အမှန်မှာ ငြမ်းတခုဆင်ရာတွင်အဖွဲ့လိုက် စည်းချက်ကျဖို့ အလွန်အရေးကြီပါသည်။ ငြမ်းဆင်တတ်သူ အားလုံးကို scaffold erector များဟု ခေါ်သော်လည်း အဓိကအားဖြင့် ၃ မျိုးခွဲခြားထားပါသည်။ ငြမ်းကို ကျွမ်းကျင် စွာ ဆောက်တတ်သူ ၊ အမြင့် မကြောက်သူများကို erectors များဟု ခေါ်ပါသည်။ ထိုသူများမှာ ငြမ်းပစ္စည်းသာ အစုံ ရှိနေပါက အလုပ်ကို ခဏအတွင်းပြီးစေပါသည်။ ထို့နောက် ငြမ်းကိုတော့ ကျွမ်းကျင်စွာ မဆောက်တတ် သို့ သော်လည်း အမြင့် မကြောက်တတ် ။
လို အပ်လျင် erectors များကို အကူအညီ ပေးနိုင်သူများကို supporter များဟု ခေါ်ပါသည်။ ထို့ နောက် ငြမ်းအကြောင်းကိုလည်း မသိ ၊ အမြင့် တက်ရမှာ လည်း ကြောက် သူ တို့ မှာ မြေပြင်တွင်နေပြီး erectors နှင့် supporter များအဖို့ လိုအပ်သော ငြမ်းပစ္စည်းများကို သယ်ယူ ပို့ ဆောင်ပေးရသူ carrier ဖြစ်ပါသည်။ Erectors များမှ ငြမ်း ပစ္စည်း မည်မျှလိုမည်ကို ခန့်မှန်းပြီးသည့် နောက် အလုပ်စသည်နှင့် ကိုယ့်တာဝန်ကိုယ်ယူကြရပါသည်။ ငြမ်း အထပ်မြင့်လာသည်နှင့် အမျှ erectors များက ငြမ်းကို ဆက်လက်ဆင်သွားပြီး supporters များက carriers များနှင့် တွဲပြီး erectors များအတွက် ပစ္စည်း မပြတ်စေရန် ငြမ်း အထက်နှင့် အောက်ကို ညှိပေးရသည်။
Carriers များကလည်း ငြမ်းဆောက်နေသူ တို့၏ အခြေအနေကို ကြည့် ပြီး ပစ္စည်းများကို လိုအပ်သလို သယ်ယူပို့ ဆောင်ပေးရသည်။ ငြမ်းဆင်၍ ပြီးတော့မည် ဆိုလျင်လည်း မိမိတို့ သယ်ယူ၍ ပိုသောအစ္စည်းများအား စနစ်တကျပြန်ထားခြင်း သန့်ရှင်းရေး များလုပ်ထားခြင်းဖြင့် မိမိတို့ အဖွဲ့သားများ ငြမ်းပေါ်မှ ဆင်းလာချိန်တွင် အောက်ခြေတွင် အားလုံးပြီး၍ ဘားမှ ထပ်လုပ်စရာမလို အောင် carriers များက တာဝန်ယူ တတ်ရပါမည်။
ထို့ ကြောင့် ငြမ်းအဖွဲ့ တခု စည်းစည်းလုံးလုံးဖြင့် အလုပ်လုပ်တတ်လျင် အလွန်လွယ်ကူသလို အလုပ်လည်း ပြီးမြန်ပါသည်။ ထိုသို့ မဟုတ်ပါက ငြမ်းဆင်နေစဉ် erectors များက ပစ္စည်း ဆင်းသယ်ရ, supporters များက ငြမ်း ဆောက် , carriers များက ပျောက်နေလျင် ထို အဖွဲ့ အဖို့ တော့ အလုပ်လုပ်တိုင်း ခိုက်ရန်ဖြစ်ပွားနေရမည်သာ။
တကယ်လည်း ရန်ဖြစ်ကြရပါသည်။ အလုပ်စမည် ပြောသည်နှင့် အိမ်သာသွားသူ၊ မယောင်မလည်နှင့် ရေသွားခပ်နေသူ အများသူငှာ ပစ္စည်းသယ်ပြီမှယာင်လည်လည် နှင့် ပြန်ရောက်လာ ထိုကဲ့သို့ သောသူများပါဝင်လာပါက စိတ်ဝမ်းကွဲကြ၍ ရန်ဖြစ်ရင်းသာ အချိန်ကုန်ရပါသည်။ ငြမ်း သင်တန်းကို ဆက်ပါအုံးမည်။ ထိုနေ့က ပျဉ်ပြားလွတ်ကျ၍ မိမိတို့မှာ ပြင်းပြင်းထန်ထန် ဆဲခံရပြီးနောက် အလုပ်ကို သတိထား၍ လုပ်ကြရပါတော့သည်။
ထိုစဉ်က မိမိတို့ အဖွဲ့ သာမက အခြားအဖွဲ့သားများလည်း ပစ္စည်းများပြုတ်ကျ၍ အဆဲခံရပါသည်။ ထိုစဉ်တုန်းကတော့ ဒီပစ္စည်းလေး ပြုတ်ကျ တာ မတရားဆဲခံရသည်ဟုသာ အောက်မေ့မိသော်လည်း နောင် သင်္ဘောကျင်းတွင် တကယ်အလုပ်လုပ်ရသောအခါ ထိုပစ္စည် ပြုတ်ကျခြင်းသည် မည်မျှအန္ဓာရာယ်ကြီးကြောင်းကို သိလာရပါသည်။ ဤတွင် မိမိတို့မှာ မည်သို့ သတိထားသော်လည်း ကလစ်ပြုတ်ကျ လိုက် ၊ ပိုက်ပြုတ်ကျလိုက် ဆရာကလည်း ဆဲလိုက်ဖြင့် လုံးချာလည်လိုက်နေပါသည်။
ဤသို့ဖြင့် ၃ ထပ်ငြမ်းသင်ခန်းစာသို့ ရောက်ရှိလာပါတော့သည်။ ဤတွင် အခြားလူမျိုးတို့ကို အသာထား၍ မြန်မာလူမျိုး ငြမ်း အဖွဲ့ သားများအကြောင်းကို အနည်းငယ် ဖေါ်ပြလိုပါသည်။ မိမိတို့ မြန်မာလူမျိုးများသည် ဝေဖန်ခံရမှုတွင် အင်မတန်သီးခံမှုနည်းကြသောလူမျိုးများဖြစ်ကြပါသည်။ ကျွန်တော်ကိုယ်တိုင်လည်းထိုထဲတွင်ပါဝင်ပါသည်။
မိမိကြောင့် ပစ္စည်းပြုတ်ကျ၍ တဖွဲ့လုံး အဆဲခံရလျင် အဖွဲ့သားများမှ သေချာဂရုတစိုက် အလုပ်လုပ်ရန် ပြောသောအခါ ထို ဝေဖန်ခံရသူမှ " အေးပါသူငယ်ချင်းတို့ရာ ငါ ဂရုစိုက်ပါမယ် နောင်မဖြစ်စေရပါဘူး" ဟု ပြောလျင် ကိစ္စပြီးမည်ဖြစ်သော်လည်း " ငါလည်း ဂရုစိုက်နေတာပဲကွ ၊ သူ့ဖာသာသူကျသွားတာ ငါလည်း မတတ်နိုင်ဘူး။ မင်းတို့က ဆရာကြီးတွေလား..? " ထိုသို့သာ ခွန်းတုန့်ပြန်ကြသဖြင့် သင်တန်းကာလမှာပင် အချင်းချင်း စိတ်ဝမ်းကွဲကြပြီ အဲဒီကောင်ပါလာလျင် အဖွဲ့မှ ထွက်မည် ဟိုကောင် မျက်ခွက်ကိုကြည့်မရ၍ တခြားအဖွဲ့ သို့ပြောင်းမည့်သူနှင့် လုပ်ငန်းခွင်သို့ မဝင်မှီကပင် ကွဲပြဲနေကြပြီးဖြစ်ပါသည်။
အခြားတခုမှာ မိမိတို့လူမျိုးသည် စကားပြောလျင် အဆဲနှင့်ပြောကြသဖြင့် မိမိအားဆဲသည်ဟု ထင်ပြီး အပြန်အလှန်ဆဲကြသဖြင့် ပြသနာမှာ ပို၍သာဆိုးဝါးသွားစေပါသည်။ မိမိတို့လည်း ရန်ဖြစ်လိုက် ဆဲဆိုလိုက်ငြမ်းဆင်လိုက်ရင်းဖြင့် ၃ ထပ်ငြမ်းသင်ခန်းစာ ကို ပြီး မြောက်ခဲ့ပါသည်။
ဆဲဆို ရန်ဖြစ်ကြသော်လည်း တရားဝင် ကိုယ်ထိလက်ရောက် ရန်ဖြစ်ခွင့် မရှိပါ။ ကိုယ်ထိလက်ရောက် ကျူးလွန်ရန်ဖြစ်ကြပါက မည်သူမှားသည် မည်သူ မှန်သည်ကို မဆုံးဖြတ်ကြပါ။ နှစ်ယောက်လုံးကို မိမိနေရပ်သို့ ပြန်ပို့ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အင်မတန် အဆဲသန်သလို အငေါက်လည်း အလွန်သန်ပါသည်။ ထို အဆဲ အငေါက်တို့ မှာ ကျွန်တော် scaffold supervisor ဖြစ်ပြီးနောက်ပိုင်တွင် ပို၍ ဆိုးဝါးပါသည်။ မိမိ supervisor ဖြစ်ပြီးနောက် effective supervising skill သင်တန်းကို တက်ရောက်ရသော အခါ ထိုသင်တန်းဆရာ၏ ကောင်းမှုကြောင့် အဆဲများပျောက်၍ လုပ်ငန်းခွင်တွင် အလုပ်လုပ်ရသည်မှာ အဆင်ပြေလာပါသည်။
ကျွန်တော့်ဘဝ တွင် ထို effective supervising skill သင်တန်း မှာ ကျွန်တော့ ဘဝကို လုံးဝပြောင်းလည်း သွားစေသည့် အပြင် ရှေ့ဆက်ရသော လုပ်ငန်းခွင်တွင်သာမက အခြားသော လူမှုရေး များတွင်လည်း များစွာ အကျိုးရှိခဲ့ပါသည်။ ကိုးရီးယား နိုင်ငံသူ တယောက်ဖြစ်၍ မြန်မာပြည်တွင်လည်း အလုပ်လုပ်ဖူးသော ထို သင်တန်း ဆရာ ဖြစ်သူ I 2 wan ( အိုင်တူးဝမ်) အကြောင်းကို နှောင်တွင် အကျယ်တဝင့် ဖေါ်ပြပေးပါမည်။
ငြမ်းသင်တန်း အကြောင်းကို ပြန်ဆက်ပါအုံးမည်။ မိမိတို့မှာ ၃ ထပ်ငြမ်းသင်ခန်းစာ ပြီးနောက် hanging scaffold ခေါ် ကြိုးငြမ်းဆင်နည်းကို ဆက်လက်သင်ကြားရပါသည်။ ၃ ပါတ်ခန့် ငြမ်းများကို တပ်လိုက်ဆင်လိုက် လုပ်လာခဲ့ကြသဖြင့် ငြမ်းအခြေခံသဘောတရားများကို နားလည်သလောက်တော့ ရှိနေကြပါပြီ။ ထိုကြိုးငြမ်း ဆင်နည်းမှာ ဆင်တတ်လျင် တာဝါ ငြမ်းထက်ပို၍ လွယ်ပါသည်။ သံမဏိ ကြိုးပျော့ များကို ငြမ်း ဖရိန်တွင် ချည်တတ်ရန်သာလိုပါသည်။ ထိုသံမဏိ ကြိုးပျော့ ချည်နည်း သီးသန့်ကို စာလေးမည် စိုး၍ မဖေါ်ပြတော့ပါ။
တရက် ကျွန်တော်တို့ ငြမ်း ဆင်နေချိန်တွင် office မှ အလွန်ချော သော အမျိုးသမီး တဦးထွက်လာပြီး မိမိတို့ ငြမ်း ဆင်နေသည်ကို လာကြည့်ပါသည်။ ထို့နောက်မိမိတို့ ငြမ်း ဆင်နေသည့် ပစ္စည်များ လုံလောက် မှုရှိမရှိလာကြည့်ပါသည်။ ထို အချိန် သင်တန်းဆရာမှာ အတန်ငယ်လှမ်းသော ဆေးလိပ်သောက်ရန် နေရာသို့ ရောက်နေ၍ ကျွန်တော်တို့ ချည်းသာ ငြမ်းဆင်နေသော အချိန်ဖြစ်ပါသည်။ ထို အမျိုးသမီးမှာ တော်တော်ကို ချောမောပြေပြစ်ပါသည်။
မိမိလည်း ချောမောလှပသောအမျိုးသမီး တော်တော်များများကို မြင်ဖူးပါသည်။ သို့ သော် ထိုနေ့ကတွေ့သော ခရမ်းရောင် ဝမ်းဆက်နှင့် ထိုအမျိုးသမီး လှပပုံမျိုးကို တော့ တခါမှ မမြင်ဘူးပါ။ ထိုအမျိုးသမီး ၏ပုံကို အနီးစပ်ဆုံး ဥပမာပေးရလျင် မင်းသမီး Elle Fanning အား ပါးချိုင့် တပ်၍ ကြည့်ပါ။ google image တွင် ရိုက်၍ ရှာကြည့်ပါလေ။ ထိုအချိန်တွင် မိမိတို့ တဖွဲ့လုံး မှာ လုပ်လက်စ အလုပ်များ ရပ်ထား၍ ထိုအမျိုးသမီးအာ ခေါတော တသိန်းအားရှိသော မျက်လုံးများဖြင့် ငမ်းကြောလွတ်နေကြပါသည်။
ထိုအမျိုးသမီးလည်း ငြမ်းပစ္စည်းများ ကြည့် ရှုပြီး office သို့ ပြန်သွားပါသည်။ ထိုအချိန်ထိ မိမိတို့မှာ အလုပ်မလုပ်နိုင်အားသေးပဲထို အမျိုးသမီး ၏ နောက်ပိုင်း အလှကို ခံစားနေကြပါသည်။ ထိုအချိန်တွင် မိုးကြိုးသံကဲ့သို့ ကျယ်လောင်ပြီး F- - king hell ဟု အစချီလျက် English စကားဖြင့် ပီယဝါစါသော အဆဲတို့ကို သင်တန်းဆရာမှ မနားတမ်း လွတ်ပါလေတော့သည်။
မိမိတို့ အား ကိုယ်လုပ်နေသော အလုပ်အား စိတ်မဝင်စားပဲ အခြားသို့ စိတ်ပျံ့လွင့် ရပါမည်လောဟူ၍ ။ ထိုနေ့ကတော့ မိမိတို့ကလည်း ကျေကျေနပ်နပ်ပင် အဆဲခံခဲ့ကြပါသည်။ ကျွန်တော်supervisor ဖြစ်လာပြီး နောက်ပိုင်း office သို့ ဝင်ထွက်သွားလာခွင့် ရသောအခါ ထို အမျိုးသမီးကို လိုက်ရှာပါသေးသည်။ ထို အချိန်တွင် ထို အမျိုးသမီးမှာ အလုပ်ထွက်သွားပြီဖြစ်သည်။ နာမည်သာ သိလိုက်ရပါသည်။ Cecilia ဟူ၍သာ။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )