HR အလုပ်မှာ ကျင်လည်ခဲ့တယ်...အခုလည်းလုပ်ကိုင်နေတယ်...ရှေ့လျှောက်လည်း တနည်းမဟုတ်တနည်းနဲ့တော့ ဆက်လုပ်သွားဖြစ်ဦးမယ်ထင်ပါတယ်။
ဘာလို့လည်း...
စဉ်းစားကြည့်မိတော့...အဖြေက HR ကို ချစ်တာပဲ...အရမ်းချစ်တယ်လေ...လုပ်ငန်းတွေမှာ တွန်းတွန်းတိုက်တိုက်နဲ့ ရှေ့ကနေ စီးပွားတွေရှာ၊ ဈေးကွက်တွေထွင်နေတာမျိုး မဟုတ်ပေမယ့်...ကြံကြံခိုင်ခိုင်နဲ့ ဒီလုပ်ငန်းမယိုင်လဲသွားအောင် အဓိက ထောင့်တနေရာကနေပံ့ပိုးနေတာလေ...
ဒီလုပ်ငန်းကိုအကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့ talent တွေကို အပြင်ကရှာသလို အတွင်းမှာလည်းပြုစုပျိုးထောင်တယ်ဗျာ...ဒီ talent တွေ အသက်ရှူချောင် ကျန်းမာရှင်သန်နေနိုင့်မယ့် ပတ်ဝန်းကျင် organization culture ကို တည်ဆောက်ဖို့လုပ်ဆောင်နေသလို...လုပ်ငန်းကိုဦးဆောင်မှုပေးကြမယ့် ထက်မြတ်တဲ့ leadership ကို ပြုစုပျိုးထောင်တည်ဆောက်နေရတော့ ဘယ်လိုလုပ် မချစ်ပဲ နေနိုင်မှာလဲလေ...
ကိုယ့်လိုမျိုးပဲ HR ကို မက်မက်မောမော passionately လုပ်နေကြတဲ့သူတွေ...လုပ်ချင်လာကြလို့ ဝင်လာကြတဲ့သူတွေ...ဒီသတင်းတွေကိုကြားပြီး စတင်မြည်းစမ်းလာကြတာတွေကိုတွေ့ရတော့ အတိုင်းမသိဝမ်းသာမိတယ်...
တခါတလေ အမေးခံရတယ်လေ...HR ကောင်းတစ်ယောက်ဖြစ်အောင် ဘာတွေလုပ်လို့ ဘယ်လိုနေရမလဲတဲ့...ဒီမေးခွန်းက အမေးလွယ်သလောက် အဖြေခက်တယ်လေ...ဖြေရမှာက ကျယ်ပြန့်လေးနက်တာကို...ဆရာတွေများစွာကလည်းပုံစံမျိုးစုံနဲ့ဖြေခဲ့ကြပါတယ်...ဒီအဖြေတွေကြောင့်လည်း ကိုယ်တွေအတွက် အားရှိခဲ့ရတာပဲလေ...
ဒီမေးခွန်းကို ကိုယ့်အနေနဲ့ဖြေရမယ်ဆို ပြီးပြည့်စုံတဲ့ အဖြေတစ်ခုတော့ ပေးနိုင်မယ်မထင်ဘူး...ဒါပေမယ့် ကိုယ့်အနေနဲ့ အရေးကြီးမယ်လို့ ထင်တဲ့အပိုင်း ကိုယ့်ရှု့ထောင့်ကာနေပြောပြချင်ပါတယ်...
HR ကောင်း တစ်ယောက်ဖြစ်ချင်ရင်လေ...အဂတိတရား (၄) ပါးကို နားလည်လို့ ရှောင်ကြဉ်နိုင်ကြပါလို့ အကြံပေးချင်ပါတယ်...
ဆန္ဒ...ဒေါသ...ဘယ...မောဟ...
ဒီအရာတွေဟာ HR သမားအတွက် အဆိပ်ရည်တွေပါပဲ...သောက်မိသူကိုသေစေနိုင်သလို ဘေးပတ်ဝန်ကျင်ကိုပါ အန္တရာယ်တွေဖြစ်စေတတ်တယ်လေ...ရှောင်ရှားကြပါ...
"ဆန္ဒဂတိ" ဟုတ်ပါတယ်...တစ်ဦးတစ်ယောက်ကို ချစ်သဖြင့် အခြားသူတွေကို ထိခိုက်သွားစေတတ်တဲ့ တဘက်သက်စီရင်ခြင်းမျိုးပါပဲ...
"ဒေါသာဂတိ" လူဆိုတာအမျက်ဒေါသနဲ့မကင်းကြပါဘူး။ ဒါပေမယ့် HR တွေအနေနဲ့ ထိန်းနိုင်ရမယ်လေ။ အမျက်ဒေါသကြောင့် တဘက်သက်စီရင်ခြင်းမျိုးဟာ ရှောင်ကြဉ်ရမယ့်အရာပါပဲ
"ဘယာဂတိ" ခြိမ်းခြောက်ခံရတာတွေဟာ HR သမားအတွက် ခံနိုင်ရည်ရှိရမယ့်အရာတခုပါပဲ။ ခြိမ်းခြောက်ခံရတော့ ကြောက်တတ်မယ်ဆိုရင်၊ ဒီ ကြောက်ရွံ့ခြင်းက တဘက်သက်စီရင်ခြင်းတွေကို ဖြစ်ပေါ်စေတတ်ပါတယ်...သတိချပ်ပါ...
"မောဟာဂတိ " HR တစ်ယောက်ဟာ အတွေးရှင်းရပါမယ်...ပြတ်သားရပါမယ်...တွေဝေငေးမေနေဖို့ အချိန်မရှိပါဘူး...ဒီလိုများ တွေဝေတတ်ကြပြီး တဘက်သက်စီရင်တာတွေဟာလည်း ပြင်းထန်တဲ့ အဆိပ်ရည်ပါပဲ...
ဟုတ်ကဲ့...ပြောခဲ့တာတွေပြန်အနှစ်ချုပ်ရရင် HR ကို ချစ်တယ်...HR အလုပ်ကိုလုပ်တယ်...HR ကောင်း ဖြစ်ဖို့ လုပ်ဆောင်စရာအများကြီးအထဲမှာ ဒီ "ဆန္ဒ...ဒေါသ...ဘယ...မောဟ..." ဆိုတဲ့ အဂတိတရား (၄) ပါး အသက်ထက်ဆုံး ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းအားပေးရပါတယ်။
Author: KC Myanmar
Photos: Google image