မင်္ဂလာပါ။ လွန်ခဲ့သော ရက်က cryptocurrency ဈေးကွက် အတက်အကျနှင့် ပါတ်သက်ပြီး Bitcoin ၏ အနေအထားကို ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိ ၏ ဆောင်းပါးကို ရေးသားနေသော အချိန်တွင် Bitcoin မှာ $ ၇၁၀၀ ဝန်ကျင်းတွင် ရောင်းဝယ်နေကြပါသည်။ လက်ရှိ cryptocurrency ဈေးကွက်ကို လေ့လာကြည့်လျင် အကြမ်းအား ဖြင့် ဈေးကြီး၍ အတက်ကြမ်းခဲ့ကြသော BTC, BCH , ETH တို့မှာ မနှစ်က ဌင်း coin တို့ ထိုးမတက်မှီ တွင် ရှိနေသော ဈေးကွက် အနေအထားကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါသည်။
ဆိုလိုသည်မှာ investors တို့ စုပြုံ ရင်း နှီးခဲ့သည့် မူရင်း ဈေးကွက် အနေအထားကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ဤတွင် အချို့ အားနည်းသော coin များမှာ 3$ 4$ ခန့်မျှ အထိ ဈေးတက် သွားပြီးနောက် လက်ရှိအခြေအနေတွင် ပြား ၈၀ ပြား ၉၀ ခန့် အနေအထားတွင် ပြန်လည်ရုန်းကန်နေရပြီ ဖြစ်ပါသည်။
သို့သော် ဤဈေးကွက် အတက်အကျတွင် ခိုင်မာသော ဈေးကွက် တခုကို အတည်တကျ တည်ဆောက်နိုင်ခဲ့သော coin များကိုလည်း တွေ့နေရပါသည်။ BNB နှင့် EOS ကဲ့သို့သော coin များမှာ ဈေးအတက်တွင် $1 ခန့်မှ စတင်ထိုးတက်သွားကြသော coin များ ဖြစ်ပါသည်။ သို့သော်ဌင်း တို့ ၏ အမြင့်ဆုံးဈေးကို ရောက်ရှိပြီးနောက် ပြန်ကျလာသော အနေအထားတွင် အမြင့်ဆုံး ဈေး၏ ထက်ဝက် ကို ပြန်ထိန်းထားနိုင်သည့် အနေအထားကို တွေ့မြင်နေရပါသည်။
အဘယ့်ကြောင့် ဤသို့ တွက်ပြရသနည်း ဟူသော် SBD သည် ဌင်း သတ်မှတ်ထားသော USD1$ ဝန်းကျင်မှ ထိုးတက်သွားလိုက်သည်မှာ ဌင်း ၏ အမြင့်ဆုံး ဈေး ဖြစ်သည့် 13$ ကျော်သို့ ရောက်ရှိ ပြီးနောက် လက်ရှိပြန်ကျလာသော အချိန်တွင်လည်း မူရင်း ဈေး ဖြစ်သော 1$ ဝန်းကျင်ခန့်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါသည်။
SBD နှင့် အတူ Steem ဈေးသည်လည်း ဌင်း ရောက်ရှိခဲ့သော အမြင့်ဆုံး 8$ ကျော်ခန့်မှ ထိုးကျလာရာ လက်ရှိတွင် Steem ဈေး မတက်ခင်တွင် ရှိနေသော ဈေးကွက်အနေအထားသို့ ပြန်ရောက်ရှိနေပြီ ဖြစ်ပါသည်။ သို့သော် ဤဈေးကွက် ခိုင်မာသည် မခိုင်မာဘူး ဟူသည်မှာ ဝယ်ရောင်း လုပ်ကြသူများ နှင့် ဝယ်ရင်းနှီး မြုပ်နှံကြသူများတွင် အများအားဖြင့် မူတည်နေပါသည်။
Steem သည် ၂၀၁၆ ဈေးကွက် အတွင်းသို့ ရောက်ပါပြီ ဆိုကတည်း က Top 10 trading လုပ်သော အဆင့်တွင် အမြဲ ရပ်တည်နေရာမှ ၂၀၁၇ နှစ်ကုန်ပိုင်း တွင် Top 20 အတွင်းသို့ တဖြည်းဖြည်းကျလာခဲ့ပါသည်။ ယခု ဤဆောင်းပါး ရေးသားနေသော အခါတွင် Steem မှာ ဝယ်ရောင်း လုပ်သူတို့ ၏ စိတ်ဝင်စားမှု အဆင့် ၃၁ နေရာတွင် ရောက်ရှိနေပြီ ဖြစ်ပါသည်။
ဤအဆင့် သတ်မှတ်ချက်တို့မှာ နေ့စဉ် နှင့် အမျှ ၂၄ နာရီအတွင်း ဝယ်ရောင်းခဲ့ကြသော USD $ ပမာဏများဖြင့် တိုင်းတာထားကြခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် XRP ( Ripple ) coin မှာ ပြား ၅၀ ခန့်သာရှိသော် လည်း ဈေးကွက် ဝယ်ရောင်းတွင် Steem ဈေးထက် ပို၍ စိတ်ဝင်စားကြသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် XRP ၂၄ နာရီ ဝယ်ရောင်းသော ပမာဏ USD သန်း၄၀၀ ကျော် ရှိနေစဉ်တွင် steem ၂၄ နာရီ အတွင်း ဝယ်ရောင်းခဲ့သော ပမာဏမှာ ဒေါ်လာ ၂ သန်းခန့်သာ ရှိခဲ့ပါသည်။
ဤဈေးကွက် အခြေအနေကိုCryptocurrency Market Cap တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Steem token အား ဈေးကွက်တွင် အဘယ့်ကြောင့် လူကြိုက်နည်းလာရပါသနည်း ။ အဘယ့်ကြောင့် Steem သည် ဈေးကွက် ထိုးကျသော အချိန်တွင် ဌင်း ၏ အမြင့်ဆုံး ဈေး ထက်ဝက်ခန့်ကို အဘယ့်ကြောင့် ထိန်းမထားနိုင်ရပါသနည်း။
ဤအရာအားလုံးတို့၏ အဖြေမှာ Steemit Platform အား ပေါ်ပင် ရင်းနှီးမြုပ်နှံသူတို့ အကြိုက်မတွေ့လာ၍ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ဈေး ကွက်တွင် ဝယ်ရောင်း ကစားသူတို့မှာ ဝယ်လိုအား ရောင်းလိုအား ကောင်း သော တနည်းအား ဖြင့် active ဖြစ်နေသော ဈေးကွက်ကို ပိုသဘောကျကြပါသည်။
နောက်တချက် Steemit Platform ၏ အားနည်းချက်မှာ investors များအား မဆွဲဆောင် နိုင်ခြင်း ဖြစ်ပါသည်။ Steemit Platform ၏ တိုးတက်မှုအခြေအနများကို ပုံမှန် ချမပြနိုင်ခြင်း နှင့်အတူ နောက်ဆုံး update လုပ်လိုက်သည့် HF20 တွင်လည်း ဖြေရှင်း စရာပြသနာ အများအပြား ပါဝင်နေပါသည်။
ထိုပြသနာများကို အလျင်သင့်လျင် ဖေါ်ပြပေးပါမည်။ ထို့ အတူ Steemit Platform အနေဖြင့် မျှော်လင့်ချက်ပေးထားသော SMT အနေဖြင့်လည်း ထွက်ပေါ်မလာသေးခြင်းက investors များကို စိတ်ပျက်စေခဲ့ပါသည်။ အထူးသဖြင့် Steem ဈေးများကျ လာသော အချိန် 4$ 5$ ခန့်တွင် SMT များကို ကြေညာပေးခြင်းဖြင့် cryptocurrency ကို ယုံကြည်မှုနည်းလာသူများအား SMT ဖြင့် Steemit သို့ ဆွဲခေါ်နိုင်လိမ့်မည်ဟု အများက မျှော်လင့်ထားခဲ့ကြပါသည်။ သို့သော် လက်ရှိအချိန် အထိ SMT မှာ မျှော်လျက်နှင့် ဝေးနေဆဲသာ။
အခြားတဖက်မှ ကြည့်လျင်လည်း Steemit တွင် SP အများအပြားပိုင်ဆိုင်ထားကြသူများမှ Steem ဈေးတက်လာသော အချိန်တွင် မိမိတို့ အမြတ်ရရှိရေး ... ဝင်ငွေရရှိရေးသာ အာရုံ စိုက်ကြသလို curie ကဲ့သို့ အခြားသော Steemit Community များအား တွဲခေါ်ရန် ပျက်ကွက်ကြခြင်း အပေါ် လူအတော်များများက ထောက်ပြကြပါသည်။
ထို့အပြင် Steemit developers များမှလည်း ယခုအချိန်အထိ Steemit Platform ပေါ်မှ ထူးခြားသော project များ ချမပြနိုင်သေးခြင်းကလည်း Steemit Platform အား လူအများ စိတ်ဝင်စားမှုတဖြည်း ဖြည်း နည်းပါလာစေပါသည်။ ဆိုလို သည်မှာ Utopian.io မှာ Steemit Platform အားအခြား Platform မှ ဖွင့်ကြည့် ခြင်းသာ.. ထို့အတူ Busy.org မှာလည်း ထို အတိုင်းသာ။
လက်ရှိထွက်ပေါ်လာသော project များတွင် Dtube တခုသာ အနည်း ငယ်ထူးခြားသယောင် ထင်ရပါသည်။ ဆိုခဲ့သည့် အတိုင်း ထူးထွေဆန်းပြား သော နည်းပညာများ မချပြ နိုင်ခြင်းကလည်း Steemit Platform အား စိတ်ဝင်စားမှု နည်းပါးလာရခြင်းတွင် အကြောင်းတခုအပါအဝင်ဖြစ်ပါသည်။
နောက်ထပ် အရေးကြီးသော အကြောင်းတခုမှာ Steemit Platform အား ထဲထဲဝင်ဝင် နားလည်ရန် အချိန်ပေးရခြင်းပင် ဖြစ်ပါသည်။ လက်ရှိ MSC မှ member များသိကြသည့် အတိုင်း Steemit Platform အား သေချာနားလည်၍ ဤ Platform သည် အနာဂါတ် အတွက် အလွန် အရေးပါသော အလွန်ကောင်းသော Platform တခုဖြစ်သည်ဟု နားလည်သွားနိုင်ရန် အနည်း ဆုံး ၃ လ မှ ၆ လ ခန့် Steemit Platform အား လေ့လာရန်လိုအပ်ပါသည်။
ယခု လက်ရှိအချိန်တွင် ဖြစ်ပျက်နေသည်မှာ အကောင့် ရလျင် copy ကူးတင်ကြည့်သည်။ နောက်ထပ် Facebook များမှ လူကြိုက်များသော ပေါ်ပင် post များ ကူးတင်ကြည့်သည်။ Vote မရသောအခါ အလကားပါကွာ ဖြစ်သွားကြသည်။
လက် ရှိ Steemit Platform ပေါ်တွင်ရှိနေကြသော အကောင့်များ တနည်းအားဖြင့် Steemit Platform အားသေချာနားလည်သွားပြီ ဖြစ်သောသူများမှာ Steemit အား တနေ့ မကြည့်ရလျင် စားမဝင် အိပ်မပျော် သော အနေအထားသို့ ရောက်ရှိနေကြသလို တဖြည်း ဖြည်း နှင့် Facebook နှင့်လည်း ဝေးကွာလာကြပြီ ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း Steemit Platform အား နားလည် ရန် ခက်ခဲ ခြင်းကလည်း ဤPlatform အား စိတ်ဝင်စားမှုနည်းပါးလာရခြင်း အကြောင်း တခု ဖြစ်ပါသည်။ ကျွန်တော့ အထင် သာ ပြောရလျင် ကျွန်တော်တို့ မြန်မာများအတွက် တော့ သိပ်ပြီး မခက်ခဲတောပါ။
Steemit Platform ၏ လုပ်ငန်းဆောင်တာ အကြောင်း ရေသားထားသော ဆောင်းပါးများ အများအပြားရှိနေပြီ ဖြစ်ပါသည်။ စာဖတ်ကြရန်သာလိုပါသည်။ အချုပ်ဆို ရသော် လက်ရှိ blockchain system ဖြင့်သွားနေသော Steemit Platform မှာ အနာဂါတ် Social Media များအတွက် အလွန်ကောင်းမွန်သော Platform ဖြစ်သည်ကိုတော့ ပညာရှင် အများ လက်ခံထားပြီး သားဖြစ်ပါသည်။
လက်ရှိ Steem ဈေးကျ နေခြင်း တက်နေခြင်းက Steemit Platform ၏ အရည်အသွေးကို ထိခိုက်သွားမည် မဟုတ်သလို ကျွန်တော် အထပ်ထပ် သတိပေးသည့် အတိုင်း Steemit Platform သည် ရေရှည် လျှောက်ရမည့် Platform ဖြစ်သောကြောင့် ၂၀၂၀ , ၂၀၂၅ လောက်အထိ မျှော်ကြည့်ကြပါရန်သာ တိုက်တွန်း လိုပါသည်။
ဈေးကျခြင်း ဈေးတက်ခြင်းမှာ ဈေးကွက် သဘောတရားသာ ဖြစ်၍ မိမိ တွင် ရောင်းစရာ ကုန် မရှိလျင် ဈေးအတက် ဈေးအကျ ထိုင်ကြည့်နေလည်း ဘားမှ ထူးလာမည် မဟုတ်ပါ။မိမိတို့ အနေဖြင့် Steemit Platform မှ သုံးစွဲစရာ ငွေကြေး ထုတ်ယူ နိုင်သည်ကို သိရှိပြီး ဖြစ်သည့်အတိုင်း ဤPlatform ကို မိမိတို့ အတွက် မည်သို့ မည်ပုံ အသုံးချ မည် ဆိုသည်ကတော့ မိမိတို့ ဆုံး ဖြတ်ချက်အတိုင်းသာ ဖြစ်ပါလိမ့်မည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001