အားလပ်ရက် ဒီလို အချိန်ကာလတွေမှာ ခရီးတွေ သွားကြတယ်...အဝေးပြေးလမ်းမကြီးအပေါ်မှာ အရှိန်တစ်ခုနဲ့ ကားကို မောင်းတယ်လေ...တရိပ်ရိပ်နဲ့ ဘေးမှာ ဖြတ်ကျန်ခဲ့တဲ့ သဘာဝရှူခင်းလေးတွေကို ငေးမိရင် ကိုယ်လောက်ခရီးပေါက်နေခဲ့ပြီလဲဆိုတာကို သိချင်စိတ်နဲ့ လမ်းဘေးမှာ စိုက်ထူထားတဲ့ မိုင်တိုင်လေးတွေကို မကြာခဏဆိုသလို စောင့်ကြည့်မိတာ အကျင့်တစ်ခုလို ဖြစ်နေပြီ။
ဪ...မိုင် ၆၀ တောင် ခရီးပေါက်ပြီပဲဆိုပြီး မိုင် ၆၀ ကို ပြတဲ့ မိုင်တိုင်အရောက်မှာ ကျေနပ်သလို ဖြစ်မိတယ်...သိပ်မကြာပါဘူး...လိုရာခရီး မရောက်မချင်း နောက်ထပ် ခရီးမိုင်တွေကို ရောက်လိုဇောနဲ့ နောက်ထပ်လာမယ့် မိုင်တိုင် အသစ်တွေကို ထပ်ပြီး မျှော်နေမိပြန်ရော...
ဘဝဆိုတာလဲ ဒီလိုပါပဲ...ဖြစ်ချင်တဲ့ ကိစ္စလေးတွေကို ရက်စွဲချလို့ ပြင်ဆင်မိကြတယ်...အဲ့ဒီ့ နေ့ရက် မရောက်မချင်း စိတ်လှုပ်ရှားကြတယ်...လက်ချိုးရေမိတယ်...အဲ့ဒီ့အချိန်ကာလကို ရောက်ရှိတဲ့အခါမှာလည်း အရမ်းပျော်ကြတယ်...ဒါပေမယ့် အဲ့ဒီ့ ပွဲလေး မပြီးခင်မှာပဲ နောက်ထက် ပွဲလေးတွေကို စပြီး plan ချလို့ မျှော်နေမိပြန်ပြီလေ...
ဒီလို milestones လို့ခေါ်တဲ့ မိုင်တိုင်လေူတွေဟာ destination လို့ခေါ်တဲ့ ကိုယ့်ရဲ့ နောက်ဆုံး ခရီးပန်းတိုင် မရောက်မချင်း အရောက်သွားဖို့ ကိုယ့်ကို တွန်းအားပေးနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
တချို့ကတော့ အမှုမဲ့အမှတ်ပဲ ကျော်ဖြတ်ကြတယ်...ကိုယ့်ရဲ့ ခရီးပန်းတိုင်ကိုပဲ မျှော်တွေးကြတယ်....မရောက်နိုင်လွန်းတော့ စိတ်ဓါတ်ကကျချင်လာကြတယ်...သူတို့သတိမထားမိတာက ဘဝဆိုတာ ပန်းတိုင်မဟုတ်ဘူးလေ...journey လို့ခေါ်တဲ့ ခရီးလမ်းဖြစ်တယ်ဆိုတာကိုပေါ့...နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေတဲ့ ဒီ ဘဝလမ်းခရီးကို ခရီးပန်းတိုင် ရောက်လိုဇောနဲ့ အမှုမဲ့ အမှတ်မဲ့ မဖြတ်သန်း သင့်ပါဘူး..
ခရီးဆုံးပန်းတိုင်မရောက်ခင်မှာပဲ ဒီလို milestone ခရီးမိုင်တိုင်လေးတွေကို ကိုယ့်အတွက် small success လေးတွေ အဖြစ် အမြဲ ပျော်ရွှင်ကျေနပ် celebrate လုပ်နိုင်တာဟာ ဘဝခရီးကြီး ဆက်လက်ဖြတ်သန်းနိုင်ဖို့အတွက် ခွန်အားတွေကို ဖြစ်စေတယ်ဆိုတာကို အမြဲသတိချပ်သင့်ကြောင်း ပြောပြချင်ပါတယ်လေ...
KC Myanmar
photo credit: google image