လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ဘဝတွေရှိပါတယ်။ကိုယ်ပိုင်ဘဝတွေ ရှိပေမဲ့ ကိုယ်ဘဝကို မြတ်နိုးတန်းဖိုးတဲ့လူ နည်းပါတယ်။ဘာကြောင့်လဲဆိုတော့ ဘဝဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခုကို အသုံးမချကြလို့ပါ။အသုံးမချတော့ အဆင်မပြေမှုတွေ ကြုံတိုင်း ဘဝကြီးကိုပဲ အမျိုးမျိုးအပြစ်တင်နေကြပါတယ်။
တကယ်တော့ လူတိုင်းမှာ ဘဝတစ်ခုဆီပဲ ရှိပါတယ်။လူရယ်ဖြစ်လာတဲ့ မွေးဖွားလာချိန်မှစ သေဆုံးသည့် အချိန်တိုင်အောင် အချိန်တွေများစွာကို ဖြတ်သန်းကြရပါတယ်။ဖြတ်သန်းရတဲ့ အချိန်ကာလ တစ်လျှောက် မိမိရဲ့ ကံ၊ဉာဏ်၊ဝရီယကို အသုံးမချပါက မိမိလိုချင်တပ်မက်သော ဘဝကို ပိုင်ဆိုင်ဖို့ ဝေးနေဦးမှာပါပဲ။လူတွေဟာ မိမိပေးဆပ်မှု၊ကြိုးစားမူထက် ပို၊ပို၍ မျှော်လင့်ကြပါတယ်။မျှော်လင့်သလို မဖြစ်လာတော့ ကိုယ့်ဘဝကိုယ်ပဲ အပြစ်တင်ကြပါတယ်။ကိုယ်ရဲ့ ကြိုးစားမှုကို ပြန်မသုံးသပ်ပါဘူး။ကိုယ်ကြိုးစားရင် ကြိုးစားသလောက် မရတာမရှိပါဘူး။ကိုယ့်ရဲ့ ကြိုးစားမှုက ကိုယ်ပြန်ရတာပါပဲ။
သူတပါးအောင်မြင်တာကို ကြည့်ပြီး ကျေနပ်နေပေမဲ့ တပါးသူ ဘယ်လောက်ပေးဆပ်ထားလဲ၊ဘယ်လောက်ကြိုးစားထားလဲ ဆိုတာကို မမြင်ကြပါဘူး။အဲ့မမြင်ခြင်းတွေကြောင့် လူတိုင်းရဲ့ ဘဝတွေဟာ မတူညီကြတာပါ။လူတိုင်းဟာ အနိမ့်မြင့်၊အတတ်ကျတွေကို မကြုံဆုံဖူးတဲ့သူ မရှိပါဘူး။ကြုံတိုင်းလည်း ကိုယ့်ဘဝကို အရှုံးမပေးကြပါနဲ့ လူတိုင်းကိုယ်စီ ဘဝနဲ့ပါ။လူတိုင်းကိုယ်ပိုင်ဆိုင်ချင်တဲ့ ဘဝကို ရရှိပါစေလို့ ဆုတောင်းပေးရင်း ကျွန်တော်ရဲ့ စာလေးကို နိဂုန်းချုပ်ပရစေ။
photo credit google image