အချိန်ဆိုတာ စဉ်ဆက်မပြတ်အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုဖြစ်နေတာပါလား။ အတိတ်မှာဖြစ်ခဲ့တယ်၊ လက်ရှိမှာုဖစ်နေတယ်၊ အနာဂတ်မှာလဲ ဆက်ဖြစ်နေဦးမှာပါပဲ။
ဒီအချက်ကိုနားလည်နိုင်ပြီဆိုရင်တော့ အချိန်ကို ကိုယ့်အတွက်အကျိုးရှိလာအောင်သုံးနုင်ဖို့ အထောက်အကူပြုလာစေမှာပါ။
ဟုတ်ပါတယ်။ ဒီဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို မှန်ကန်စွာရွေးချယ်သွားဖို့ပဲဖြစ်ပါတယ်။ အဓိကကတော့ ဘယ်ကိစ္စတွေက ကိုယ့်အတွက် အကျိုးရလဒ်များများဖြစ်စေမှာလည်းဆိုတာကို နာလည်းပြီး ၎င်းကိစ္စများကိုရွေးချယ်လုပ်ကိုင်ခြင်းပဲ ဖြစ်ပါတယ်။
အချို့ကိစ္စတွေက ဘာအကျိုးရလဒ်မှ မဖြစ်စေနိုင်တာကြောင့် အချိန်ဖြုန်းတာသက်သက်ပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်နိုင်ရမယ်လေ။
ဒီလို ဦးစားပေးရွေးချယ်တဲ့အခါမှာ ကိုယ့်အတွက် အရေးပါတာကိုပဲ အရင်စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် လူအများဟာ အလျင်လိုမှု အပေါ်မှာမူတည်ပြီး ရွေးချယ်သွားတတ်ကြပါတယ်။ ဒီအခါမှာ အဆင်မပြေမှုတွေနဲ့ တွေ့ကြုံကြရပါတယ်။
ဒီလိုမျိုးတွေ မဖြစ်ရလေအောင် အကောင်းဆုံး ပြင်ဆင်ဖို့ကတော့ တစ်ပတ်စာ weekly planning လုပ်တဲ့ အကျင့်လေးနဲ့ စကြည့်တာ အကောင်းဆုံးပါပဲ။
ဒီလိုလုပ်ဖို့အတွက်အရင်ဆုံး နောက်အပတ်မှာ ကိုယ်ဖြစ်တဲ့အရာတွေ၊ ကိုယ်အပြောင်းလဲလုပ်ချင်တဲ့အရာတွေကို စဉ်းစားပြီး ချရေးရပါ့မယ်။ ဒါတွေကို weekly goal ဒါမှမဟုတ် တပတ်စာရည်မှန်းချက်တွေလို့ခေါ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကိုယ့်မှာရှိနေတဲ့ role တွေကို အကုန်စဉ်းစားသင့်ပါတယ်။ ဥပမာ - ဝန်ထမ်းတစ်ယောက်၊ မိဘ၊ သားသမီး၊ အိမ်ထောင်ဖက်၊ ချစ်သူ၊ မောင်နှမ၊ ရပ်ကွက်လူကြီး စသဖြင့် ကိုယ့်မှာရှိတဲ့ တာဝန်တွေကိုထည့်သွင်းစဉ်းစားရပါမယ်။
နောက်အပတ်အတွက် goal တွေကို စဉ်းစားချရေးပြီးရင်တွေ၊ ကိုယ့်အတွက်အကျိုးအရှိဆုံးဖြစ်မယ့် goal (၃) ခုကို ၎င်း စာရင်းထဲမှ ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီ goal (၃) ခုဟာ လာမယ့်အပတ်မှာ ကိုယ့်အတွက် ကောင်းတဲ့ အပြောင်းအလဲ ကိုဖြစ်စေနိုင်ပါမယ်။
ဒီလိုရွေးချယ်ပြီးရင်တော့ ဒီ goal တစ်ခုချင်းစီကို အကောင်အထည်ဖေါ်နိုင်ဖို့ ဘယ်လိုကိစ္စတွေကို လုပ်ဆောင်ရမလဲဆိုတာစဉ်းစားချရေးရပါမယ်။ ပြီးတဲ့အခါမှာ ၎င်းကိစ္စတစ်ခုချင်းစီကို ဦးစားပေးမှုကိုသတ်မှတ်ပါ။ အရေးကြီးမှုပေါ်မူတည် A,B,C သတ်မှတ်ပါ။ အရေးကြီးဆုံးကို A ဆိုပြီး ABC အဆင့်ခွဲပါ။ A ချင်းတူနေရင် A1,A2,A3 ဆိုပြီးထပ်ခွဲပါ။ ပြီးရင်တော့ ဒီကိစ္စတစ်ခုစီကို လုပ်ဖို့ လိုအပ်မယ့် ခန့်မှန်းအချိန်တွေကို စဉ်းစားပါ။ တနာရီလား နာရီဝက်လား။ ပြီးရင်တော့ ဒီကိစ္စတခုချင်းကို လာမယ့်အပတ်ရဲ့ ဘယ်နေ့တွေမှာ လုပ်မလဲဆိုတာကို သတ်မှတ်ပါ။ ဒါဆိုရင် နောက်တစ်ပတ်အတွက်အတော်လေး အဆင်သင့်ဖြစ်သွားပါပြီ။
Weekly Planning လုပ်တဲ့ကိစ္စအတွက် နောက်ဆုံးအဆင့်ကတော့ ကိုယ့်ရဲ့ daily planner (စာအုပ်ဖြစ်ဖြစ်၊ mobile app ဖြစ်ဖြစ်) မှာ ခုနက သတ်မှတ်ထားခဲ့တဲ့ လုပ်မယ်ဆိုတဲ့ ကိစ္စတွေကို နေ့အလိုက်နေရာချထားလိုက်ဖို့ပဲဖြစ်ပါတယ်။
ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ဒီကိစ္စတွေဟာ ကိုယ့်အတွက် အရေးကြီးတာဖြစ်လို့ ဦးစားပေး နေရာ အရင်ချတာ ဖြစ်ပါတယ်။ ဒီနေရာမှာ self discipline ဟာ အရမ်း အရေးကြီးပါတယ်။ ဒီဦးစားပေးကိစ္စတွေကို ရုတ်တရက်ပေါ်လာတဲ့ urgent ကိစ္စတွေနဲ့ အလွယ်တကူ အစားမထိုးလိုက်ဖို့ပဲဖြစ်ပါတယ်။
အခုပြောခဲ့တာကတော့ first things first ဆိုတဲ့ ကိုယ့်အတွက် အရေးပါတဲ့ ကိစ္စတွေကို အရင်ပြုလုပ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ဦးစားပေး လုပ်ဆောင်တာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ရမယ့်အရာတွေရဲ့ ၂၀ ရာခိုင်နှုန်းက ရလဒ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပေးနိုင်တာဖြစ်လို့ အဲ့လို ကိစ္စများကို အရင်ဦးစားပေးပါ။ ကိုယ့်ရဲ့ လုပ်ဆောင်ရမယ့်အရာတွေရဲ့ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ ရလဒ်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ပေးနိုင်တာဖြစ်လို့ ဦးစားထဲ မထည့်ထားသင့်ဘူးဆိုတာ ပြောပြချင်ပါတယ်။
Author: KC Myanmar
Photo: Google Image