ကျွှန်တော် ကွန်ပြူတာ စသုံးတော့ ၂၀၀၀ ခုနှစ်ဝန်းကျင်တွင်ဖြစ်သည်။ ဘာရယ်မဟုတ် အလုပ်တဖက်နှင့် အဝေးသင် တက်နေရင်းက လူငယ်ဆိုတော့ computer တတ်ထားသင့်တယ် အထင်ဖြင့် တက်ထားခြင်းပါ။ ထိုအချိန်က ကျွှန်တော့ လစာ ဝင်ငွေမှာ ၆၅၀၀ ကျပ်ဖြစ်ပါသည်။ ကွန်ပြူတာ ဝယ်ဖို့ မဆိုထားနှင့် ဂဏာန်းပေါင်စက်ပင် မဝယ်နိုင်ခဲ့ပါ။ တလတလ ဝမ်းရေးနှင့် ပညာရေး အတွက် အလျင်မှီအောင် ရုန်းကန်ခဲ့ရသည်။ ထိုအချိန်က တော့ ကွန်ပြူတာသင်တန်းတက်နေတာကွ ဟူ၍ မြောက်ကြွမြောက်ကြွ နှင့်။ အမှန်တော့ computer ဆိုတာ တိုးတက်ပြီးနိုင်ငံ အတွက်တော့ တကူးတက သီးသန့် သင်စရာမလို ကျောင်းစာသင်ရင်း assignment တွေ ကိုယ်ဖာသာကိုယ်ရေး ... ဆရာတွေဆီကို ကျောင်း email နဲ့ပို့ .... computer သုံးနည်းကို ကျောင်းတက်ရင်း သင်ရင်း သုံးတတ်သွားကြသည်။ ထိုအချိန်တုန်းကတော့ မြန်မာပြည်အတွက် computer မှာ အထူးတဆန်း အနေနဲ့ သင်ယူ ကြရပါသည်။ ကိုယ်ပိုင် computer မရှိတော့ Dagon Center အပေါ်ထပ်တွင် internet coffee ဆိုင်ရှိရာသို့ တပါတ်တခါ အရောက်သွား, mail4u account ဖြင့် တောင်ရိုက် မြောက်ရိုက် လုပ်၍ လက်ကွက်ကျင့်ယူရပါသည်။ထိုအချိန်တုန်းကတော့ yahoo မှာနာမည်ကြီးပါသည်။ ခုနောက်ပိုင်းလူငယ် များyahoo ကိုသိကြမယ်တောင်မထင်တော့ပါ။ စာတွေပို့ကြ, ဖွန်ကြောင်ကြ။ ကိုယ်အင်္ဂလိပ်စာ အဆင့်ကလည်း, Hi, how are you , I hope you are well . As for me I am fine too . ကျောင်းကလည်း အဲလိုသင်ပေးလိုက်တာကိုး။ cellular ဟုခေါ်တဲ့ မီးစိမ်လေး လင်းနေတဲ လက်ကိုင်ဖုန်းကို ကိုယ်တွေသွားကိုင်ရင် လက်ဝဲပေါက်လိမ့်မည်ဟုသာ ထင်ခဲ့မိသည်။ ဆိုလိုချင်သည်မှာ အစစအရာရာ နောက်ကျနေရစ်သော ကျွှန်တော့ဘဝ မှာ စင်္ကပူရောက်တော့ နည်းပညာနှင့်ပတ်သက်ပြီး တအံ့တသြဖြစ်ခဲ့ရပါသည်။ ( စင်္ဂပူ အတွေ့အကြုံကို နောက် တွင် post တင်၍ ဝေမျှပေးပါမည်) အထူးသဖြင့် ပညာရေးတွင် ဖြစ်ပါသည်။ ကျွှန်တော်ပြောချင်သည်မှာ နည်းပညာဖြစ်ပါသည်။
စင်္ကပူတွင် ကျွှန်တော်ရရှိသော လခဖြင့် ပထမဦးဆုံး ဝယ်ယူသော phone မှာ Nokia 6610 ဖြစ်ပါသည်။ ထိုအချိန်တုန်းကတော့ မြန်မာပြည်တွင် ဖုန်ကိုင်ရန် အိမ်မက်ပင်မမက်ဖူးသူက ဖုန်းတလုံးရသွားသည်နှင့် ဘုရင်ကြီး တပါး ဖြစ်သွားသလောက်ကို ကိုယ့်ကိုကိုယ် အထင်းကြီးသွားမိပါသည်။ သူခိုးရွှေရတပြပြ ဆိုသလို တွေကရာလူ လျှောက်ကြွားပြီး မိမိ ဖုန်းထုတ်ကိုင်တော့ ထိုသူတို့ ကိုင်နေကြ သော ဖုန်းမှာ မိမိထက် model မြင့်သောဖုန်များသာ။ ကျွှန်တော် ဖုန်းတလုံးရထားသည်မှာ မျောက်အုံးသီးရနေသကဲ့သို့သာရှိပါသည်။ မည်သူ့ကိုမှ ဖုန်းဆက်စရာမရှိ ။ စင်င်္ကပူ နိုင်ငံတွင် general worker လုပ်၍ hand phone ကိုင်နိုင်သော်လည်း မြန်မာပြည်မှ မိဘများနှင့်ဆက်သွယ်သောအခါ, ဖုန်းရှိသောအိမ်ကို သည်ည ဘယ်အချိန် ဖုန်းခေါ်လာပါမည်, ကျွှန်တော့ မိဘများကို အကြောင်းကြားပေးပါ။ စသည်ဖြင့် ပြည်ပြရောက်နေသော သူတိုင် ထိုအခက်အခဲကို ဖြတ်ကျော်ခဲ့ရပါသည်။ သူများတွေ ဖုန်းကိုယ်စီကိုင်နိုင်ချိန်တွင် မြန်မာမိသားစု ၁၀ စုတွင် ဖုန်းတလုံးမရှိပါ။ နည်းပညာကို ပြန်ဆက်ပါမည်။ ထိုအချိန်က Nokia ဖုန်းသည် ပြိုင်ဘက်ကင်းပါသည်။ design မျိုးစုံ model လည်း တနှစ်ထက်တနှစ်မြင့်လာပါသည်။ ကျွှန်တော်သိသလောက် ထိုအချိန်တွင် Nokia ၏ အဓိကပြိုင်ဘက်မှာ Sony Ericsson နှင့် Motorola ဖြစ်ပါသည်။ ကျွှန်နော့် အထင်သာ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင် ဖုန်းများ တနှစ်ထက်တနှစ် model မြင့်၍ နည်းပညာများမြင့်လာသည်နည်းတူ ပြသနာများသည်လည်း လိုက်ပါလာလေ့ရှိပါသည်။ ဥပမာ အားဖြင့် message scam... နည်းပညာမြင့်လာသဖြင့် privacy photos များအပြန်အလှန်ပို့ ကြ, ပြကြ, အဆင်မပြေသောအခါ ငွေညစ်သော အဖြစ်သို့ ရောက်သွားကြသည်။ ဤသို့ သော နည်းပညာမြင့်လာသည်နည်းတူ ဖြစ်ပေါ်လာသောပြသနာများအတွက် ဖြေရှင်းရန် ဥပဒေ ကလည်း အဆင်သင့် ပြင်ဆင်သွားရသည်။
I phone ဤ ပထမဆုံး 3G smart phone မထွက်ခင် Nokia ၏ N95 မှာ အလွန်ပင်နာမည်ကြီးပါသည်။ ထိုခေတ်ထိုအခါ N95 စထွက်ထွက်ခြင်း ကိုင်နိုင်သူမှာ ဆရာကြီးများသာဖြစ်သည်။ အချို့ဆိုလျင် N95 နှစ်လုံး ကိုင်ကြပါသည်။ ချမ်းသာသည်ပေါ့။ သို့သော် I phone ပေါ်လာပြီးနောက်ပိုင်တွင် Nokia မှာ မီးကို ရေဖြင့်ပက်လိုက်သကဲ့သို့ ငြိမ်သွားပါသည်။ ဤကဲ့သို့ ဖုန်းတွင် နည်းပညာအပြောင်းအလည်း ဖြစ်နေသော်လည်း မြန်မာပြည်ကတော့ သူနှင့်မဆိုင်သလိုသာ။ ၂၀၀၉ , ၂၀၁၀ ဝန်းကျင်တွင်တော့ ခြင်းဖုန်း ဟုခေါ်သောဖုန်းများကိုင်နိုင် လာကြသော်လည်း အများစုမှာ သိန်း ၂၀ ဝန်ကျင်တွင်ဖြစ်၍ လူတိုင်း အနားမကပ်နိုင်။ iPhone 4 ထွက်လာသောအခါ smart phone နည်းပညာအပြောင်းအလည်မှာ အံ့မခန်းဖြစ်လာပါပြီ။ အဓိက ထိခိုက်ရသူမှာ telecom company များဖြစ်ပါသည်။ အရင်တွင် ဖုန်ခေါ်ဆိုလျင် ဘယ်လောက်, SMS ပို့လျင် ဘယ်လောက် , ဟူ၍ ပိုက်ဆံဖြတ်ကြသော်လည်း wechat , viber , tango ကဲ့သို့သော app များပေါ်လာသောအခါ ထို telecom company များ internet ကိုအဓိက ထား၍ ဝန်ဆောင်မှုများပေးရတော့သည်။
နည်းပညာပိုင်းကိုပြန်ဆက်ပါအုံးမည်။ တိုးတက်ပြီးနိုင်ငံ တွင် နည်း ပညာနှင့် အတူ ဖြစ်ပေါ်လာသော ပြသနာများကို ဖြေရှင်းရန် ဥပဒေများလည်း လိုက်လာပါသည်။ လက်ရှိ စင်္ကပူ ကဲ့သို့သော နိုင်ငံတွင်ပင် cyber crime ရှိပါသည်။ သို့အတွက် ထိရောက်သော ဥပဒေလည်းရှိထားပြီးဖြစ်သည်။ ကျွှန်တော်၏ဆိုလိုရင်းမှာ phone နည်းပညာ အပြောင်းအလည်းမှာ ဆယ်စု နှစ်တခုအတွင်း လုံးဝပြောင်းလည်းသွားပါသည်။ ဆက်လက်၍ လည်း ပြောင်းလည်းနေဆဲဖြစ်ပါသည်။ ဤနည်းပညာအပြောင်းအလည်း တွင် တဝက်တပြတ်မှ လိုက်ပါရသူတို့မှာ နည်းပညာ၏ သားကောင်ဖြစ်ရတော့သည်။ ကျွှန်တော်တို့ သည် ဖုန်းနည်းပညာ အပြောင်းအလည်း တဆင့်ခြင်း ပြောင်းလဲလာသည်ကို မမှီခဲ့ပါ။ ရုတ်တရက် ကျွှန်တော်တို့ လက်ထဲသို့ smart phone နှင့် social media ပေးတွေ့လိုက်သောအခါ culture shock ဖြစ်ပါတော့သည်။လုံးဝမကောင်းဘူးဟုမဆိုလိုပါ , အကောင်းများလည်းရှိကြသလို အဆိုးများကို အဆိုးဝါးဆုံးဖြစ်ပေါ်စေပါတော့သည်။ အကောင်းများမှာ သတင်းများကို လျင်မြန်စာသိလာခြင်း, ဆက်သွယ်မှု ကောင်းလာခြင်း, ဗဟုသုတ ရှာဖွေသူတို့ အတွက် အဆင်ပြေလာခြင်း, လူငယ်များ ယခုကဲ့သို့ Steemit Platform ပေါ်တွင် ဝင်ရောက် ရေးသားနိုင်ကြခြင်း စသည်ဖြင့်, သို့သော် ဆိုးကျိုးများမှာ ကြောက်ခမန်းလိလိ, social media ပေါ်တွင် အဆဲသန်လျင် အနိုင်ရစတမ်းပြိုင်ဆဲကြသည်, ယခင်က 18+ ပုံများပင် ရှာဖွေရခက်ရာ ယခု တွင် ဟေ့ကောင် zapya ဖွင့်လိုက်ဆိုလျင် နိုင်ငံပေါင်းစုံမှ အထီးအမ တို့အား အရှင်လတ်လတ်မြင်နိုင်ခြင်း , အကျိုးဆက်ကာ ပညာဗဟုသုတ နည်းပါးလှ၍ ခြုံဖုတ်, ကျောင်းဝင်း, ဘုရားဝင်းပါမချန် တိရိဆန်ကဲ့သို့ ပြုမှုလာကြသည်။ ဤ sex education အားနည်းခြင်းအကြောင်း ပိုမို သိလိုလျင် single mother များကို အကူအညီပေးနေသော ကိုစိုးထိုက် (ဖဒို) ၏ Facebook တွင်ဝင်ရောက်ဖတ်ရှုပါလေ... မကြားဝံ့မနာသာများကို ဖတ်ရှုရပါလိမ့်မည်။ ဒုစရိုက်မှုတွင်လည်း ဆန်းသစ်သော နည်းများဖြင့် ခိုးလာကြသည်။ ဘာသာရေးမှိုင်းတိုက်ခြင်းနှင့် နိုင်ငံရေး ခြေထိုးခြင်းတို့မှာ မကြည့်ချင်ပိတ်ထားလိုက်ရုံသာ။ ဤကဲ့သို့ culture shock အတွက် ကျွှန်တော်တို့ တိုင်းပြည်တွင် ထိရောက်သော ဥပဒေများရှိသော်လည်း အလုံးစုံ အကာအကွယ် မပေးနိုင်သေးပါ။ ကျွှန်တော်၏ ဆိုလိုရင်းမှာ နည်းပညာအပြောင်းအလည်း ကို နောက်မှ လိုက်သူတို့သည် တနည်းအားဖြင့် နည်းပညာ၏ သားကောင်ဖြစ်ရတော့သည်။
ထို့ကြောင့် လက်ရှိ ကျွှန်တော်တို့ ဝင်ရောက် ရေးသားနေသော Steemit Platform မှာ သက်တမ်းအားဖြင့် တနှစ်ကျော်သာရှိပါသေးသည်။ မြန်မာလူငယ်တို့ များစွာ နောက်မကျသေးပါ။ အချို့နိုင်ငံ ဆိုလျင် သိတောင် မသိသေးပါ။ ဆိုခဲ့သည့်အတိုင်း currency revaluation ဖြစ်၍ နိုင်ငံတိုင်းလူတိုင်း ကို bank များမှ e wallet ထုတ်ပေးရသော အချိန်တချိန်ကို ရောက်ရှိလာပါလိမ့်မည်။ ထိုအချိန်တွင် မြန်မာ လူငယ်များတွင်လည်း အများနည်းတူ တူတူတန်တန် e wallet ဖြင့် digital currency ကို ပိုင်ဆိုင်နေကြလောက်ပြီဖြစ်သည်။ ယခု အချိန်တွင် မြန်မာ တပြည်လုံး အတိုင်းအတာဖြင့် Steemit ကို ဝင်ရောက်လာသူတို့ မှာ များစွာ နည်းပါးပါသေးသည်။ ထို့ အပြင် စာမရေးတတ်၍ နောက်ဆုတ်သွားကြသူများလည်း ရှိလောက်ပါသည်။ သို့သော် မြန်မာလူငယ်တို့၏ တိုးတက်လိုသော စိတ် အများထက်သာ ကြီးပွားလိုသော စိတ်ကို အထင်မသေးဝံ့ပါ။ ကျွှန်တော့ အမြင်မှာ မိမိ လက်ရှိလုပ်ကိုင်နေသော အလုပ်လည်းမပျက် ပဲ ဤ Steemit ပေါ်တွင်လည်း အပိုဝင်ငွေရှာထားနိုင်ပါက အလွန်ပင်သင့်လျော်လှပေသည်။ ကျွှန်တော့ အနေဖြင့် ဤဆယ်စုနှစ် အတွင်းဖြစ်ပျက်သွားခဲ့သော technology revolution များတွင် Nokia နှင့် I phone, yahoo နှင့် google , blogger နှင့် Facebook, စသည်တို့ကို နိုင်ယှဉ်ကြည့်မိ၍ နည်းပညာမြန်ဆန်လာခြင်းနှင့် မလိုက်ပါနိုင်သူ မပြောင်းနိုင်သူတ်ု့ ကျန်ခဲ့ကြပုံကို ကျွှန်တော်တို့ မျက်စိရှေ့တွင်ပင်ဖြစ်ပျက်သွားခဲ့ကြပါသည်။ Japan မှ Sony , toshiba , Korea မှ dewoo နှင့် hanjin တို့ ကျရှုံးလာရပုံများ ကို နည်းပညာနှင့် စီမန်ခန့်ခွဲမှု မည်မျှအရေးပါကြောင်း ကို သိရှိလာရသည်။
ထို့ကြောင့် မြန်မာလူငယ်များလည်း အသစ်ဖြစ်သော နည်းပညာဖြစ်သည့် Steemit Platform ပေါ်တွင် သူများနောက်ကလိုက်စရာ မလိုပဲ မိမိတို့လမ်း မိမိ တို့ ဖောက်ကြရပါမည့် အကြောင်း တိုက်တွန်းလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Henry Aung ( Kachin )