မင်္ဂလာပါ။ လက်ရှိအချိန်တွင် cryptocurrency ဈေးကွက် အတွင်းရှိ coin များ တအိ အိ ဖြင့် ကျဆင်းလာလျက်ရှိရာ ကျွန်တော်တို့ ၏ Steem နှင့် SBD များ လည်း အခြား coin များနည်းတူ တဖြည်း ဖြည်း ကျ ဆင်းလာလျက် ရှိပါသည်။ ဤကဲ့သို့ သော အချိန် မျိုးတွင် ကျွန်တော့ အနေဖြင့် စိတ်အားတက်စရာ ဆောင်းပါးများသာ ရေးသား၍ MSC members များအား စိတ်ဓါတ်ခွန်အား ရရှိစေရန် တိုက်တွန်းလေ့ရှိပါသည်။
အဘယ့်ကြောင့်ဆိုသော် မိမိတို့ မှာ ယခင် Steem ဈေး ကောင်း စဉ်က ဆောင်းပါ တပုဒ်လျင် 10$ SBD နီးပါး ရရှိခဲ့သလို ရရှိလာသော SBD များအားလည်း ပြင်ပ တွင် ရောင်းချ လျင် 1 SBD = 14 $ USD ဟူသော အလွန် ချိုမြိန်ဖွယ် ကောင်းသော ကာလတခုကို ဖြတ်ကျော်လာခဲ့ ဘူးကြသဖြင့် လက်ရှိအနေအထားဖြင့် နှိုင်းယှဉ် လျင် အလွန်ကွာခြားနေပြီ ဖြစ်ပါသည်။
ကျွန်တော့ ဆောင်းပါးများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည့် အတိုင် ဤကဲ့ သို့ ကာလ များ ဖြတ်ကျော် ရတိုင်း အဆိုးဆုံး ကာလများကို မကြုံဖူးသူများက စိတ်အားလျော့သွားတတ်သလို ၊ ဆောင်းပါး များ အားစိုက်ရေးသော်လည်း အချိန်ကုန်သည်သာ အဖတ်တင်သည်ဟူ သော အတွေးမျိုး ဝင်လာလေ့ရှိပါသည်။
ဤအခြေအနေမျိုး ယခင်ကလည်း ကြုံဖူး၍ ထပ်မံသတိပေးနေရခြင်း ဖြစ်ပါသည်။ Steem နှင့် SBD များနောက်တခါ hyper jump နှင့် ကြုံသောအခါ မိမိမှာ သူများနောက် အတော်များများ ပြတ်ကျန်နေခဲ့သည်ကို တွေ့ရပါလိမ့်မည်။ ထို့ကြောင့် ဤကဲ့ သို့ Steem ဈေးများကျဆင်းလာသောအခါ ဇွဲမလျှော့ပဲ ယခင်အတိုင်း ပုံမှန် ဆောင်းပါးများရေးသာနေကြပါရန် တိုက်တွန်းလိုပါသည်။
ဤတွင် ကြုံ၍ Myanmar Steemit Community လျှောက်လှမ်းနေသော ခရီး မည်မျှ ပေါက်ရောက် နေသည် ကို အနည်းငယ် ဖေါ်ပြလိုပါသည်။ MSC စပါပြီ ဆိုကတည်းက admin များမည်သို့ မည်ပုံ ဒုက္ခ ဆင်းရဲ ခံခဲ့သည်ကို မဖေါ်ပြတော့ပါ။ promotion ရပါပြီ ဆိုသည်နှင့် ဆောင်းပါးများတွင် မြန်မာ tag ဦးဆုံးတွဲကြပါရန် အလေးထားပြောဆိုခဲ့ပါသည်။
ကျွန်တော်တို့ မြန်မာ tag မှာ အချိန်အတိုင်းအတာ တခုအထိ top 50 tag list တွင် ရှိခဲ့ဘူးပါသည်။ သို့သော် လက်ရှိအချိန်တွင် top 50 အတွင်းသို့ ပါဝင်နိုင်ရန် ကြိုးစားနေရဆဲ အဆင့်တွင်သာရှိပါတော့သည်။ ဤသည်မှာ Myanmay tag အကြောင်းကို ဖေါ်ပြခဲ့ခြင်းသာ ဖြစ်ပြီ ကျွန်တော်တို့ Myanmar tag ရလာပြီ ဆိုကတည်းက ယနေ့အချိန် ထိ Steemit Platform မှ Myanmar tag တပ်ခဲ့သူတို့ ၏ ဆောင်းပါးများအား ပေးခဲ့သော SBD ပမာဏမှာ SBD 68587 $ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
ဤပမာဏမှာ အမြဲတမ်း အတိုးသာ ရှိ၍ လျော့သွားမည် မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်တို့ အနေဖြင့် နေ့စဉ် post များတင်၍ SBD ရယူနေကြသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်ဆိုလိုရင်းမှာ မြန်မာ tag တခုတည်းအား Steemit မှ ပေးချေခဲ့သော ငွေကြေးမှာ ဤယနေ့ SBD ဈေး 3$ ခန့်ဖြင့် တွက်လျင်ပင် မြန်မာငွေကျပ် သိန်းပေါင်း ၂၆၀၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။
ဤတွင် MSC members တယောက်ချင် အနေဖြင့် မည်မျှ ရသွားခဲ့ကြသည်ကို တွက်၍ မရနိုင်ပါ။ အကြမ်းဖျင်းအားဖြင့် Myanmar tag တခုလုံး အတွက် တွက်ပြထားခြင်း ဖြစ်ပါသည်။ ဤတွင် နိုင်ငံခြားသာများကလည်း Myanmar tag တွဲ နိုင်တာပဲ ဟု ပြောရန် ရှိသော်လည်း နိုင်ငံခြားသားများအနေဖြင့် မြန်မာပြည်သို့ ခရီးသွားကြသူများသာ Myanmar tag တွဲကြပါသည်။ သူတို့ ၏ post တိုင်းအား Myanmar tag တွဲကြသည်မဟုတ်ပါ။
Myanmar tag တွဲ၍ SBD ပုံမှန် ရယူနေသူတို့ မှာ MSC members များသာဖြစ်ကြပါသည်။ ယခုအချိန်တွင် SBD ပေါက်ဈေး ဖြင့် တွက်၍ Myanmar community တို့ Steemit Platform မှ မြန်မာ ငွေ ကျပ်သိန်းပေါင်း ၂၆၀၀ ကျော် တန်ဖိုးရှိသော SBD တို့ ကို ထုတ်ယူ သွားခဲ့ပြီး ဖြစ်ပါသည်ဟု ပြောလျင် မည်သူမျှ ယုံနိုင်ကြမည်မဟုတ်ပါ။ သို့သော် Steemit Platform ၏ စာရင်း များက သက်သေခံလျက်ရှိပါသည်။
ထို့ကြောင့် ကျွန်တော် အကြိမ်ကြိမ် သတိပေး ဖေါ်ပြခဲ့သည့် အတိုင်း Steemit Platform သည် တဦးတယောက် ကောင်းဖြစ် ဖေါက်ထွက်ရန် အလွန်ခက်ပါသည်။ အဖွဲ့ အစည်းဖြင့် လက်တွဲညီညီ သွားကြလျင် အလွန်ကောင်းမွန်သော Platform တခုဖြစ်ပါသည်။ နောက်တခု အသိပေးချင်သည်မှာ ကျွန်တော်တို့ MSC စတင်ဖွဲ့စည်း ပြီးနောက် Steemit Platform သည် မြန်မာတို့ အား ဆိုးကျိုး တခုမှ မပေးသေးပါ။
Steemit Platform ကြောင့် ဘဝပျက်သွားသူ ဟူ၍ မကြားဘူးသေးသလို ၊ Steemit Platform ကြောင့် အတုခိုးမှား ကြသည်ဟူ၍ လည်း မရှိသေးပါ။ ဤသည်တို့ကို ကျွန်တော့ အနေဖြင့် အကျယ် မချဲ့ လိုတော့ပါ။ စာရှုသူများ ကိုယ်တိုင် ဝေဖန် ဆန်းစစ်စေချင်ပါသည်။
MSC ၏ ခြေလှမ်း အခြားတခုကို ဖေါ်ပြရလျင် လွန်ခဲ့သော ၆ လခန့်က မိမိတို့တွင် budget မဆိုထားနှင့် MSC ကို ကိုယ်ပိုင်ပိုက်ဆံ အကုန်ခံ၍ ကုန်းရုံး တည်ဆောက်ခဲ့ရပါသည်။ သို့သော် ယခုအချိန်တွင် MSC တွင် ကိုယ်ပိုင် ဘဏ် အကောင့် အပြင် ထို ဘဏ်ထဲတွင် MSC ၏ ပထမဦးဆုံးသော budget မြန်မာငွေ ၆ သိန်းနီးပါး ထည့်သွင်းထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ဤ Budget မှာ MSC members များ၏ အလှူငွေများလည်း ပါဝင်ပါသည်။ များမကြာမှီ MSC admin များမှ MSC ၏ အလှူအတန်း ၊ ပရဟိတ လုပ်ငန်း အချို့ကို မိမိတို့ budget နှင့် တတ်နိုင်သလောက် အကောင်အထည် ဖေါ်ကြပါလိမ့်မည်။ ထို့ ကြောင့် ဤသို့ အလှူအတန်း ၊ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရတိုင်း MSC members များလည်း ကုသိုလ် ရနေကြမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် Myanmar Steemit Community တွင် ပါဝင် လုပ်ဆောင်နေကြသော member တိုင်းသည် မိမိသာ အကျိုးရှိ သည်မဟုတ် အများအတွက် လည်း အကျိုးရှိအောင် လုပ်ဆောင်နေကြသူများ ဖြစ်ကြောင်း သိရှိထားစေချင်ပါသည်။
ဤသို့ လုပ်ဆောင်ကြရာတွင် admin များက စီမံ ခန့်ခွဲကြမည် ဖြစ်သော်လည်း members များအနေဖြင့် လည်း မည်သည့်နေရာတွင် အလှူခံများ လိုအပ်နေပါသည် ၊ MSC မှ မည်သူ မည်ဝါကတော့ ဆေးကုသရန် အကူအညီ လိုအပ်နေပါသည် ၊ မည်သည့် နေရာရှိ မိဘမဲ့ ဂေဟာကတော့ မည်သို့သော အကူအညီ လိုပါသည် စသည်ဖြင့် admin များအား အကြံပေး ပြောကြားနိုင်ပါသည်။
Admin များအားလုံး စည်းဝေးတိုင်ပင်၍ လိုအပ်သော နေရာများတွင် လိုအပ်သလို ကူညီ လှူဒါန်းသွားမည် ဖြစ်ပါသည်။ သို့သော် မိမိတို့ တွင် ကန့်သတ်ထားသော Budget များသာရှိသေးကြောင်းကိုတော့ MSC members များအား အသိပေးချင်ပါသည်။ နောက်ပိုင်း Steem ဈေးများ တက်သွား၍ budget များပိုမို ရလာလျင် ပို၍ လှူဒါန်းနိုင်မည် ဖြစ်သည်ကိုတော့ ကြိုတင်ပြောကြားထားလိုပါသည်။
ထို့ကြောင့် Myanmar Steemit Community မှ members များအား အသိပေးလိုသည်မှာ မိမိတို့သည် ဆောင်းပါးများ ရေးသား၍ ရသော ဤ သန့်ရှင်းဖြူစင်သော SBD များ ဖြင့် အလှူ အတန်း လုပ်သောကြောင့် ရရှိသော ကုသိုလ် အကျိုးမှာလည်း ကြီးမားလိမ့်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် မိမိတို့မှာ ဆောင်းပါး များ ရေးသား၍ အနာဂါတ်အတွက် SP စုကြသူ များသာ မဟုတ် နှောင် သံသရာ အတွက် ကုသိုလ် စုကြသူများ ဖြစ်သည်ကိုလည်း သိထားစေချင်ပါသည်။
ထို့ကြောင့် ဤကဲ့သို့ Steem ဈေးကျ လာသော အချိန်တွင် လည်း မိမိ တို့ ဆောင်းပါး များရေးသားခြင်းကို မရပ်တန့် လိုက်ပဲ SBD အရနည်းသော်လည်း ကုသိုလ်များ ရနိုင်နေသေးသည်ကို တော့ သတိပြုစေချင်ပါသည်။ ထို့ကြောင့် Myanmar Steemit Community မှ members များအား Steem ဈေး မည်မျှ ပင်ရှိပါစေ ဆောင်း ပါးများ မပြတ်ရေးသား၍ Steem Power နှင့် ကုသိုလ် များ စုဆောင်း နိုင်ကြပါမည့် အကြောင်း လက်ရှိကာလ အကျိုး နှင့် နိဗ္မာန် အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001