Steemit Platform ပေါ်သို့ မြန်မာလူငယ်များ တဖြည်းဖြည်း များလာသည်နှင့် အတူ အချို့ သော post များ voting များရကြသလို SBD လည်း တော်တော်များများ ရကြသည်ကို တွေ့လာ၍ မုဒိတာပွားရပါသည်။ မိမိ လည်း တတ်နိုင်သလောက် သူငယ်ချင်းများထံသို့မြန်မာ စာဖြင့် ရေးသားထားသော စာများကို ကူညီ vote ပေးကြပါရန် နှိုးဆော်နေပါသည်။ Steemit board witness များသို့လည်း မိမိတို့ မြန်မာများအား အကူအညီပေးပါရန် တောင်းခံထားပါသည်။ ဤတွင် အသစ်ဝင်ရောက်လာသော လူငယ်များအား အထူးမှာလိုသည်မှာ post တင်ရန်သာ စိတ်မစော စေချင်ပါ။ Steemit Platform ၏ အလုပ်လုပ်ဆောင်မှုများကို သေချာလေလာစေချင်ပါသည်။ မြန်မာစာဖြင့် ရေးသားထားသော Steemit Platform ၏လုပ်ဆောင်ချက်များ ကျွှန်တော့ blog ထဲတွင် အတော်အသင့် ရှိပါသည်။ ရှာဖွေဖတ်ရှုကြပါရန် တိုက်တွန်းလိုပါသည်။ စမ်းတဝါးဝါးဖြင့် သွားနေခြင်းထက် သေချာသိရှိနားလည်းပြီး ရှေ့ဆက်ခြင်းက ပိုမို ခရီးတွင်ပါသည်။ သိပြီးသူများကလည်း အသစ်ဝင်ရောက်လာသူများအား လွက်တွဲခေါ်လမ်းညွန်ပြစေလိုပါသည်။ Steemit Platform သည် ဤသို့ အချင်းချင်း လက်တွဲခေါ်နိုင်ကြစေရန် voting system ထဲတွင် vote ပေးသူနှင့် vote ခံရသူ နှစ်ဦး နှစ်ဖက် အကျိုးရှိစေသော system ကို ထည့်သွင်းထားခြင်းဖြစ်သည်။ ဤတွင်း voting system အကြောင်းကို အနည်းငယ် ဝေမျှလိုပါသည်။
မိမိအပါအဝင် လူတိုင်းနားလည်ထားသည်မှာ post တခုကိုတွေ့၍ vote ပေးလိုက်လျင် မိမိမှာလည်း ၂၅%ပြန်လည် ရရှိသည်ကိုတော့ သဘောပေါက်ကြမည်ထင်ပါသည်။ ဤမည်ကဲ့သို့ ပြန်လည်ရရှိသည်။ မည်မျှပြန်လည်ရရှိသည်ကို တော့ သေချာ မသိကြပါ။ဤကဲ့သို့ ပြန်လည်ရရှိသော အကျိုးခံစားခွင့်ကို cureation reward ဟု ခေါ်ပါသည်။ ဥပမာဖြင့် ရှင်းပြပါမည်။ဆိုကြပါစို့။ Aသည် post တခု တင်လိုက်ရာတွင် vote ပေး သူ B နှင့် C နှစ်ယောက်ရှိသည် ။ ဤတွင် B က steem power 1000 နှင့် voting power 100% ဖြင့် vote လိုက်သော အခါ post တန်ဖိုးမှာ SBD 7$ သို့ ရောက်သွားသည်ဆိုကြပါစို့။ တချိန်တည်းမှာပင် C ကလည်း steem power 500 နှင့် voting power 100% ဖြင့် vote ပေးလိုက်ခြင်းကြောင့် post တန်ဖိုးသည် SBD 10$ ဖြစ်လာသည့်။ ထို post ၏ တန်ဖိုးသည် မည်သူမှ ထပ်မံ vote ပေးခြင်း မရှိတောပဲ ၇ ရက်ပြည့်သောအခါ ခွဲဝေယူကြပါပြီ။ A သည် post ပိုင်ရှင်ဖြစ်သဖြင့် ၇၅%အတိုင်းSBD 7.5$ ရယူသွားပါသည်။ ကျန်ရှိသော ၂၅% ဖြစ်သော SBD 2.5$ ကို B နှင့် C ခွဲဝေယူကြပါတော့မည်။ ပုံမှန်အတိုင်း စဉ်းစားလျင် voting power 100% ခြင်းတူသော်လည်း B သည် C ထက် steem power များခြင်းကြောင့် ပိုရသင့်ပါသည်။ မှန်ပါသည်။ အချိုးချကြည့်လိုက်လျင် B က SBD 2$ ရ၍ C က SBD ပြား 50 သာရသည် ဆိုကြပါစို့။ ဤတွင် စိတ်ဝင်စားစရာ ကောင်းလာပါပြီ။ B & C မည့်သည့် အချိန်တွင် vote ပေးလိုက်သနည်း ဟူ သော အချိန် စကားပြောလာပါပြီ။ ပုံမှန်အားဖြင့်ဆိုလျင် အသီးသီး ဝေစုခွဲပြီး သွာ၍ ဤတွင် ပြီးသင့်ပါသည်။ သို့သော် မပြီးသေးပါ။ vote ပေးလိုက် သော အချိန်နှင့် ပတ်သက်ပြီး vote ပေးသူ cureator တို့ ရရှိသော ၂၅% တွင်လည်း အချိန်နှင့် ခွဲသွားပါသည်။ အောက်တွင်ဖေါ်ပြထားသည်မှာ voting ၏ ၂၅ % ထဲမှ မည်သည့် အချိန် vote သင့်သည်ကို ဖေါ်ပြပေးလိုက်ပါသည်။
အကယ်၍ B သည် post တင်းပြီး ၂မိနစ်တွင် vote ထားပါက မိမိ ၏ ခွဲတမ်းဖြစ်သော 2$ သည် တပြားမှ ရရှိမည် မဟုတ်ပဲ A သို့ ထံသာ ရောက်ရှိသွားမည် ဖြစ်သည်။ အကယ်၍ B သည် post တင်ပြီး ၁၅ မိနစ်အကြာတွင် vote ထားပါက ၅၀% ဖြစ်၍ 1$ ရရှိနိုင်ပါသေးသည်။ အကယ်၍ B သည် post တင်ပြီး နာရီဝက် အကြာ သို့ မဟုတ် လေးဆယ့်ငါးမိနစ်အကြာတွင် vote ပါမှ မိမိ၏ ခွဲတမ်း ဖြစ်သော 2$ ကို ၁၀၀% အပြည့် ရရှိမည်ဖြစ်ပါသည်။ ထို့ ကြောင့် မိမိတို့ မည်သည့် အချိန်တွင် vote ပြုလုပ်သင့်သည်ကို နားလည် မည်ဟုထင်ပါသည်။ ဤသို့ vote ပြုလုပ်ပြီး ရရှိလာသော ၂၅% အကျိုးမှာ voting အချိန် တခုတည်း မဟုတ် voting power ပေါ်တွင်လည်း များစွာ မှူတည်ပါသည်။
steem power မည်မျှပင်ရှိသော်လည်း voting power 1% လောက်ဖြင့် သာ vote လျင် steem power ထောင်းသောင်းချီ၍ ရှိသူမှာ မသိသာသော်လည်း , steem power မရှိသူတို့မှာ မရသလောက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွှန်တော် အရင် post များတွင် ဖေါ်ပြပြီခဲ့သည့် အတိုင်း မိမိ တို့ steem power ရှိလာသည်နှင့် အမျှ voting power သည် အရေးကြီးလာပြီဖြစ်သည်။ မိမိ ကုန်ဆုံးသွားသော voting power အတွက် vote ထပ်မလုပ်ပဲ ဒီအတိုင်းထားလျင် တရက်တွင် ၂၀% နှုန်သားပြန်ပြည့်ပါသည်။ voting power 0% အထိ သုံးထားလျင် ၁၀၀% ပြန်ရောက်ရန် voting လုံးဝ မလုပ်ပဲ 5 ရက်ခန့်ထားရပါမည်။ ထို့ကြောင့် လူသစ်များအနေဖြင့် မိမိတို့ voting power ကို ၅၀% ခန့်တွင်ထိန်းထားရန် အကြံပြုလိုပါသည်။ဤတွင်မေးစရာဖြစ်လာပါသည်။ အဘယ့်ကြောင့် voting timing များကို ခွဲခြားထားရပါသနည်း။ အောက်တွင် Steemit website အမေးအဖြေ များမှ voting အကြောင်းကို ဖေါ်ပြပေးလိုက်ပါသည်။
What determines how much of the curation reward goes to the author versus curators?
The rewards are allocated so that 75% of the payout goes to the author of the post/comment, and 25% goes to the curator.
Of the 25% that goes to the curator, that portion will be split between the author and the curator if the curator votes within the first 30 minutes. The split of the 25% between the author and curator during the first 30 minutes is calculated linearly based on the time the vote is cast.
If a post is upvoted the moment of posting, 100% of the curation reward goes to the author.
At 3 minutes, 90% goes to the author and 10% to the curator.
At 15 minutes it's a 50/50 split.
At 27 minutes, 10% goes to the author and 90% to the curator.
If a post is upvoted 30 min after posting, 100% of the curation reward goes to the curator.
နောက် post တွင် , cheetah comment, steem cleaner , account reputation တို့ လုပ်ဆောင်ပုံ အကြောင်း ကို အသေးစိတ် ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Henry Aung ( Kachin )