကြောင်း ၊ အလုပ်သမားများမှ မရှင်း၍ ပြန်မေလျင် လျှာမရှည် နဲ့ ငါပြောတာ နားထောင်းဟု အမိန့်ပေးတတ်ကြောင်း ၊ အလုပ်ပြီး၍ မိမိလိုချင်သောရလဒ် ထွက်မလာလျင် အလုပ်သမားတို့အား မိမိပြောသည်ကို နားမထောင်ပေါက်ကရ လုပ်ထားသည်ဟူ၍ ပြန်လည် ပြစ်တင် ကြိမ်းမောင်း တတ်ကြောင်းနှင့် လူဆိုသည်မှာ တိကျသော လမ်းညွန်မှုမရသည့်အခါ ထိုနားမရှင်းသော လမ်းညွန်မှုများကို မိမိစိတ်ကူးအတိုင်း ပုံဖေါ်တတ်ကြောင်း ၊ အဘယ်ကြောင့် ထိုသို့ ပုံဖေါ်ကြသနည်းဆိုသည်မှာ လက်ရှိ မိမိတို့ စာပွဲ ပေါ်တွင်ရှိသော A4 စာရွက် က သက်သေဖြစ်ကြောင်း အကျယ်တဝင့်ရှင်းပြပါသည်။
ထိုအချိန်တုန်းက ခံစားမှုအတိုင်းပြောရလျင် ဒါ ငါ့ စောင်း ပြောတာမဟုတ် တည့်တည့် ပြောတာဟုပင်ခံစားမိခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် supervisor ဖြစ်လာပြီး နောက်ပိုင်း အလုပ်သမားများအား instruction လမ်းညွန်မှုပေးရာတွင် သူပြောပုံနှင့် ထပ်တူထပ်မျှဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ I2wan ၏ များလှသော လက်တွေ့သင်ခန်းစာများထဲမှ တခုကို ဖေါ်ပြခြင်းဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့် I2wan နှင့်ပါတ်သက်၍ သင်ယူခဲ့ရသော အခြားအကြောင်းများကို အသာပေးဖေါ်ပြလိုပါသည်။ ဆိုခဲ့သည့် အတိုင်း ထိုသင်တန်းတွင် ကျွန်တော် I2wan နှင့် နေ့လည်စာအတူစားရင်း ကျွန်တော့ အကြောင်းပြောဖြစ်ပါသည်။ သူပေးချင်သော message မှာ ကျွန်တော် ဖြစ်နေသည်နှင့် ထပ်တူထပ်မျှ ဖြစ်နေကြောင်းနှင့် ကျွန်တော့ အနေဖြင့် နောင်တွင် ကျွန်တော့ အလုပ်သမားများအား လမ်းညွန်ရာတွင် သေချာတိကျသော လမ်းညွန်မှု ပေးပါတော့မည်ဟု ကတိပေးမိပါသည်။
သူအနေဖြင့် ကျွန်တော့အားပြန်မေးသည်မှာ ကျွန်တော့ လက်အောက်တွင် အလုပ်သမား မည်မျှ ရှိကြောင်း မေးပါသည်။ ထိုအချိန်က ကျွန်တော့ လက်အောက်တွင် အလုပ်သမား ၆၀ ကျော်ရှိပါသည်။ ထိုအချိန်တွင် သူပြန်ပြောသောစကားများကို ကျွန်တော်တသက်မမေ့ပါ။ သူပြောသည့်အတိုင်း ပြန်ရေးပြရလျင် Henry အနေဖြင့် အလွန်အောင်မြင်သော သူ တယောက်ဖြစ်လို ကြောင်း Supervisor ဖြစ်လျင်လည်း အလွန်တော်သော အထက်လူကြီးများအားကိုးအားထား ပြုရသော supervisor တယောက် ဖြစ်လို စိတ် တနည်းအားဖြင့် မိမိကို အသိအမှတ်ပြု စေချင်သော စိတ်အားကြီး နေကြောင်း ပြောပြပါသည်။
မှန်ပါသည်။ ထိုအချိန်တုန်းက ကျွန်တော့အနေဖြင့် မိမိ နာမည်ကောင်း ရရန် ကြိုးစားနေချိန် မိမိရာထူးတက်ရန် ကြိုးစားနေချိန်ဖြစ်၍ သူပြောသည့် အတိုင်း အားလုံး အမှန်ပင် ဖြစ်နေပါသည်။ ထို့နောက် သူ့အနေဖြင့် အလုပ်သမားနှင့် supervisor ဟူသော ဘောင်ကို စည်းကမ်း ချက်များတွင်သာလိုက်နာ၍ ကျန်အချိန်များတွင် အလုပ်သမားများနှင့် အဖွဲ့အစည်း စိတ်ဓါတ်ရှိစေရန် လမ်းညွန်မှုပေးပါသည်။
အလုပ်သမားတို့ ၏ အခက်အခဲ များကို နားထောင်တတ်ရန်နှင့် အလုပ်သမားများကို အဖွဲ့အစည်း စိတ်ဓါတ်ရှိစေရန် မိမိတို့ supervisor များကလည် တခါတရံ အလုပ်သမားများနှင့် တန်းတူ အလုပ်လုပ်ပေးရသလို သူတို့အား ရယ်မော ပျော်ရွှင်စေရန် တနည်းအားဖြင့် supervisor ဖြစ်သူမိမိအား အုပ်ချုပ်သူ ဟူ၍ မမြင်စေပဲ မိမိတို့ နှင့် တသားတည်း မိမိတို့ အဖွဲ့ခေါင်းဆောင်ဟု မြင်စေရန် လိုအပ်ကြောင်း သင်ပြပေးပါသည်။
ထို့ အတူ သင်တန်း အတွင်းမှ လက်တွေ့သင်ခန်းစာ များကိုလည်း အကောင်အထည် ဖေါ်ရန် လမ်းညွန်မှုပေးပါသည်။ သူပြောသည့် အတိုင်း အကောင်အထည် ဖေါ်လိုက်သောအခါ ကျွန်တော်၏ နေ့စဉ် အလုပ်လုပ်ရသော သင်္ဘောကျင်း supervisor ဘဝမှာ အရာအားလုံး အဆင်ပြေသည်ဟု မဆိုတောင် အရင်ကနှင့်တော့ အတော်ခြားနားသွားပြီ ဖြစ်ပါသည်။
ကျွန်တော် ပြောလိုရင်းမှာ သူ၏ အသင်အပြကောင်းမှုကြောင့် အဆင်ပြေလာသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ရှင်းပြပါမည်။ နှောင်တွင် I2wan နှင့်တွေ့၍ ကျွန်တော့် အလုပ်အကိုင်အကြောင်းမေးသောအခါ ကျွန်တော်ကလည်း အဆင်ပြေကြောင်းပြော၍ ကျွန်တော့ရင်ထဲတွင်ကျန်နေသော မေးခွန်းတခုကို မေးမိပါသည်။
ကျွန်တော်မေးသော မေးခွန်မှာ အဘယ့်ကြောင့် ကျွန်တော့တွင် အဖွဲ့ အစည်း စိတ်ဓါတ်မရှိပဲ အလွန်တော်ချင်သောစိတ်၊ အများအထင်ကြီးစေချင်သောစိတ်၊ အများက အသိအမှတ်ပြု စေချင်သောစိတ်များ ရှိနေကြောင်း ကို မေးဖြစ်ပါသည်။ သူပြန်ရှင်းပြသည်မှာ အင်မတန် မှတ်သားစရာကောင်းပါသည်။
ကျွန်တော်တို့ မြန်မာပြည်သာမဟုတ် အာရှ နိုင်ငံမှ အများစုများသည် အဖွဲ့အစည်း စိတ်ဓါတ်အားနည်းကြကြောင်း ရှင်းပြပါသည်။ အလွန်ဆိုးဝါးသော စနစ် တခု ၏ ပုံသွင်းခြင်းခံရသောကြောင့် ဤသို့ အတ္တ စိတ်များ ဝင်ရောက်လာကြောင်းကို ရှင်းပြပါသည်။ ပညာရေးဖြင့် ဥပမာပြပါသည်။ ကျွန်တော်တို့ ပညာရေးတွင် အဆင့် ၁, ၂ / grade A , B ဟူ၍ ခွဲခြားလိုက်သဖြင့် အတန်းထဲတွင် အဆင့်၁ ရသူ ငါသာ အတော်ဆုံး ၊ မြန်မာ တနိုင်ငံလုံး ငါသာပထမ ရအောင်လုပ်မည် ငါသာ အဆင့် ၁ ဖြစ်ရမည် ။
လုပ်ငန်းခွင် ရောက်လျင် ငါသာ အခြားအလုပ်သမားများထက် အတော်ဆုံး ဖြစ်ရမည် supervisor ဖြစ်လျင်လည်း အတော်ဆုံးဖြစ်ရမည် စသည်ဖြင့် အဆင့် ခွဲလိုက်သည်မှာ အဖွဲ့အစည်း ဖွဲ့ရာတွင်လည်းငါ သာ ခေါင်းဆောင် ငါ အတော်ဆုံး ဖြစ်ရမည် စသည်ဖြင့် တဦး တယောက်တည်းကသာ ကြိုးစားသဖြင့် အဖွဲ့အစည်း စိတ်ဓါတ်မရှိနိုင်ဖြစ်ကြရကြောင်းရှင်းပြပါသည်။
အဖွဲ့အစည်းဟု ဆိုရာတွင် လူတိုင်၌ မတူညီကြသော အရည်အချင်းများရှိရာ ထိုမတူညီ သော အရည်းချင်းများကို စုပေါင်း၍ အားနည်းချက်များကို ဖေးမပြီး လုပ်ဆောင်သွားလျင် အလွန်ထိရောက်သလို အလွန် အကျိုးများကြောင်းကို ဂျပန်၊ ကိုးရီးယား ၊ စင်္ကပူ နိုင်ငံများကို ဥပမာပေး၍ ရှင်းပြပါသည်။
ထိုအချိန်တွင်စကားကြုံ၍ ကျွန်တော်တို့ မြန်မာလူမျိုးတို့ ၏ အဖွဲ့အစည်း စိတ်ဓါတ်ဖြင့် လုပ်ဆောင်မှု အားနည်းကြောင်းပြောပြမိသောအခါ I2wan အနေဖြင့် ပြန်ပြောသည်မှာ မြန်မာ ပြည် တိုးတက်လိုလျင် လက်ရှိ မူကြို တက်နေသော ခလေးများကို အဖွဲ့အစည်း စိတ်ဓါတ် ၊ စည်းကမ်း ၊ လောကနီတိ ပြည်သူ့ နီတိများကို အခုမှ စတင်၍ သင်ကြားပေးပါ။
ပညာရေးစနစ်တခုလုံးကို မြေလှန်၍ ဒါသင်ဒါကျက်ဒါဖြေ ဆိုခြင်းထက် အရာရာအား ခွဲခြမ်း စိတ်ဖြာလေ့လာတတ်စေရန် ကိုယ့်အားကိုကိုယ်း research လုပ်စေတတ်သော ပညာရပ် များကို သင်ကြားပြသ၍ ထို ခလေးများ အသက်၃၀အရွယ်သို့ ရောက်လျင် မြန်မာပြည် တိုးတက်လာပါလိမ့်မည်ဟု ရှင်းပြပါသည်။
တနည်း ဆိုရသော် မှားယွင်းနေသော ခေတ်မမှီသော ပညာရေး စနစ်တခုလုံး ပြောင်းလည်းပြစ်ရန်ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် နိုင်ငံရေးသမား မဟုတ်သလို ၊ နိုင်ငံ့ခေါင်းဆောင်လည်း မဟုတ်သဖြင့် I2wan ၏ အကြံပေးချက်ကို အကောင်ထည် ဖေါ်ရန် မစွမ်းသာပါ။ သို့သော် သတင်းများ ဂျာနယ်များတွင် စာမေးပွဲ မအောင်၍ ကြိုးဆွဲချ သေရပါသည် ၊ အဆင့် ၁ မရ ၍ အရိုက်ခံရပါသည် ၊ ဘာသာစုံ ဂုဏ်ထူးမထွက်၍ တံတားပေါ်မှ ခုန်ချရပါသည်ဟူ သော သတင်းများတွေ့တိုင်း I2wan ကိုသာမြင်ယောင်နေမိပါတော့သည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001