မင်္ဂလာပါ။ ကျွန်တော်၏ ယခင် ဆောင်းပါးတွင် steemit CEO အနေဖြင့် မှားယွင်းစွာ လုပ်ဆောင်ခဲ့သော အချက် နှစ်ချက် ရှိကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤ ဆောင်းပါး တွင် ထိုမှား ယွင်း စွာ လုပ်ဆောင်ခဲ့သော အချက် ၂ ချက် အကြောင်း အကျယ်တဝင့် တင်ပြပေးပါမည်။
၂၀၁၆ ခု နှစ် ကျွန်တော် steemit ကို စတင်သိရှိသော အချိန်တွင် steemit CEO မှာ ဖြစ်ပါသည်။
အနေဖြင့် ကျွန်တော် သိရသလောက် Blockchain နည်း ပညာတွင် ကျွမ်းကျင်သလောက် သစ္စာ တရားနှင့်ပါတ်သက်လျင် အနည်းငယ် မေးခွန်းထုတ်ခံရသူဖြစ်ပါသည်။
steemit ဂုရုကြီးများ၏ ပြောကြားချက်အရ ၏ နည်းပညာ ကျွမ်းကျင်မှု ၊ ကွက် ကျော်မြင်တတ်မှုနှင့် အလုပ်လုပ်နိုင်စွမ်းတို့မှာ ယုံမှား သံသယရှိရန် မလိုပါ ဟုပြောဘူးသည်။ steemit platform ယခု ကဲ့သို့ ဦးတည်ရာမဲ့ ရည်ရွယ်ချက်မဲ့ လျှောက်လှမ်း နေရသကဲ့သို့ ဖြစ်ကုန်သည်မှာ
ထွက်ခွာသွားခြင်းကြောင့် ဟု ယူဆသူ အများအပြားရှိပါသည်။
ဆိုခဲ့သည့် အတိုင်း ထို အချိန်တုန်းကတော့ အနေဖြင့် steemit ၏ co-founder အဖြစ်သာ ရှိနေခဲ့ပါသည်။ ကျွန်တော်သိသလောက် အစကောက်ရလျင်
မှာ ပထမ ဦးစွာ Bitshare ကို တည်ထောင်ပါသည်။ ထို့ နောက် Bitshare တွင် ပြသနာ ပေါင်း သောင်းခြောက်ထောင် တက်လာသောအခါ Bitshare ကို စွန့်ခွာ၍ steemit ကို တည်ထောင်ပါသည်။
ထို့ နောက် steemit တည်ထောင်ပြီး တဝက်တပြက်နှင့်ပင် စွန့်ခွာ သွားခဲ့၍ EOS ကို တည် ထောင်ပါသည်။ သူတီထွင်ခဲ့သော Bitshare , Steem နှင့် EOS တို့တွင် EOS မှာ အအောင်မြင် ဆုံး ဟု ပြောနိုင်ပါသည်။
steemit အနေဖြင့် ရုန်းကန်နေရဆဲ အနေအထား ရှိနေသော်လည်း Bitshare ကတော့ USD $1 အထက်သို့ ရောက်ခဲ့ဘူးခြင်း မရှိပါ။ ဤ ဆောင်းပါးမှာ အကြောင်း အသေးစိတ် ဖေါ်ပြပေးရန် မဟုတ်သော်လည်း သူချမှတ်ခဲ့သော steemit platform ၏ လမ်းကြောင်းကို ဖေါ်ပြပေးလိုသောကြောင့်
မည်ကဲ့သိုသောသူ ဖြစ်ကြောင်း အလျင် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။
၏ steemit အပေါ်ချမှတ်ထားသော လမ်းကြောင်း မှာ အင်မတန်ကောင်းမွန်ပါသည်။ ပထမဦးဆုံးသော စွဲ ဆောင်မှု ဖြစ်သည့် " paid to post " post တင်ရုံဖြင့် ဝင်ငွေတခု ရယူလိုက်ပါ ဟူသည်မှာ ငါးစား တခုအနေဖြင့် သူရှင်း ပြခဲ့ပါသည်။ blogging လုပ်ကြပါ ။ အရည်အသွေး ရှိသော post တင်ခြင်း ဖြင့် ဝင်ငွေများရယူကြပါ ဟူ၍ နှိုဆော် ခြင်းမှာ steemit platform အား သာမန်လူတန်းစားတို့ ထဲထဲဝင်ဝင် ဝင်ရောက်အသုံး ပြုကြရန် ရည်ရွယ်ပါသည်။
ထပ်မံရှင်းပြပါမည်။ ၏ အဆိုအရ ငွေကြေးတရပ်၏ တန်ဖိုးဟူသည်မှာ အနည်း အများး ပိုင်ဆိုင်ခြင်း နှင့် ရင်းနှီး မြုပ်နှံခြင်း တို့တွင် မူတည်မနေပါ။ ထို ငွေကြေးအား မည်မျှ လောက် လွယ်ကူစွာ အသုံးပြု နိုင်သည်နှင့် နိုင်ငံတကာ အတိုင်းအတာဖြင့် သုံစွဲသူ အင်အား မည်မျှ များပြားသည် အပေါ်မူတည်၍ ထိုငွေကြေး၏ တန်ဖိုးကို သတ်မှတ်ပါသည်။
ထို့ကြောင့် သူ့အနေဖြင့် SBD အား နိုင်ငံတကာသုံး ငွေကြေးတရပ် ဖြစ်စေရန် စတင် အကောင်အထည် ဖေါ်ခဲ့ပါသည်။ ထို့ အပြင် သူရှင်းပြသည်မှာ ငွေကြေးဈေးကွက် တခု ရှင် သန်နေစေရန် ရင်နှီးမြုပ်နှံကြသူများနှင့် ငွေရောင်း ငွေဝယ်ကစားကြသူများပေါ်တွင် များစွာ မူတည် မနေပဲ နေ့စဉ် အသွင်း အထုတ်လုပ်ပေးနိုင်ကြသော သာမန်လူတန်းစားများ အပေါ်တွင်သာ များစွာ မူတည်ကြောင်း ရှင်းပြခဲ့ပါသည်။ ဆိုလိုသည်မှာ နေစဉ် သန်းပေါင်း များစွာသော လူတို့၏ ငွေထုတ်ငွေသွင်း အသက်ဝင်နေခြင်းက ဈေးကွက်၏ ရှင်သန်ခြင်း သဘောတရားဖြစ်ပါသည်။
အထက်တွင် ဆိုခဲ့သည့် အတိုင်း ၏ steemit ရေရှည် plan အား အကျဉ်း ချုံ့ လိုက်လျင်
( ၁ ) steemit blogger များသထက် များလာစေရန် လုပ်ဆောင်မည် ( Community များ ၊ ကြေညာအား )
( ၂ ) 1 SBD = 1 USD အတွက် အချိန်မရွေးထုတ်ယူနိုင်စေရန် ဈေးကွက် ဖေါ်ဆောင်ပေးမည်
( ၃ ) steemit အောင်မြင်လာသည်နှင့် အမျှ SBD ဈေးကွက် ချဲ့ထွင်းမည် ( e-market များတွင် SBD ဖြင့် ပေးချေနိုင်ရန် လုပ်ဆောင်မည် )
( ၄ ) Steemit blogging အောင်မြင်မှု နှင့် အတူ SBD အား ငွေကြေးတရပ်အနေဖြင့် သုံးစွဲမှု စတင် အရှိန်ရလာသောအခါ steemit App လွင့်တင်လိုက်ခြင်း ဖြင့် Facebook နှင့် Tweeter ကဲ့သို့သော social media များအားအသေသတ် ပြစ်ရန် ရည်ရွယ်ပါသည်။
အဆင့် ( ၄ ) မှာ SBD အနေဖြင့် ပြင်ပတွင် ငွေကြေးတရပ် အဖြစ် တွင်ကျယ်စွာ အသုံးပြုနိုင်သော အချိန်တွင်မှ အကောင် အထည် ဖေါ်ရန် ဖြစ်သော်လည်း လက်ရှိ CEO အနေဖြင့် အဆင့် ၁, ၂, ၃ တို့အား ကျော်ကာ နောက်ဆုံး အဆင့်အား စတင် အကောင်အထည် ဖေါ် သဖြင့် ဤကဲ့သို့ အခြေအနေ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါသည်။
ဆိုလိုသည်မှာ လက်ရှိ အချိန်တွင် steemit App ထွက်လာသည် ရှိစေအုံးတော့ အသုံပြုသူများ ရရှိလာသည့် SBD အား bittrex , poloniex ကဲ့သို့သော exchange သို့ ပို့၍ ရောင်စားရန်သာ တတ်နိုင်ပါလိမ့်မည်။ ၏ အကြံ အစည်မှာ ထိုသို့ မဟုတ် ၊ social media App မှ ရရှိလာသော SBD များအား ကြားခံ exchange မလိုအပ်ပဲ တိုက်ရိုက် အသုံးချနိုင်ရန် ရည်ရွယ်သည်။
ဥပမာ ရ ရှိလာသော SBD အား on line ဈေးဝယ် နေရာတွင် တိုက်ရိုက် အသုံးပြု၍ အသုံး အဆောင်ပစ္စည်းများ ဝယ်ယူစေခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူ၁၀၀ တွင် ၁၀ ယောက်ခန့်သာ exchange အလုပ်လုပ်ပုံ အကြောင်းနားလည်နိုင်ကြ၍ ဖြစ်ပါသည်။
ထို့ကြောင့် သူ့အနေဖြင့် steemit App ထွက်မလာမှီ ပြင်ပတွင် SBD တွင်ကျယ်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင်စေရခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် Social Media မှာ သာမန် အသုံးပြုသူ လူတန်းစားကို ပြစ်မှတ်ထားသောကြောင့် ဖြစ်ပါသည်။ ကျွန်တော် တယောက်တည်း အမြင်ဖြင့် ပြောရလျင် သာ
ချမှတ်ထားသော လမ်းစဉ် အတိုင်းလိုက်၍ SBD အား တွင်ကျယ်စွာ အသုံးပြုနိုင်စေရန် E market များတွင် ကြိုတင် marketing ဆင်းထားခဲ့လျင် ယခု ချိန်တွင် steemit App ထွက်မလာနိုင်သေးသည့် တိုင် Steem ဈေးမှာ ဈေးကွက် အတွင်း၌ နေရာ တနေရာ ရရှိနေမည် ဖြစ်ပါသည်။
လက်ရှိအနေဖြင့် steemit ၏ ငွေကြေး SBD မှာ အပိုသက်သက် အနေဖြင့်သာ ရှိနေပါတော့သည်။ အထက်တွင် ကျွန်တော် ဖေါ်ပြခဲ့သည့် အတိုင်း steemit ၏ ရေရှည် plan မှာ အင်အတန် ကောင်းမွန်သည့် အပြင် ဖြစ်လာနိုင်စရာလည်း ရှိသောကြောင့် လူအတော်များများ steemit အား မျော်လင့်ချက်ကြီးစွာ ထားခဲ့ကြသည့်အပြင် ငွေကြေးဆိုင်ရာ တော်လှန်ရေး တခု မှချ ပေါ်ပေါက်လာမည်ဟု မျော်လင့်ခဲ့ကြသည်။
ကျွန်တော် ကိုယ်တိုင်လည်း ထို အချက်အားယုံကြည်၍ steemit အား စိတ်မပျက်ကြရန် ခွန်အားပေး ဆောင်းပါးများ များစွာရေးသားခဲ့ပါသည်။ သို့သော် ၏ Budget မလုံလောက်သော ပြသနာများကြောင့် steemit team ၇၀% လျှော့ချရန် post တက်လာသောအခါ steemit နှင့်ပါတ်သက်၍ လွန်ခဲ့သော ၂ နှစ်သာကာလလုံး ဦးတည်ရာမဲ့ ခုတ်မောင်းနေသော သင်္ဘော အတွင်း လိုက်ပါစီးနင်း နေရကြောင်း သိကြရသောအခါ အဖွဲ့ ဝင်တော်တော်များများမှ
အပေါ် ဂရုဏာ ဒေါသထွက်ကြရခြင်း ဖြစ်ပါသည်။
၏ ရေရှည် plan ထဲတွင် SMTs များ လွင့်တင်ရန် မပါရှိပါ။ မည်သို့ပင်ဆို စေ MSC member များကလည်း steemit ၏ ကောင်းမွန်သော ရှေ့ဦး Plan များအား ယခုသိရှိသွားကြပြီ ဖြစ်ပါသည်။ ယခု အချိန်မှ စ၍ ဤ platform အား မည်ကဲ့သို့ ဆက်လက်သွားကြမည်မှာ များမကြာခင်
ချပြမည် ဖြစ်သော လမ်းကြောင်းပေါ် မူတည်နေပါလိမ့်မည်။
၏ ရေရှည် plan အားကြည့်၍ MSC အစောပိုင်းကာလတွင်
၏ plan အတိုင်း SBD အားပြင်ပတွင်သုံစွဲ နိုင်စေရန် ကျွန်တော် စမ်းသပ် အကောင်အထည်ဖေါ်ခဲ့ပါသည်။ အောင်မြင်ပါသည်။ ထိုအရာမှာ စာရေးခြင်း ဖြင့် ရရှိလာသော SBD များအား စင်္ကပူ ထီ ဝယ်ထိုးကြခြင်း ဖြစ်ပါသည်။
စာရေးခြင်းဖြင့် ရရှိလာသော SBD များအား ဈေးကွက်တွင် ချမရောင်းတတ်သူများအဖို့ စင်္ကပူထီ ထိုးခြင်း ဖြင့် SGD 3.2 million ရရှိနိုင်ရန် အိမ်မက် မက်နိုင်ပါသေးသည်။ နောက်တခု ကျွန်တော် စမ်းသပ်ခဲ့သည်မှာ MSC Exchange ဖြစ်ပါသည်။ Steem & SBD မှ မြန်မာငွေ တိုက်ရိုက်ထုတ်ယူ နိုင်ရန် ဖြစ်ပါသည်။ ထိုအရာလည်း အောင်မြင်ပါသည်။
သို့သော် ထို ၂ မျိုးလုံး ရေရှည် တည်တံ့နိုင်စေရန် အရေးကြီးဆုံး မှာ Steem ဈေး အနေဖြင့် တည်ငြိမ်သော ဈေးကွက် တခုကို ပိုင်ဆိုင်နေရမည် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် SBD ရိုက်နှိပ် ထုတ်ဝေနိုင်သော တခုတည်းသောနေရာမှာ steemit platform အသုံးပြုနေသူတိုင်း၏ Steem power နှင့် ဈေးမာ နေသော Steem ဈေးအပေါ်တွင် မူတည်နေ၍ ဖြစ်ပါသည်။
ထို့ ကြောင့် SBD ငွေကြေးအား တွင်ကျယ်စွာ အသုံးပြုလိုလျင် Steem အနေဖြင့် ခိုင်မာသော ဈေးကွက်တခုအား အလျင်တည်ဆောက်ထားရမည် ဖြစ်ပါသည်။
ထို့ ကြောင့် ဤ ဆောင်းပါးတွင် steemit platform ၏ plan နှင့် အတူ အောင်မြင်လာပါက ကျွန်တော်တို့ MSC အနေဖြင့် မည်မျှ အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်ကြောင်းကို အရိပ် အမြွတ် မျှ ဖေါ်ပြပေးလိုက်ပါသည်။ ထို့ကြောင့် steemit platform ပေါ်တွင် စာရေး၍ ပိုက်ဆံရနေသည် ဆိုခြင်းမှာ ... ဤ platform ၏ သေးငယ်သော အစိတ်အပိုင်းတခုသာ ဖြစ်ကြောင်း သိစေအပ်ပါသည်။
အချုပ်ဆိုရလျင် Steemit platform သည် ကျွန်တော်တို့ ရာစုနှစ်တွင် အသစ် ပေါ်ပေါက်လာသော နည်းပညာ ဖြစ်သည့် blockchain နည်းပညာနှင့်အတူ ငွေကြေးအသုံးပြုမှုဆိုင်ရာ တော်လှန်ရေးတရပ် ပေါ်ပေါက်လာစေနိုင်သော အခြေအနေကို ဖန်တီးနိုင်သော တခုတည်းသော platform ဖြစ်ပါသည်။
သို့သော် အကြောင်း အမျိုးမျိုးကြောင့် ထို အခြေအနေသို့ ရောက်ရန် နှောင့်နှေး ကြန့်ကြာနေရပါသည်။ ထို့ကြောင့် အဖွဲ့အစည်း တခုတွင် ခေါင်းဆောင်လုပ်သူ၏ မူဝါဒ လမ်းလွဲသွားလျင် ရိုက်ခတ်လာသော အကျိုးဆက်များမှာ ကြီးမားလွန်းလှပါသည်။ ယခု အချိန်တွင် ဈေးကွက် ခိုင်မာနေပြီ ဖြစ်သော platform တခုမှ steemit ကဲ့သို့သော Social Media Base blockchain နည်းပညာဖြင့် App တခုလွင့်တင်နိုင်ခဲ့လျင် ကျွန်တော်တို့၏ steemit platform သည် မြို့ပျက် တခုအဖြစ်သို့ ခဏအတွင်း ရောက်ရှိသွားနိုင်ပါသည်။
ဤသို့ မဖြစ်လာစေရန်လည်း steemit ဂရုကြီးများက အတတ်နိုင်ဆုံး နှင့် အမြန်ဆုံး ကြိုးစား အကောင်အထည် ဖေါ်နေကြပါသည်။ တခုတည်း စိတ်ချရသည်မှာ ဤကဲ့သို့ Blockchain နည်းပညာနှင့် နွယ်သော social media platform တခု ပြုလုပ်ရန် နှစ်နှင့်ချီ၍ အချိန်ပေးရသောကြောင့် လက်ရှိ steemit အား ပြိုင်ဆိုင်နိုင်မည့် Platform ထွက်ပေါ်မလာသေးခြင်း က ကျွန်တော်တို့အတွက် မျှော်လင့်ချက်ရှိသေးကြောင်း ဗဟုသုတ အနေဖြင့် ဖေါ်ပြပေးလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001