တစ်လောကမှ steemit အကောင့်လေးဖွင့်ပြီး မိတ်ဆက်စာလေးရေး
ပြီးသုံးမလို့ ရှိသေးတယ် ညကျတော့ ဖုန်းခိုးခံရပါလေရောဗျာ
ဒါနဲ့ ရလိုရငြားဖုန်းဆက်ကြည့်ပါတယ် ဖုန်းဝင်တယ်ဗျ
ကိုင်လည်းကိုင်တယ် ပြီးတော့ အကို password လေးပြောပြပါလားတဲ့
ဆိုင်မှာ သွားပြစရာ ပိုက်ဆံမရှိသေးလို့ ပါတဲ့
အော် password က ******ညီလေးရေ အားသွင်းကြိုးနဲ့ နားကြပ်လည်း
လမ်းကြုံရင်ဝင်ယူပါဦးကွာ လို့ ပဲပြောလိုက်မိတော့တယ် ဒါနဲ့ မဟတ္တမဂန္ဒီကြီး ရထားပေါ်ကနေ ဖိနပ်ချွတ်ပြီး လွှတ်ပစ်ခဲ့တာ တွေးမိပြီး ပြုံးလိုက်မိတယ်
ပြန်ရမှာ မဟုတ်တဲ့အတူတူ password လေးပါပြောပြလိုက်တော့
သူအတွက် ပိုလို့ အဆင်ပြေသွားတာပေါ့ဗျာ ဒီနေ့ တော့ steemit အကောင့်လေးလျောက်ထားမိပြီ ညကျရင် ဘယ်နားထားအိပ်ရမယ်ဆိုတာ စဉ်းစာခန်းဝင်လိုက်အုံးမယ်ဗျို့