မင်္ဂလာပါ။ မနေ့က Facebook ပေါ်တွင် ကျွန်တော့ သူငယ်ချင်းတယောက် ရှယ်ထားသော video file တခု ကြည့် ဖြစ်ပါသည်။ Facebook အကောင့် ရှိသူတိုင်း ထို video ကို ဖွင့်ကြည့် မိကြပါလိမ့်မည်။ အခြားမဟုတ်ပါ။ လွတ်လပ်ရေးနေ့ ပျော်ပွဲ ရွင်ပွဲတွင် ခလေးမလေး တယောက်နှင့် ကောင်ကလေး တို့ ဝါးတန်းပေါ်မှ ခေါ်င်းအုံး ရိုက်ကြသော video clip ဖြစ်ပါသည်။
ခလေးမလေး၏ မလျှော့သောဇွဲ ကို ထို video clip တွင် မြင်နိုင်ပါသည်။ ကျွန်တော့ အနေဖြင့် ထို video ကို ကောင်းသည် ဆိုးသည် ဝေဖန်လို ရင်း မဟုတ်ပါ။ ခလေးမလေး ဝါးတန်း ပေါ်မှ ကျမသွားစေရန် ကုတ်ကတ် ဖက်တွယ် ထားပုံမှာ ကြည့်မြင် ရသူအဖို့ အတော်လေးကို အားကျအတုယူစရာကောင်းပါသည်။
ထိုခလေးမလေး ဝါးတန်းပေါ်မှ ပြုတ်မကျသွားစေရန် ကုတ်ကတ် တွယ်ဖက်ထားပုံမှာ မိမိ Steemit Platform ပေါ် ကုတ်ကတ်တွယ်ဖက် တက်ခဲ့ရပုံတို့ကို မြင်ယောင်နေခဲ့မိပါသည်။ ကျွန်တော့ ကို ဤ Steemit Platform နှင့် မိတ်ဆက် ပေး၍ တွန်းတင်ခဲ့သူတို့မှာ Steemit ကိုးရီးယာ KR team ဖြစ်ပါသည်။
ကျွန်တော် Steemit Platform သို့ စတင် လျှောက်ကာစတွင် အတော်လေး ဒုက္ခရောက်ခဲ့ပါသည်။ ကျွန်တော့ အနေဖြင့် စာရေးဆရာမဟုတ်သလို ဤကဲ့သို့ ဆောင်းပါး များလည်း တခါမှ ရေးသား ဘူးခြင်းမရှိသည့် အပြင်အင်္ဂလိပ်စာဖြင့် ရေးသားရမည် ဖြစ်သဖြင့် ထိုအချိန်တုန်းကတော့ အတော်လေးချွေးပြန်ခဲ့ပါသည်။
သို့ သော် တခုခု စမိပြီ ဆိုလျင် တဝက်တပျက်နှင့် မထားခဲ့ တတ်သော ကျွန်တော့ အကျင့် အတိုင်း မလုပ်လျင် အရှင်း မလုပ်ဘူး ၊ လုပ်လျင်လည်း အကောင်းဆုံး လုပ်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ ဤသို့ အင်္ဂလိပ် ဆောင်းပါးမကျ ပုံပြင်မကျ ဝတ္ထုတိုလည်း မမည်သော ပုံမကျ ပန်းမကျ စာများဖြင့် စတင်ခဲ့ရပါသည်။
သို့ သော် နေ့တိုင်း post တင်နိုင်စွမ်း မရှိပါ။ ညဘက်မှ ဆောင်းပါးရေး မနက်တင် စသည်ဖြင့် တရက်ခြား နှစ်ရက်ခြားတကြိမ် တင်ခဲ့ရပါသည်။ KR team ကတွဲ ခေါ်သော်လည်း နေ့တိုင်း post တင်နိုင်စွမ်း မရှိပါ။ Steemit Platform အကြောင်း အတော် တီးခေါက်မိသော အခါ Steem Power ၏ အရေးကြီးပုံ ၊ Steem Power များလျင်များသလို လုပ်ပိုင်ခွင့် ရပိုင်ခွင့်လည်း ပိုမို များပြား လာကြောင်း သိရသောအခါ Steem Power မည်သို့ များများ ရနိုင်ရန်သာစိတ်ကူးနေခဲ့သည်။
ထိုအချိန်တွင် ကျွန်တော် Steemit ကို အရူးအမူးဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကျွန်တော့ Facebook အကောင့်အား လုံးဝ မေ့ထားလိုက်သလို နေ့စဉ် အားလျင်အားသလို Steemit Platform ပေါ်တွင်သာ မွေနောက်နေခဲ့သည်။ ဤတွင်ကြုံ၍ အစ်ကို မေးထားသော ကျွန်တော် Steem Power ဘယ်လို စုဆောင်းခဲ့ရပုံကို အနည်းငယ် ဖေါ်ပြလိုပါသည်။
ကျွန်တော် Steemit Platform ပေါ်သို့ စတင် လျှောက်ကာစတွင် Steem ဈေးမှာ 0.20$ သာ ရှိပါသေးသည်။ အမြင့်ဆုံး ရောက်သည်မှာ 0.80$ ခန့်သာ။ ဆိုတော့ ရရှိသည့် SBD ဖြင့် Steem ဝယ်၍ Power Up လုပ်ရသည်မှာ အလွန်ကောင်းပါသည်။ တခါ Power Up လျင် အနည်း ဆုံး Steem 20 မှ အများဆုံး Steem 100 ခန့်အထိ Power Up လုပ်နိုင်ခဲ့ပါသည်။ SBD ပြင်ပဈေးမှာလည်း 1$USD ဝန်းကျင်တွင်သာရှိခဲ့ပါသည်။
ထို့ နောက် ကျွန်တော့ Steem 2000ကျော်ခန့် ရောက်သောအခါ ကျွန်တော် Power down ၍ Steem 500 ခန့် ထုတ်ယူပြီး Bittrex နှင့် poloniex Platform တို့တွင် coin trading စလုပ်ပါတော့သည်။ ထိုအချိန်တုန်းက ကျွန်တော် Steem Power လိုချင်လွန်းလှသဖြင့် trading ကို သရဲမရဲစီး သလို လုပ်ပါသည်။
အားသည်နှင့် price pumper တို့၏ သတင်းကို အနံ့ခံကာ သောကြာနေ့လို ညမျိုးတွင် တညလုံး မအိပ်ပဲ မိုးလင်းပေါက် trading လုပ်ပါသည်။ ထိုအကြောင်းတို့ကို Steemit Platform ပေါ်တွင် တနှစ်သာ ဆောင်းပါးတွင် အကျယ်ရေးသားထားပါသည်။ ထိုအချိန်တုန်းက ကရရှိသော အကျိုးအမြတ်များကို Steem ဝယ်မစုပဲ bitcoin နှင့် Ethereum ဝယ်စု ထားလျင် ယခုအချိန်တွင် လက်ရှိ ကျွန်တော့ Steem Power estimates value ၏ သုံးဆ ခန့် ပိုင်ဆိုင်နေနိုင် ပြီ ဖြစ်သည်။
သို့ သော် Steemit Platform သည် ရေရှည် တွင် တကယ်အကျိုး များမည့် အကြောင်း ကို သိရှိထားသလို ၂၀၁၈ တွင် Steem ဈေး တက်လာမည်ကို ကြိုတင်သိ သောကြောင့် Steem Power သာ ဝယ်စုနေခဲ့ပါသည်။ သို့သော် MSC ဖွဲ့ စည်းပြီးသောအခါ MSC နှင့် အလုပ်ရှုပ်နေရသဖြင့် trading ဘက်သို့ ခြေဦး မလှည့်နိုင်ခဲ့ပါ။
ကျွန်တော် ဆောင်းပါးများ ရေးသား၍ ရရှိလာသော SBD အားလုံးနီးပါးကို Steem Power အဖြစ်သာ ပြောင်းလည်းခဲ့ပါသည်။ ဤ တွင် Steem Power ၏ လုပ်ဆောင်ပုံ အသေးစိတ်ကို မဖေါ်ပြတော့ပါ။ မိမိ Steem Power များလာမှ မိမိ vote ပို၍ အဖိုးတန်လာမည် ဖြစ်သလို မိမိပြန်လည် ရရှိမည် ဖြစ်သော curation rewards လည်း များလာမည် ဖြစ်သည်ကိုတော့ အားလုံးနားလည် ပြီး ဖြစ်ပါလိမ့်မည်။
အများက Power Up ပါ power up ပါ ဟူ၍ ပြောလွန်းသဖြင့်သာ Power Up ရပါမည်။ မိမိ Steem power ၏ အကျိုးရှိပုံ ကို မသိလျင် မည်သူမျှ လိုလိုလားလား power up လုပ်လိမ့်မည်မထင်ပါ။ Steem power ၏ အလွန်ကောင်းမွန်သော လုပ်ဆောင်မှု တခုကို ဥပမာပြပါမည်။ ကျွန်တော်တို့ MSC မှ member တဦးဖြစ်သူ သည် လက်ရှိ အချိန်ထိ SP1300 ကျော်စုထားနိုင်ခဲ့ ပြီ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် ဘိုဘိုကျော်မှ ဆောင်းပါးမရေးချင်တော့ပါ လက်ညောင်းပါသည်။ သူတပါးအား vote & comment သာပေး၍ ရရှိလာသော curation reward သာထိုင်ယူပါမည် ဆိုလျင် မည်မျှရမည်နည်း။ တွက်ပြပါမည်။ ပုံတွင်ပြထားသည့် အတိုင်း ဘိုဘို ကျော်၏ လွန်ခဲ့သော အပါတ် ရရှိသော curation rewards မှာ 1.242 steem ဖြစ်ပါသည်။ လွန်ခဲ့သော ၇ ရက်အတွင်း ရရှိလာသော Steem ဖြစ်သဖြင့် တရက်သာနှုန်းကို သိချင်သောအခါ ၇ ဖြင့် စားပါမည်။ vote & comment ပေးရုံမျှ ဖြင့် ဘိုဘိုကျော် အနေဖြင့် တရက်လျင် 0.177 Steem ရရှိနေပါသည်။
လက်ရှိ ဤ ဆောင်းပါး ရေးသားနေချိန်တွင် ပြင်ပဈေးကွက်တွင် Steem dollar ၏ ဈေးမှာ 6.18$USD ဖြစ်ပါသည်။ ထို့ ကြောင့် ဘိုဘို ကျော်၏ တရက် Steemit ဝင်ငွေမှာ 0.177 x 6 $ = 1.06 $USD ဖြစ်ပါသည်။ ထို့ ကြောင့် မောင်ဘိုဘိုကျော်သည် Steemit Platform ပေါ်တွင် SP 1300 ကျော်ခန့် ပိုင်ဆိုင်ထားရုံမျှဖြင့်တနေ့လျင် အချိန် တနာရီယူကာ vote & comment ပေးလိုက်ရုံဖြင့် 1$ USD မြန်မာငွေဖြင့် ၁၃၀၀ ကျပ် အသာတင်ရရှိနေနိုင်ပြီ ဖြစ်ပါသည်။ ဤသည်မှာ ဘိုဘို ကျော် SP 1300 ပိုင်ဆိုင်ထားရုံဖြင့် သူ၏ တရက်ဝင်ငွေကို တွက်ပြထားခြင်း ဖြစ်ပါသည်။
ထိုမျှမက ဘိုဘို ကျော်မှာ အများသူငှာအား vote & comment လည်း ပုံမှန်ပေးမည် ဆောင်းပါးလည်းပုံမှန်ရေးတင်၍ promotion အကူအညီဖြင့် SBD ကို ပုံမှန်ရယူ နေမည်ဆိုလျင် သူ၏ Steemit တရက်ဝင်ငွေမှာ မည်မျှရှိသနည်း။ တွက်ပြပါမည်။
Last week author reward - 36.243 Steem
36.243/ 7= 5.177 daily
5.177 x 6$steem price = 31 $USD
မြန်မာကျပ်ငွေ ၄၀၃၈၅ ကျပ် USD ၁၃၀၀ ဈေးဖြင့် မြောက်ထားခြင်းဖြစ်ပါသည်။
Last week author reward SBD - 177.339 SBD
177.339 / 7 = 25.2 SBD daily
25.2 x 7$ SBD price = 176.4 $USD
မြန်မာကျပ်ငွေ ၂၂၉၃၂၀ကျပ် USD ၁၃၀၀ ဈေးဖြင့် မြောက်ထားခြင်းဖြစ်ပါသည်။
ဘိုဘိုကျော်၏ Steemit တွင် ဆောင်းပါးရေး vote & comment ပေး ရုံဖြင့် Steemit Platform ပေါ်မှ တရက်တာ ရရှိသောဝင်ငွေမှာ မြန်မာကျပ်ငွေ ၂၇၁၀၀၀ ဝန်းကျင်ခန့်တွင် ရရှိနေပါသည်။ ဤသည်မှာ ပြင်ပတွင် ဖြစ် ပေါ်နေသော Steem နှင့် SBD ဈေး အတက်အကျ အပေါ်မူတည်၍ အပြောင်းအလည်း ဖြစ်နိုင်ပါသည်။
ဤသို့ ဆိုလျင် Steemit Platform တွင် Steem Power ၏ အကျိုးသက်ရောက်မှုကို အထိုက်အလျောက် သဘောပေါက်သွားကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ လူအများ ထင်ထားကြသည်မှာ Steemit Platform ကောင်းသည် စာရေး၍ ပိုက်ဆံရှာလို့ ရသည် ။ မှန်ပါသည်။ ပိုက်ဆံကို ယခု ရှာ မည်လား အနာဂါတ်အတွက် SP စု၍ ရှာမည်လားသာ ကွာခြားပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001