ကျွန်တော်၏ ပျင်းရိညည်းငွေ့ ဖွယ်ကောင်းသော စင်္ကပူ အတွေ့အကြုံ များရေးသားခြင်းကို ခေတ္တရပ်ထား၍ လက်ရှိ crypto currency ဈေးကွက်အတွင်း ဖြစ်ပျက်နေကြသော အခြေအနေများကို အနည်းငယ်ရေးသား ဖေါ်ပြလိုပါသည်။ ယနေ့ အချိန်တွင် cryptocurrency market အတွင်းသို့ ရောက်ရှိနေကြသော မြန်မာလူငယ်များအား အနာဂါတ်ကို ကြို ရောက်နေသူများအဖြစ် လက်ရှိ ဈေးကွက်များ အတွင်းရောက်ရှိနေကြသော Privacy coins များ၏ လားရာကို သတိထားမိစေလိုပါသည်။
လက်ရှိ မိမိတို့ ၏ လက်တွင်ရှိနေသော digital wallet များသည် မည်သည့် အဖွဲ့အစည်း မည်သည့် အစိုးရ၏ ထိန်းချုပ်ထားခြင်း မရှိသော လွတ်လပ်သော ငွေကြေး များအဖြစ်ကိုင်တွယ် နေကြရသည်။ လက်ရှိဈေးကွက်အတွင်း ရောင်းဝယ်နေကြသော coins များမှ အချို့ digital wallet များဖြစ်ကြသော Steem အပါအဝင် bitcoin, zcash , monoro, Ethereum ကဲ့သို့သော coin များ၏ wallet တို့ မှာ အတော်အတန် ခိုင်မာသော လုံခြုံ စိတ်ချရသော digital wallet များအဖြစ်တည်ရှိနေသည်ကိုမိမိတို့သိပြီဖြစ်ပါလိမ့်မည်။
ကျွန်တော်၏ ကိုးရီးယား သူငယ်ချင်းပြောခဲ့ သည့် အတိုင်း ၂၀၁၇ နှစ်စပိုင်းတွင် cryptocurrency များ တရိပ်ရိပ်တက်လာခြင်း က နိုင်ငံရေး ပေါ်လစီများကို ပြောင်းလည်း စေပါလိမ့်မည်ဟု ကြိုပြောခဲ့ပါသည်။ ထိုသို့ ပြောခဲ့ သည့် အတိုင်းလည်း သူတို့ ပြင်ဆင်ထားခဲ့ကြပါသည်။
လက်ရှိ ဥရောပ နိုင်ငံများ၏ အခြေအနေနှင့် အနောက် နိုင်ငံ တို့ တွင်ဖြစ်ပျက်နေသော အခြေအနေမှာ မိမိ ဝင်ငွေကို ဘာဏ်များကိုသာ အားထားပြီ ထိန်းသိမ်း သိုမှီးထားနေရသည်။ ထို ဘဏ်များကလည်း မိမိတို့ ဝင်ငွေကို ဒီအတိုင်းထားသည်မဟုတ် ပြန်လည် ရင်းနှီးမြုပ်နှံမှု ပြုရပါသည်။ ပြင်ပ နိုင်ငံရေး ဂယက်ကြောင့် ဖြစ်စေ စီးပွား ပျက်ကပ်ကြောင့် ဖြစ်စေ ဘဏ်များမှ ရင်းနှီးမြုပ်နှံမှု ရှုံး၍ ဖြစ်စေ မိမိတို့ ဘဏ်အတွင်း၌ အပ်ထားသော ငွေကြေးများကို အစိုးရက ဖြစ်စေ ၊ ဘာဏ်များက ဖြစ်စေ ထိန်းချုပ်လိုက်ကြပါသည်။
လူတယောက် မိမိအပ်ထားသောငွေ၏ ၁၀% နှုန်းသာ တပတ်ကို တကြိမ်သာထုတ်ခွင့် ရမည် သို့ မဟုတ် မည်သည့် ပမာဏသာ ထုတ်ပေးပိုင်ခွင့် ရှိသည် ဤကဲ့သို့ သော ဥပဒေများကို ပြဒါန်းလာကြသည်။ ၂၀၁၀ နောက်ပိုင်း ဂရိ နိုင်ငံ၏ ငွေကြေး အကြပ်အတည်းတွင် ထို ပြသနာကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့်အနောက်နိုင်ငံသားများသည် ဘဏ်အတွင်၌ရှိသော ငွေသည် မိမိပိုင်ငွေကြေး မဟုတ်သောငွေကြေးအနေအထားကို ခံစားရစေပါသည်။
အခြားတဖက် ဖြစ်သော cryptocurrency market အတွင်းသို့ ကြည့် လိုက်လျင် လွပ်လတ်၍ ထိန်းချူပ်မှုကင်းသော ငွေကြေး coins ရောင်းဝယ်မှု ကြောင့် ချမ်းသာကြွယ်ဝကြသူများပေါ်လာသလို ထိုသူတို့၏ ကြွယ်ဝမှုကလည်း မည်သူ မျှ မခန့်မှန်နိုင်ကြပါ။ ဤကဲ့ သို့ ချမ်းသာလာခြင်းကြောင့်လည်း အခွန်ဆောင်စရာမလိုပါ။ ထို ရရှိလာသော ငွေကြေးအား ပြင်ပမှ ရွှေ သို့မဟုတ် ရင်းနှီး မြုပ်နှံနိုင်သော အိမ်ယာ ဝယ်ထားလျင်ပင် အစိုးရအား အခွန်ဆောင်ရမည် ။ ပွဲစားများအား ပွဲခပေးရမည်။
ထို ငွေများအား Privacy coins များဝယ်၍ရင်းနှီး မြုပ်နှံလိုက်သောအခါ မည်သူမှ မသိရသလို မည်သူ့ ကိုမှလည်း အခွန်ဆောင်စရာမလိုပါ။ လက်ရှိအချိန်အထိ ကျွန်တော်ဆိုလိုသည်မှာ မိမိ ဝင်ငွေ ၊ သန့်ရှင်းသော ငွေကြေးကို ဆိုလိုခြင်းဖြစ်ပါသည်။
နောက်တခုမှာ လက်ရှိ crypto currency trading ပြုလုပ် နေကြသော market ပေါင်းစုံမှ နေ့စဉ် ဘီလီယံနှင့် ချီသော ငွေကြေး အရောင်း အဝယ်ပြုလုပ်နေကြသော်လည်း မည်သည့် အစိုးရမှ အခွန်အခ မရ သည့် အပြင် နိုင်ငံတကာရှိ ဘဏ်များကလည်း crypto currency ကို မျက်စိစူး လာကြပါတော့ သည်။
ထိုကြောင့် လက်ရှိ အနောက်နိုင်ငံနှင့် ဥရောပ ပါလီမန်မှ crypto investor များနှင့် အခြားသော digital wallet user များထံမှ အခွန်အခများကောက်ယူ နိုင်စေရန် ဥပဒေများစတင်ပြင်ဆင်လာကြသည်။လွန်ခဲ့ သော လ က တရုတ်ပြည်တွင် တရုတ်အစိုးရမှ ICO project များကို တရားမဝင်ကြောင်းကြေညာ၍ ပိတ်ခိုင်းလိုက်ပါသည်။ ထို့ အတူ bitcoin exchange sites များကို လည်း ပိတ်ခိုင်းလိုက်ကြပါသည်။ ထို့ နောက် တောင်ကိုးရီယား ။
လာမည့် ၂၀၁၈ တွင် နိုင်ငံတော်တော်များများမှ ဤ ICO project များကို ပိတ်ပင်လာကြပါလိမ့်မည်။ အချို့ကလည်း ICO project များ ပိတ်ပင်ခြင်းကို အကောင်းမြင်ကြပါသည်။ လက်ရှိ အချိန်တွင် ဈေးကွက်အတွင်း၌ coin များ ဖေါင်းပွ နေ၍ ဖြစ်ပါသည်။ ဤသို့ သော အခြေအနေများကြောင့် coinmarketcap တွင် မည်သည့် coin မှ ၂ ရက်ထက်ပို၍ မစိမ်း နိုင်ခြင်း ဖြစ်ပါသည်။
သို့ သော် ဥရောပ နိုင်ငံများ နှင့် အနောက် နိုင်ငံ တို့ မှ ဘဏ် စနစ်ကို စိတ်ပျက် နေကြပြီဖြစ်သောသူများက ဤ privacy coins များနှင့် ရွှေ ၊ ငွေ စသည်တို့ကို ဝယ်ယူ ရင်းနှီး မြုပ်နှံထားရန် ပိုမို အားသန် လာနေကြပါသည်။ လက်ရှိ ICO projects များပိတ်ပင်ခြင်းမှာ အာရှ နိုင်ငံများတွင်သာဖြစ်၍ အများအားဖြင့် လိမ်လည် ခံရ၍ ငွေကြေးဆုံးရှုံး မှုများ မဖြစ်စေရန် ပိတ်ပင်ခြင်းသာဖြစ်ပြီး ဥရောပ နှင့် အခြားသော အနောက် နိုင်ငံများမှ investor များ ဤ privacy coin များကို ဝယ်ယူ ရင်းနှီး မြုပ်နှံမှုများ ပိုမို များပြားလာဖို့ သာ ရှိသဖြင့် မိမိ တို့ လည်း အနာဂါတ်တွင် အများနည်းတူ ရင်ဘောင်တန်းနိုင်ရန် Privacy coin အချို့ကို ပိုင်ဆိုင်ထားသင့် ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
ဤဆောင်းပါးအား ဤ THE COMING RISE OF PRIVACY COINS
ဆောင်းပါးကို မှီငှမ်း၍ ကျွန်တော့ အာဘော် များအား ဖြည့် စွက်ရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးရှင် မှာ ပြင်သစ်နိုင်ငံသားဖြစ်၍ လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိပါသည်။ဆောင်းပါးရှင်မှာ လက်ရှိ ဥရောပပါလီမန်တွင် ဥပဒေအသစ်များ တင်သွင်းလာခြင်းနှင့် ပါတ်သက်ပြီး စီးပွားပျက်ကပ်တခုအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးအား အောက်ပါလင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/cryptocurrency/@ricko66/the-coming-rise-of-privacy-coins
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )