မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော အလုပ်များလွန်းသဖြင့် post promotion များကို အတော် နောက်ကျမှ ပေးဖြစ်နေခဲ့သည်။ promotion ရယူ နေကြသော အကောင့် များအတွက် တရက် နစ်နာသွားလျင်လည်း အလွန်နစ်နာပါ သည်။ အဘယ်ကြောင့်ဆို သော် တရက်လျင် အကောင့် တခုအတွက် 3 SBD ဆိုသော်လည်း အကောင့် ပေါင်း ၂၀ ကျော် အတွက်တော့ SBD 70 $ ဆိုသည်မှာ အလွန်ကို အဖိုးတန်ပါသည်။
ထို့ကြောင့် ရက်ပျက်မသွားစေရန် ကြိုးစား၍ ပေးနေရခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သောကြာနေ့ညက စင်္ကပူ နိုင်ငံရှိ သူငယ်ချင်း တယောက်မှ သူ့အား Steemit Platform နှင့်ပါတ်သက်ပြီး လာရောက်သင်ကြားပြသပေးရန် တိုက်တွန်း သဖြင့် ညလုံးပေါက် သင်တန်းပေးခဲ့ရပါသည်။ သူ့အနေဖြင့်လည်း အလုပ်လုပ်နေသူတယောက် ဖြစ်သဖြင့် ကြားရက်တွင် တွေ့ရန် အဆင်မပြေသဖြင့် သောကြာနေ့ ညတွင် တညလုံး တထိုင်တည်း ဖြင့် သိသင့်သိထိုက်သည်များအားလုံးကို သင်ကြားပြသပေးခဲ့ပါသည်။
သူကလည်း ကွန်ပြူတာ အခြေခံရှိသည့် အပြင် internet website များကိုလည်း ကျွမ်ကျွမ်းကျင်ကျင် သုံးတတ်သဖြင့် သိပ်တော့ အခက်အခဲမရှိခဲ့ပါ။ သို့သော် Steem Power ၏ လုပ်ဆောင်မှုအကြောင်းကို ရှင်းပြရသောအခါ နံနက် ၃ နာရီထိုးပါတော့သည်။ ကျွန်တော်ရှင်းပြခဲ့သော Steem Power အား ဆောင်းပါးရေးသားခြင်းဖြင့် MSC members များအား ပြန်လည်မျှဝေပေးလိုက်ပါသည်။
ဤ Steem Power ပြသနာ အကြောင်းမှ ယခုမှ Steemit Platform ပေါ်သို့ ရောက်ရှိလာကြသော Newbies များအဖို့ နားလည် နိုင်မည် မဟုတ်သည်ကိုတော့ကြို ပြောထားပါရစေ။
ဆိုခဲ့သည့်အတိုင်း သူမေးသော Steem Power ပြသနာမှာ ပြင်ပရှိ Steem ဈေးများတက်လာ၍ ထိုက်သင့် သော SP ရှိသူတိုင်း ၏ voting weight တိုးလာ၍ ရရှိလာသော SBD လည်း များလာမည် ဖြစ်သောကြောင့် Steem နှင့် SBD များ အဆမတန် ဖေါင်းပွလာနိုင်သည် ဟူသောပြသနာဖြစ်ပါသည်။
အမှန်တော့ ထို Steem Power ပြသနာအား ပါးစပ်ဖြင့် ဥပမာ ပေးရှင်းပြ လျင် Steem Platform အကြောင်းကို ထိုက်သင့်သလောက် နားလည် နေသူများအဖို့ ပြသနာ မရှိသော်လည်း လူသစ် တယောက်အတွက်တော့ အင်မတန် ရှင်းပြရ ခက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Steem Power, Steem price နှင့် voting power တို့အားတွက်ချက်ရသောကြောင့် ဖြစ်ပါသည်။
ဥပမာပြပါမည် Steem Power 10000 ရှိသူ၏ Steem ဈေး 3.27 တွင် 100% voting power ဖြင့် vote ပးလျင် 2.2 $ သာ ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ ဆိုကြပါစို့ ပြင်ပတွင် Steem ဈေး 100 $ ခန့် ရောက်ရှိသွားပြီ ဆိုကြပါစို့။ ထိုအချိန်တွင် SP 10000 ရှိသူ၏ 100% ဖြင့် voting ပေးလျင် ရရှိနိုင်သော SBD မှာ 62.27 $ ဖြစ်ပါသည်။ ဤတွက်ချက်နည်းကို အောက်တွင် ဖေါ်ပြထားပါသည်။
)
SP 10000 ရှိသူ၏ 100% voting power ဖြင့် Steem ဈေး 3.27$ တွင် vote လျင် 2.2$SBD သာ ရရှိပါသည်။ အကယ်၍ Steem ဈေး 100 $ ခန့်တွင် ရရှိသော SBD များကိုသိလိုလျင်
100/ 3.27 x 2.2 = 67.27 $ ဖြစ်ပါသည်။ ဤရရှိသော 67.27 $ တွင် မိမိ မှာ 75% သာ ရရှိမည် ဖြစ်ရာ 67.27 x 0.75 = 50.45$ SBD ရရှိမည် ဖြစ်ပါသည်။
မိမိ အတွက် ရရှိသော 75% အား 50/50 အဖြစ် SBD နှင့် SP အဖြစ်ခွဲပေးသောအခါ မိမိရရှိသော 25.2 SBD ကို SP အဖြစ် ပြောင်းပေးလျင် မိမိရရှိသော SP မှာ 0.25 SP သာရရှိမည် ဖြစ်ပါသည်။အဘယ့်ကြောင့် ဆိုသော် System SBD 1$ ဖြင့် ပြင်ပပေါက် ဈေး 1 steem = 100$ USD ကို ဝယ်ယူရသောကြောင့်ဖြစ်ပါသည်။ ဤသည်မှာ SP10000 ရှိသူ ၏ Steem ဈေး 100$ ခန့်တွင် မိမိဖာသာ vote ယူခြင်းဖြင့် ရရှိနိုင် သော SP ကို ဖေါ်ပြပေးခြင်း ဖြစ်ပါသည်။
Steem ဈေး 100$ ခန့်တွင် SBD ဈေးသည်လည် 100 $ ခန့်မရှိလျင် တွေးတောကြည့်ပါ။ SBD ဈေးသည် USD 1$ ခန့်တွင် ကျန်နေခဲ့လျင် ဖြစ်လာနိုင်မည့် အကျိုးဆက်ကို စဉ်းစားကြည့် စေချင်ပါသည်။ လွန်ခဲ့သော နှစ်ဆန်းပိုင်းက SBD ဈေးသည် ဈေးကစားသူများ၏ တွန်းတင်မှုကြောင့် Steem ဈေးထက်များစွာ မြင့်သွားခဲ့ရခြင်း ဖြစ်ပြီး အသစ် ဝင်ရောက်လာကြသော Newbies များကလည်း SBD သာ တန်ဖိုးရှိသယောင် ထင်သွားခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့ အနေဖြင့် အမြဲ သတိပေးသည့်အတိုင်း Steem ဈေးတက်လာလေ လေ SP စုရန်ပို၍ ခက်ခဲလေ လေ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် Steem ဈေးနှင့် SBD ဈေးမကွာလှ၍ SBD မှ Steem ဝယ်ရန် တန်းတူ နီးပါးရှိပါသေးသည်။ ထို့ကြောင့် Steem ဈေးတက်လာလေ လေ Steem နှင့် SBD များ ပိုထွက်လာ၍ ဈေးကွက်တွင် ဖေါ်င်းပွကုန်လိမ့်မည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ အကယ်၍ Steem ဈေးသည် 3$ ခန့်တွင် ကျန်ခဲ့၍ SBD ဈေးသည် 100 $ သို့ ထိုးတက်သွားခဲ့လျင် မိမိတို့ အတွက် အရှုံး မရှိသေးပါ။
SP ကောင်း ကောင်း ဝယ်စုနိုင်သလို ပုံမှန် ဝင်ငွေ သေချာနေသလောက်ပင် ဖြစ်ပါပြီ။ ထို့ကြောင့် ကျွန်တော့ သူငယ်ချင်း စိုးရိမ်နေသလို SP များသူများ Steem ဈေးတက်လျင် တက်သလောက် Steem ဖေါ်င်းပွအောင် လုပ်နိုင်သည်ဟူ သော သံသယ၏ အဖြေအား MSC members များကလည်း သိရှိသွားလိမ့်မည်ဟု ယုံကြည်ပါသည်။
cryptocurrency တွင် မဖြစ်နိုင်တာမရှိပါ။ ယနေ့ USD 900$ နီးပါး ရှိနေသော Ethereum မှာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်က လက်ရှိSteem ဈေး ဖြစ်သော 3$ ခန့်တွင်သာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် MSC members များကလည်း Steemit Platform ပေါ်တွင် ယုံယုံကြည်ကြည် လျှောက်လှမ်း ခြင်း ဖြင့် တချိန်ကြလျင် ဤ Platform ပေါ်မှ အကျိုး အမြတ်ထုတ်ယူ နိုင်ကြပါမည့်အကြောင်း မျှ ဝေလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001