ကျွှန်တော် Steemit Platform ပေါ်သို့ ရောက်ရှိလာသည်မှာ ဒီလ ၁၀ ရက်နေ့ဆိုလျင် တနှစ် တင်တင်ပြည့် ပြီ ဖြစ်သည်။ ထိုတနှစ်သာကာလတွင်း ကျွှန်တော်ဖြတ်သန်းခဲ့ရသော Steemit Platform အကြောင်းကို အနည်းငယ် ဝေမျှချင်ပါသည်။ ကျွှန်တော်၏ ယခင်post များတွင် ဖေါ်ပြပြီးခဲ့ သည့် အတိုင်း Steemit ကို မိတ်ဆက်ပေးခဲ့သူမှာ ကျွှန်တော်၏ ကိုးရီယား သူငယ်ချင်း ဆိုသူဖြစ်ပါသည်။
မိမိ၏ ပထမဦးဆုံး post တင်ပြီးနောက် တဖြည်း ဖြည်း voting တက်လာသည်ကို စောင့် ကြည့် ရသော အရသာမှာ Steemit ပေါ်သို့ post တင်သူသာ နားလည်နိုင်ပါလိမ့်မည်။
အများသူငှာသိပြီသား ဖြစ်သည့် အတိုင်း post တင်ပြီးလျင် မိမိ တင်ထားသော post အား မကြာခဏ refresh လုပ်၍ ဘယ်အချိန် တွင် ဘယ်လောက်တက်သွားသည်ကိုသာ ထိုင်ကြည့် ချင်နေမိသည်။ Steemit အပေါ်စွဲလမ်းမိသော ထို ရောဂါမှာ Facebook နှင့် တဖြည်းဖြည်း ဝေးကွာလာခြင်း ကို ဖြစ်စေပါသည်။ တနေ့တနေ့ Steemit site ဝင်မကြည့် ဖြစ်သောနေ့ မရှိသလောက်ပင်ဖြစ်သည်။
ထိုအချိန်တုန်းက Steemit မှာ စဖွင့်ကာစဖြစ်သဖြင့် အမှားများစွာရှိသေးသလို ပြသနာလည်း များပါသည်။ အချို့ ရင်းနှီးမြုပ်နှံမှုပြုထားသူများကလည်း အရင်ကြေစေရန် အကောင့် များစွာဖွင့် ပုံတပုံသာ တင် အခြားသော အကောင့် ဖြင့် အပြန်အလှန် vote ပေးကြခြင်းဖြင့် ပိုက်ဆံရှာကြပါသည်။
ထိုအချိန် ကျွှန်တော်မှတ်မိသော အကြောင်းအရာမှာ ထောင်ထွက်တဦးရေးသားသော ထောင်တွင်း အတွေ့အကြုံများ ဖြစ်ပါသည်။ အကောင့်နာမည်ကိုတော့ မေ့သွား၍ မဖေါ်ပြနိုင်တော့ပါ။ ထိုသူရေးသော post များမှာ SBD 4000 ကျော်အထိရသည်ကို မြင်ဘူးပါသည်။ သို့သော် သူရသော SBD တို့အား curie ကဲ့သို့ သော အဖွဲ့အား အကုန်လှူပြစ်ပါသည်။
အခြားတခု မှာ Steemit Platform အားပုတ်ခတ်ရေးသားကြသူများဖြစ်ကြသည်။ အချို့ကလည်း Steemit ကို အကြီးစား Ponzi scam ဖြစ်သည်ဟူ၍ လည်း စွပ်စွဲကြသည်။ ဤတွင် Steemit ကို ရေရှည်တွင် မအောင်မြင်နိုင်သော plan တခုအဖြစ် မည်သို့ ပင် ပုတ်ခတ်စေကာမူ Steemit ကတော့ မည်သူကိုမှ ဖြေရှင်းချက်လိုက်ပေးမနေပဲ သူ့လှမ်းကိုသာ မှန်မှန် လျှောက်လှမ်းနေခဲ့သည်။
ကျွှန်တော် တယောက်တည်း အမြင်ဖြင့် ကြည့် လျင် ထိုအချိန်တုန်းကတော့ Steemit သည် investor များအတွက်စိတ်ချရသော အနေအထားတခု အထိ ရှိမနေသည်မှာ သေချာပါသည်။ သို့သော် ကျွှန်တော့မှာ invest လုပ်နိုင်စရာ ငွေကြေးမရှိသည့် အပြင် ဆောင်းပါး ရေး ယုံမျှဖြင့် ငွေကြေးရမည်ဖြစ်ရာ အရှုံးမရှိနိုင်ပါ။ ထို့ကြောင့် ထို investment ပြသနာများမှာကျွှန်တော်နှင့် မည်သို့မျှ မဆိုင်သကဲ့သို့သာရှိခဲ့ပါသည်။
ယခုနောက်ပိုင်းတွင်တော့ SBD 1000 ကျော် ရသည့် post ပင် အတော်ရှားသွားပါပြီ။ ယခင်က voting power မှာ limit မရှိခဲ့ပါ ( ကျွှန်တော့ အထင် ) ။ ကျွှန်တော်ကိုယ်တိုင်လည်း တွေသမျှ အကုန်လိုက်vote နေခဲ့ပါသည်။ ကျွှန်တော်တခုကံကောင်းသွားသည်မှာ ကျွှန်တော်၏ ဒုတိယ post ဖြစ်သော Return from the lord of death ( သေမင်းထံမှအပြန်) ဟူသော ဆောင်းပါးမှာ english လိုရေးသားနေသော Steemit အသိုင်းအဝိုင်းတွင် တော်တော်လေး ပေါက်သွားပါသည်။
https://steemit.com/life/@kachinhenry/return-from-the-lord-of-death-original-story-by-henry-aung
ထိုသို့ ပေါက်သွားခြင်းမှာလည်း အမှန်တော့ ကျွှန်တော့ သူငယ်ချင်းမှ ကိုးရီးယားလို ဘာသာပြန်ပေးထားသောကြောင့် ဖြစ်သည်။ ထိုဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုသူ ၂၃ ယောက်သာရှိသော်လည်း ထိုသူတို့ အားလုံးမှာ Steemit တွင်အရေးကြီး နေရာယူထာကြသူများဖြစ်သည့် အပြင် English curie ၏ သတိထားမိခြင်းနှင့်အတူ support ပါ ရရှိခဲ့ပါသည်။
ထိုနောက်တွင်တော့ ကျွှန်တော့၏ ကိုယ်ပိုင်ရေး များဖြစ်သော နာနာဘဝ ဆောင်းပါးများThe help ( အကူအညီ) , Unforgettable experience ( မမေ့နိုင်သော အဖြစ်အပျက် ) , ခန်းဆက်အဖြစ်ရေးသားထားသော သဘာဝလွန် ဖြစ်ရပ်ဆန်း ဆောင်းပါး The two monks ( ရဟန်း နှစ်ပါး ) ရှက်စရာကောင်းသော သားများအကြောင်းကို ရေးဖွဲ့ထားသော The rightful owner ( ဥစ္စာရှင် အမှန် ) ဝမ်းနည်းစရာကောင်းသော မွေးကင်းစခလေး အကြောင်း The opium addict ( ဘိန်းစား ) စသည် ဆောင်းပါးတို့မှာ အများ လက်ခံ ၍ voting များရခဲ့ သောဆောင်းပါးများ ဖြစ်ပါသည်။
https://steemit.com/life/@kachinhenry/the-help-original-story-by-henry-aung
https://steemit.com/life/@kachinhenry/unforgetable-experience-original-story-by-henry-aung
https://steemit.com/life/@kachinhenry/the-two-monks-part-2-final-original-story-by-henry-aung
https://steemit.com/life/@kachinhenry/the-rightful-owner-part-1-original-story-by-henry-aung
https://steemit.com/life/@kachinhenry/the-opium-addict-part-2-final-original-story-by-henry-aung
ထိုဆောင်းပါးများထဲမှ The two monks ဆောင်းပါးမှာ ကျွှန်တော် ညမအိပ်ပဲ မိုးလင်းပေါက် စိတ်ကူးယဉ်လိုက် ထရေးလိုက်ဖြင့် ကြိုးစားခဲ့ရသော ဆောင်းပါးဖြစ်ပါသည်။ အချိန်ရလျင် ကျွှန်တော် English လို ရေးသားထားသော ဆောင်းပါးများအား မြန်မာလို ပြန်ရေးမည်ဟု စဉ်းစားထားပါသည်။ ထိုကာလများမှာ ကျွှန်တော့ အတွက် Steemit တွင် ဆောင်းပါးရေးရန်နှင့် အလုပ်လုပ်ရန် , ထို နှစ်ခုသာ စဉ်းစားပါသည်။ အလုပ်ချိန်အတွင်း၌လည်း အားရင်အားသလို သူငယ်ချင်းနှင့် Steemit အကြောင်းသာ ထိုင်ပြောဖြစ်ခဲ့သည်။
ထိုမျှအားမရသေး ညနေခင်း Beer ဆိုင်ထိုင်သော အခါတွင်လည်း Steemit Platform ၏ ရှေ့ရေးနှင့် အလားအလာ, digital currency များ အကြောင်း ကိုသာဆွေးနွေးဖြစ်ခဲ့သည်။ ထိုအချိန်ကာလများမှာ ကျွှန်တော့ အတွက်တော့ Steemit မှိုင်းမိနေသော ကာလများဟု ဆိုလည်း မမှားနိုင်ပါ။ ထို့နောက် ကျွှန်တော့ သူငယ်ချင်းမှာ coin trading ကို ဇောက်ချလုပ်ရန် အလုပ်ထွက်ပြီး ကိုးရီးယားသို့ ပြန်သွားခဲ့ပါသည်။
ထို့နောက် တော့ နည်းနည်း အတတ်ကြူးပြီး ကိုယ်တိုင်ရေးစရာမလို ပဲ ပိုက်ဆံရမည့် နည်းကို စဉ်းစားလာပါသည်။ ဒေါက်တာထင်အောင်ရေးသားထားသော မြန်မာ့ရိုးရာ ပုံပြင်များကို ရေသားသူနာမည်ဖြင့် တင်၍ မလိမ့်တပါတ် လုပ်ရန် ကြံစည်ပါတော့သည်။ ညာဏ်ကြီးရှင်ဟု ကိုယ့်ကိုယ်ကို ထင်မိသည်။ သို့သော် ဒေဝဒတ်လို ညာဏ်ကြီးရှင်သာ ဖြစ်တော့သည်။
ပုံပြင်များတင်ပြီးနောက် အစပိုင်းတော့ ဟုတ်သလိုလို ရှိသော်လည်း Why there are so many pagodas at pagan ပုံပြင်ဖြင့် cheetah ထိပါလေတော့သည်။ ဤcheetah comment ထိခြင်း၏ အကျိုးကျေးဇူးမှာ နောင် Myanmar community member များကို တွဲခေါ်သောအခါတွင် များစွာ အထောက်အကူဖြစ်ခဲ့ပါသည်။ cheetah comment ထိပြီးနောက် ကျွှန်တော် ပုံပြင်များကို ဆက်တင်နေပါသေးသည်။ သို့သော် ရရှိလာသော SBD များမှာ ပြား ကဏာန်းမျှသာ။
https://steemit.com/life/@kachinhenry/the-folk-tales-of-myanmar-05-steemed-by-henry-aung
အဆိုးဝါးဆုံး post တခုကို ၁၀ ပြားသာ ရရှိသော အနေအထားသို့ ရောက်ရှိခဲ့ပါသည်။ ကျွှန်တော့ကို support ပေးကြသော ကိုးရီးယားလူငယ်များကလည်း ပုံပြင်များသာ ဆက်၍ တင်နေလျင် support မပေးနိုင်တော့ပါဟု အတိအလင်း ပြောဆိုလာပါသည်။ ထို့နောက်တော့ original ဆောင်းပါးများသာ ပြန်လည်ကြိုးစားပြီးရေးပါတော့သည်။ cheetah comment ၏ effect မှာ ကျွှန်တော်ကြိုးစားရေးသားထားသော ကျူးကျော် ရပ်ကွက်ထဲမှ အကြောင်း ဆောင်းပါး The look အထိ လာရောက်ရိုက်ခတ်ပါသည်။
The look- original ဆာင်းပါအတွက်ကျွှန်နော်ရရှိသော SBD မှာ ၁၁ ပြား သာ ဖြစ်ပါသည်။ ထို့နောက် တော့ ခန်းဆက် ဆောင်းပါးဖြစ်သော The forest wiles ( တောကြီးမာယာ ) ဖြင့်voting များ SBD များကို ပြန်လည်ရရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာလူငယ်များအားတွဲခေါ်သောအခါ cheetah comment ၏ ဆိုးကျိုးများကို အသေးစိတိရှင်းပြနိုင်ခဲ့ခြင်းဖြစ်ပါသည်။
https://steemit.com/life/@kachinhenry/the-look-original-story-by-henry-aung
ထို့ နောက် ၂၀၁၆ December လလောက်တွင် Steem ဈေးမှာ USD 0.10 $ လောက်အထိကျဆင်းသွားပါသည်။ ထိုသို့ ကျဆင်းသွားသည့် အတွက် ကျွှန်တော် မှာဆောင်းပါးရေးသားခြင်းထက် coin trading လုပ်ခြင်းကို ပို စိတ်ဝင်စားနေပြီဖြစ်သည်။ bitcoin နှင့် Etherum တို့ တရိပ်ရိပ်တက်ခြင်းနှင့်အတူ , bitshare, strait coin စသည်တို့ သော coin များကို trading လုပ်ခြင်းဖြင့် Steem များကို ဝယ်စုနေခဲ့သည်။ အချို့ကိုတော့ Singapore dollar အဖြစ်ပြောင်းလည်း ထုတ်ယူခဲ့ပါသည်။
အမှန်မှာ ကျွှန်တော် treading လုပ်ပုံဖြင့် ရေရှည် ဆက်သွားရန် မဖြစ်နိုင်ပါ။ တညလုံး မအိပ်ပဲ poloniex နှင့် bittrex သို့ တွင် trading လုပ်ခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်မှ US နှင် Europe တို့မှ ဈေးကွက်တွင် ဝင်ရောက် ရောင်းဝယ်ကြသဖြင့် အိပ်ရေးပျက်ရခြင်းဖြစ်သည်။ ပိုက်ဆံဟူသောအရာမှာ အိပ်ချင်စိတ်ကို ပျောက်စေနိုင်ခြင်းမှာ အံ့သြဖွယ်ပင်ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )