ဤဆောင်းပါကိုရေးသားရာတွင် တစုံတယောက်အားထိခိုက်စေလိုသော စိတ်မရှိကြောင်းကြိုတင်တောင်းပန်ပါသည်။ Steemit Platform တွင် မြန်မာလူငယ်များ တဖြည်းဖြည်းများလာပြီဖြစ်သဖြင့် အချင်းချင်းလည်း တယောက်ကိုတယောက် ကူညီဖေးမ၍ မည်သို့ post တင်ရမည်ကို သိလောက်ပြီးဖြစ်ပါသည်။ ဤတွင် ကျွှနုပ်ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အတွေ့အကြုံများကို ဥပမာပြပြီး ရေးသားဖ်ါပြပါမည်။ အမှန်တကယ်ဆိုလျင် မိမိဤ post ကို ရေးလိုခြင်းမရှိပါ, သို့ သော် နောင် လေးငါး ခြောက်နှစ် လောက်တွင် ဖြစ်ပေါ်လာမည့် အခြေအနေကို ကြိုတင်မြင်နေ၍ သတိပေးလိုသော သဘောဖြင့်ရေးသားရခြင်းဖြစ်ပါသည်။ Steemit Platform သည် ကိုယ်ပိုင် blog ဖြစ်ပြီး မိမိ ရေးခြင်သလို တင် ခြင်သလို တင်နိုင်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှဆရာကြီးလုပ်လို , လျှာရှည်ခြင်နေရပါသနည်းဟု မေးလာလျင်လည်း တောင်းပန်ပါသည်ဟု သာ ကြိုတင်ပြေားကြားထားလိုပါသည်။ အပိုင်း (၂)ပိုင်းခွဲ၍ တင်ပြပေးပါမည်။
အပိုင်း(၁)
Copy post, credit post and original post link
လက်ရှိ မြန်မာ steemit လူငယ်အများတွင် ကိုယ်ပိုင်အရေးအသား, original creations များဖြင့် ဝင်ရောက် ရေးသားလာသူများသဖြင့် ဝမ်းသာရပါသည်။ သို့သော် အများစု မှာ copy post များ credit ပေး၍ ဝင်ရောက်ရေးသားနေကြပါသည်။ အများအားဖြင့် Facebook ကိုဥပမာထား၍ ပြုမှူနေကြခြင်းဟု ထင်ပါသည်။ Facebook သည်, steemit ထက် လွပ်လပ်သော social media ဖြစ်ပါသည်။ တစုံတယောက်ရေးထားသော စာကို credit ပေး၍ ကူယူလျင်လည်း မည်သည့် ပြသနာမှ မရှိပါ။ original ရေးသာသူကိုယ်တိုင် , မိမိစာ လူဖတ်များသဖြင့် ဝမ်းသာနိုင်ပါသေးသည်။ ဤသည်မှာ social media ဖြစ်ပါသည်, တစုံတရာ အကျိုးခံစားခြင်းမရှိ, ပီတိသာ ဖြစ်စေပါသည်။ အကယ်၍ Facebook ပေါ်တွင်ရေးသားထားသော သို့ မဟုတ် အခြားတနေရာရာတွင် ဖေါ်ပြထားသော စာ, ဆောင်းပါတို့ကို printed media ဟု ခေါ်သော ဂျာနယ်, မင်္ဂဇင်း တို့တွင် credit ပေး၍ ကူးယူ ဖေါ်ပြခွင့်မရှိပါ။ ( original စာရေးသူ၏ခွင့်ပြုချက်ရလျင် တော့ ဖြစ်နိုင်ပါသည်။) အဘယ့်ကြောင့်ဆိုသော် ဂျာနယ်, မင်္ဂဇင်း စသည်တို့မှာ ငွေကြေးဖြင့် ရောင်းဝယ်နေကြသော , တစုံတရာ အကျိုးခံစားခွင့် ရနိုင်သော နေရာဖြစ်သဖြင့် အလွဲသုံးစားမှု ဟူသော ပြသနာ ဖြစ်ပေါ်လာနိုင်ပါသည်။ မြန်မာပြည်၏ မူပိုင်ခွင့် ဥပဒေကို နားလည်သူများမှ ပိုမိုရှင်းပြလျင် သင့်လျော်မည်ဟုထင်ပါသည်။ လက်ရှိ steemit ပြသနာမှာဤပြသနာဖြစ်ပါသည်။
steemit သည် social media ဟု ခေါ်သော်လည်း မိမိpost အပေါ် တစုံတရာ အကျိုးခံစားခွင့် ရှိသဖြင့် printed media နှင့် ပိုဆင်ပါသည်။ ထို့ကြောင့်လည်း cheetah robot , steem cleaner ကဲ့သို့သော robot များထည့်တွင်းထားခြင်းဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း မိမိသည် အခြားသူများ၏စာများကို ,ထိုသူ၏ ခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ ကိုယ်ကျိုးအတွက် credit ဟူ သော စာလုံးလေး တလုံးဖြင့် သုံးစွဲနေခြင်းဖြစ်ပါသည်။ ဤတွင် နင်လည်း google ပေါ်က photo တွေကို credit ပဲပေးပြီးသုံးနေတာပဲဟု မေးလာလျင်, ဟုတ်ကဲ့ google image ပေါ်တွင် ပိုင်ရှင်များက မိမိတို့ သုံးလိုကသုံးစေဟူ၍ တင်ထားသောပုံများဖြစ်ပါသည်။ သို့ရာတွင်မှ ဓါတ်ပုံဆရာ နာမည်ပါသော ပုံများကို ယူမသုံးပါ။ ကိုယ်ပိုင်အတွေ့အကြုံကို ရှယ်ပါမည်။ လွန်ခဲ့ သော နှစ် November လောက်တွင် ကျွှန်တော် steemit ပေါ်သို့ Burmese folk tales, ဟူသော ခေါင်းစဉ်များဖြင့် မြန်မာ့ရိုးရာ ပုံပြင်များ, ဒေါတာထင်အောင်ရေးသားထားသော ပုံပြင်များကို ရေးတင်ခဲ့ပါသည်။ ပထမဆုံး post မှာတွင် ဤပုံပြင်များကို မည်သူရေးသားခဲ့ကြောင်းမည်သည့် ခုနှစ်တွင် ရိုက်နှိပ် ထုတ်ဝေခဲ့သော စာအုပ်ထဲမှဖြစ်ကြောင်း အတိအလင်ဖေါ်ပြ၍, ပုံပြင်များ အဆုံးတွင်လည်း author Mg htin Aung ဟူ၍ ရေးသားသူ အမည်ကို ရေးသွင်းဖေါ်ပြခဲ့ပါသည်။ အစပိုင်းတွင် ဟုတ်သလိုတော့ရှိပါသည်။ သို့သော် ပုံပြင် ၅ ပုဒ်မြောက်တွင် cheetah comment ထိပါတော့သည်။ အမှန်ကို ဝန်ခံရလျင် ထိုအရင်က cheetah comment ရှိသည်ကို ကျွှန်တော်မသိခဲ့ပါ။
cheetah comment များကို လေ့လာတော့မှ သိလာရပါသည်။ cheetah comment ထိပြီးနောက်မိမိ vote များ ရသော်လည်း ပိုက်ဆံတက်မလာတော့ပါ။ cheetah comment ထိပြီးနောက်ပိုင်း ကျွှန်တော်တင်သော post များမှာ ပြားကဏာန်း လောက်သာ ရရှိပါတော့တယ်။ ဤတွင်ကြိုးစား၍ cheetah comment များကို ရှောင်၍ ပုံပြင်များကို ဆက်တင်နေခဲ့ပါသည်။ သို့သော် vote ရသော်လည်း ပိုက်ဆံကာတက်မလာ။ ပုံပြင်၁၀ ပုဒ် မြောက်တွင် ကျွှန်တော့ အားအမြဲအားပေးဂvote ပေးနေသော သူငယ်ချင်းများမှ အတိအလင်ပင် ထုတ်ဖေါ်ပြောလာပါသည်။ အခြားသူများ၏ စာများကို ဆက်၍တင်နေမည်ဆိုပါက voting မပေးနိုင်တော့ကြောင်း ပြောလာပါသည်။ ကျွှန်တော်ကလည်း အင်မတန်ကောင်းသော မြန်မာပုံပြင်များဖြစ်သဖြင့် အခြားသူများလည်း ဗဟုသုတ ရနိုင်ကြောင်းပြန်ပြောရာ, သူငယ်ချင်းများမှ ပုံပြင်များအား ဗဟုသုတ ရစေရန်အလို့ငှာတင်လျင် ရပါသည်, သိုသော် decline payout လုပ်၍တင်ပါ။ တနည်းအားဖြင့် မိမိ ပိုက်ဆံရစေရန်မဟုတ်ပဲ လူအများအား ဗဟုသုတ ရစေရန် အလို့ငှာ ဝေမျှရခြင်း ဖြစ်ပါသည် ဟူ၍ဖြစ်သည်, ထို post များအတွက် vote ပေးလျင်လည်း ပိုက်ဆံမရပါ။ ထို့ကြောင့် မိမိမှာ ပုံပြင်များတင်ခြင်းကို ရပ်လိုက်ပြီး original post များကိုသာ ကြိုးစားပြီး ရေးသားခဲ့ရပါသည်။မိမိ ဆိုလိုရင်းကို သဘောပေါက်မည်ဟု မျော်လင့်ပါသည်။
အကြောင်းမှာ ယခု credit ပေး၍တင်နေကြသော post မှာ ကာယကံရှင်အား အသိပေးထားခြင်း မရှိသောကြောင့် နောင်တွင် ပြသနာ ရှိလာနိုင်စရာအကြောင်းဖြစ်ပါသည်။ ဥပမာ ပြပါမည်။ မိမိသည် ထို စာရေးဆရာ, သို့ မဟုတ် စာအုပ်တိုက် ရှိစာများကို ကာယကံရှင် မသိပဲ credit သာပေး၍ တင်နေခဲ့သည်။ cheetah comment လည်းလွတ်ပါသည်။ အကြောင်းမရှိပါ။ ၇ ရက်ပြည့် ၍ steemit မှ ထိုpost များကို မိမိ ကိုယ်ပိုင်အဖြစ် အသိအမှတ်ပြု၍ steemit website တွင် တရားဝင် register လုပ်၍မိမိအား ရရှိသလောက် SBD ပေးပါလိမ့်မည်။ အရေးကြီးသည်မှာ steemit Platform သည် လက်ရှိအချိန်တွင် မြန်မာလူမျိုး မဖြစ်စလောက်သာရှိပါသေးသည်။ အချိန်ကြာလာသည်နှင့် အမျှ နာမည်ရလာပြီး ထိုကာယကံရှင် စာရေးဆရာမှ လည်း steemit တွင် စာရေးလျင်ပိုက်ဆံရသည်ဟူ၍ မိမိ ၏original အရေးအသားများ တင်လိုက်လျင် , ဤတကြိမ်တွင် သေချာပေါက် cheetah comment ထိပါတော့မည်။ မိမိ ကိုယ်ပိုင် အရေးအသားဖြစ်ပါလျက် အဘယ့်ကြောင့် cheetah comment ထိရပါသနည်းဟု စုံစမ်းလျင် , အခြားသူတယောက်မှ မိမိစာများကို အသုံးပြု၍ ပိုက်ဆံရယူထားသည်ကို မြင်လျင်... ကျွှန်တော်တို့မြန်မာလူမျိုးတို့သည်, တရားမစွဲပဲ ရှိပါစေတော့ ဟူ၍အင်မတန်သဘောထားကြီးသောလူမျိုးဖြစ်ပါသည်ဟု ယုံကြည်လျင် , credit ဟူသော စာလုံးသာသုံး၍ post များကိုဆက်၍ တင်ပါလေ....,
အပိုင်း(၂)
Social media relationship skill
ယခုလက်ရှိမြင်တွေ့နေရသည်မှာ , မိမိအား follow လုပ်ပါ, မိမိ vote ပေးပါမည်။ မိမိအားလည်း ပြန်follow လုပ်၍ vote ပေးကြပါဟူ၍ ဖြစ်သည်။ ပြသနာမရှိပါ။ အပြန်ပြန်အလှန်ကူညီကြပါသည်။ သို့သော် တခုမှတ်ထားရမည်မှာ မိမိ တွင် steem power မရှိသော follower များသာ များလာပါမည်။ မိမိ ကိုယ်တွင်လည်း steem power မရှိ သည့် အထဲ အခြား ကိုယ့် follower များ၏ post များကို အတတ်နိုင်ဆုံး vote ပေးနေရပါမည်။ ဤတွင် လက်ရှိ steem power မရှိချိန်တွင်ကိစ္စမရှိသော်လည်း , steem power အနည်းငယ်ရှိလာချိန်တွင် , follow လုပ်ထားတာချင်းအတူတူသူ့ကြတော့ vote ပေးတယ် ငါ့ကြတော့ မ vote ဘူးဟူ၍ ဖြစ်လာကြပါလိမ့်မည်။ မှတ်ထားရန်လိုသည်မှာ မိမိက vote ပေးပါမည်ဟူ၍ ကတိပေးပြီး follow လုပ်ခိုင်းထားခြင်းကိုမမေ့ပါနှင့် , Facebook တွင် like ကြိုက်သလောက် လုပ် ဘားမဖြစ်ပါ။ သို့သော် steemit တွင် အယောက် ၂၀ လောက် vote လိုက်လျင် voting power 20% လောက်သာကျန်ပါသည်။ ဤတွင်မျက်နှာပျက်စရာ ဖြစ်လာနိုင်ပါသည်။ voting power ၀% ထိရောက်သွားလျင် ၁၀၀% သို့ပြန်မရောက်နိုင်တော့ပါ။ ကျွှန်တော်ပင်လျင် ၅၀% လောက်နှင့် တတ်နိုင်သလောက် vote ပေးနေရခြင်းဖြစ်ပါသည်။ နောင်တွင် တဖြေးဖြေးများလာမည်ဖြစ်သဖြင့် တကယ်ကောင်းသော post များသာ ရွေးချယ် vote ပေးနိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ မိမိ follower များသည်ကိုကြိုက်၍ follow လုပ်ခိုင်းခြင်းဖြစ်ပါသည် , သင်နှင့် ဘာဆိုင်လို့လည်း ဟု မေးလာလျင် တောင်းပန်ပါတယ်...ဟုသာ ပြန်တောင်းပန်ပါမည်။ လျှာမရှည်ရမနေနိုင်သူဟု မှတ်ပါလေ။
ကျွှန်တော့ ဆိုလိုရင်းမှာ ဖေါက်ထွက်ပါ။ မိမိ ကို တခြားသူများ သတိပြုမိအောင် attention ရယူပါ။ ဥပမာ, မိမိက ဓါတ်ပုံ ပညာ ဝါသနာပါလျင် , ဓါတ်ပုံတင်သူများနှင့်မိတ်ဖွဲ့ပါ။ ထိုသူတို့၏ post ကို ဝင်၍ comment ပေးပါ။ နည်းပညာ အဆင့်မြင့်လာသော ဤခေတ်တွင် ဘာသာစကားပေါင်းစုံ translates လုပ်ရန်မခက်ခဲပါ။ မိမိ post ကို comment ပေးလျင် မိမိ သဘောကျသကဲ့သို့ ထိုသူများ၏ post များကိုလည်း comment ပေး၍ စကားဖောင်ဖွဲ့ပါ။ comment များဖြင့် chatting ထိုင်သလိုcomment ပေးပါ။ လူတို့၏ သဘောသဘာဝမှာ မိမိ စိတ်ဝင်စားသော အကြောင်းအရာကို မေးလာလျင် စိတ်ရှည်လက်ရှည် ရှင်းပြသော သဘေားတရားရှိပါသည်။ ဤနည်းဖြင့် steem power များများပိုင်ဆိုင်ထားသူများဖြင့် အသိအကျွှမ်း မိတ်ဆွေဖွဲ့ထားလျင် , မိမိ quality post တင်သောအခါ အနည်းဆုံး ၁၀$ လောက်တော့ ရနိုင်ပါသေးသည်။ ဥပမာပြပါမည်။ ကျွှန်တော် steemit ပေါ်တွင် မြန်မာလိုရေးသား နေသော်လည်း ကျွှန်တော့် သူငယ်ချင်းများမှ vote ပေးကြပါသည်။ သူတို့ နားမလည်သော်လည်း သူတို့ သိထားပြီး ဖြစ်သည်, ကျွှန်နော် မြန်မာ steemit များအတွက် တစုံတရာ အကျိုးရှိစေ သော post များ ရေးသားနေသည်ကို သိသည့် အတွက် မိမိအား အားပေး ကြပါသည်။ ဆိုလိုရင်းမှာ ကျွှန်တော့ blog ပေါ်တွင် ဘယ်တော့မှ ပေါက်ကရမရေးတာ သူတို့ သိပြီးဖြစ်ပါသည်။ မိမိအနေဖြင့် steemit ကို ရေရှည် အသုံးပြုလိုလျင် professional ဆန်သော social media public relationship ကို မဖြစ်မနေ တည်ဆောက်ရပါမည်။
လက်ရှိအချိန်တွင် မြန်မာ steemit များ တယောက်နှင့် တယောက် follow မလုပ် ကြပါနှင့်ဟု ပြောလိုခြင်းမဟုတ်ပါ။ မြန်မာစာရေးသူလည်း မြန်မာစာ ရေးသူ အလျောက် , မိမိ ရေးသားသော post ကို ကြိုက်နှစ်သက်သူ ဖြစ်လျင် အလိုအလျောက် follow လုပ်လာကြပါလိမ့်မည်။ ပြောလိုရင်းမှာ quality post များ original post များ အတတ်နိုင်ဆုံး ရေးသားကြစေရန် ရည်ရွယ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Henry Aung ( Kachin )