သဘာဝတရားဟာ သူဟာသူ ဖြစ်ထွန်း တည်ရှိ နေတတ် ပါတယ် ထိုဖြစ်တည်နေသော သဘာဝနိယာမ တရားကို ဖျက်ဆီးတတ်သူ ဆိုတာလည်း ရှိနေပြန်တယ် ဆိုရပါ့မယ် ဒါကြောင့်လဲ ပျက်ဆီးမှုတွေ ဖြစ်ပေါ်လေ့ ရှိနေပါတယ် ထိုသို့ ပျက်ဆီးပါက ပြန်လည်ထိန်းသိမ်းမှု ဆိုတာလိုအပ်ပါတယ် ထိုသို့ ထိန်းသိမ်းမှု မရှိပါက ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအဝန်း ကြီးဟာ ယိုယွင်းသည်ထက် ယိုယွင်းလာကာ အဆုံးရုံး သွားတော့မည်မှာ မလွဲဧကန် ဖြစ်ရချေမည်။ ဥပမာ ပြောရမည်ဆိုလျင် သဲသောင်ကြီး တခုထွန်းပြီး ကျွန်းလေး ဖြစ်နေမည်ဆိုပါစို့ ထိုကျွန်းလေးကို လူတချို့က တွေ့ရှိပြီး ထိုကျွန်းလေးမှာ နေပြီး သီးနှံစိုက်ပျိုးကာ ကျွဲနွား တိရိစ္ဆာန်များ မွေးမြူပြီး နေထိုကြလေသည် ထိုသို့နေထိုင်ကာ နှစ်အနည်းငယ် ကြာလာသောအခါ လူဦးရေထူထပ် လာလေသည် ထိုသူတို့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံကာ နေထိုင်လာကြသည်မှာ နှစ်အတော်ပင် ကြာလာသော်လည်း ယခုအခါ ထိုသူများ မကြုံဖူးသည့် အရာတစ်ခုကို ကြုံတွေ့ရလေသည် ထိုအရာမှာ သောင်ပြင်ရေစားကာ တပြုတ်ပြုတ်နှင့် ရေထဲပါသွားလေသည် ထိုအခါမှာ တချို့လူများက ဂရုမစိုက်ကြချေ ထိုအခါ လူငယ်တစ်ချို့က ထိုကျွန်းတွင် နေထိုင်သော လူများထဲမှ အလုပ်တခုကို လုပ်ပြပြီး တနည်းအားဖြင့် အလုပ်ကို နည်းနည်းသာလုပ်ပြီး လက်မထောင်ကာ နေရာဝင်မယူ တတ်သူ သူများပြောသမျှ ခေါင်းငြိမ့်ကာ မနေတတ်ဘဲ ဟုတ်တိုင်းမှန်စွာ လုပ်ကိုင်တတ်သူ နေရာတကာ စိတ်တို ဒေါသထွက်ကာ ရန်မလိုတတ်သူ ဒီလူပြောရာ တစ်မျိုးလိုက် ဟိုလူပြောရာတစ်မျိုးလိုက်နှင့် မရှိဘဲ ကိုယ့်ဆုံးဖြတ်ချက် နှင်င့်ကိုယ် ခံယူတတ်သူ အစားအသောက်မကြီးဘဲ အအိပ် မမက်တတ်သူ ကိုယ်ဘက်ကိုယ်မယက်ဘဲ တရားမျှတသော သူကို ရွှေးချယ်ကာ သူကြီးအဖြစ် တင်မြောက်လျက် ထိုရေစား နေသော သောင်ပြင်ကိစ္စနှင့် မိမိတို့ နေထိုင်ရာ ကျွန်းလေး တည်တံ့ခိုင်မြဲဖို့အရေး အစည်းဝေးထိုင်ကာ ထိုကျွန်းကိုရေကာတာ များပြုလုပ်၍ ဝိုင်းဝန်းကာကွယ်ကာ ထိန်းသိမ်းကြလေသည်။
ကျနော်တို့ မြန်မာနိုင်ငံမှာ အထင်ရှားဆုံးမြစ်တွေထဲက တစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်ကို ကျနော် ရေးသားပါဦးမည် ဧရာဝတီမြစ်ဟာ မေခ , မလိခ မြစ်တို့ ပေါင်းဆုံရာ ကနေ ဧရာဝတီမြစ် ဆိုပြီးဖြစ်ပေါ်လာတယ် ဆိုတာ စာဖတ်သူတို့ သိပြီးဖြစ်ပါသည် ထိုမြစ်ကနေ ရေဟာ တသွင်သွင် စီးဆင်းလာပြီး မြန်မာနိုင်ငံသူ နိုင်ငံသား လူအများ သုံးစွဲနိုင်အောင် ချိုသော, ကြည်လင်သော, အေးမြသော, မေတ္တာဓါတ်တို့သည် ထိုဧရာဝတီမှာ ပါဝင်နေမှုကို ကြည့်တတ်သော သူမှသာ မြင်နိုင်မည်ထင်ပါသည် အထူးသဖြင့် ကျနော်တို့လို မြစ်ကမ်းနားမှာ နေထိုင်သူများအဖို့ ရေတွင်းတူးစရာမလိုဘဲ မြစ်ဆိတ်အတွင်း ရေမြှုတ်မော်တာ ဆင်ကာ သောက်ရေ ,သုံးရေ , ချိုးရေ အပြင် စိုက်ခင်းထဲအတွက်ပါ ရေကိုအလျှံပယ် ရှိစေသည်မှာ ကျနော်တို့လို စိုက်ခင်းလုပ်သူ များနှင် တိရိစ္ဆာန် မွေးမြူသူတို့ အဖို့ တန်ဖိုးမဖြတ်နိုင်သော သဘာဝမြစ်ချောင်း များကပေးစွမ်းသည့် ကျေးဇူးတရားပင် ဖြစ်ချေသည်။ ထိုဧရာဝတီမြစ်သည် ဤလောက်ဘဲ အသုံးဝင်တာလား ဆိုပြန်တော့လည်း မဟုတ်သေးချေ ကုန်သွယ်ရေးနှင့် သွားလာရ လွယ်ကူသည့် ရေလမ်းသဖွယ် ဆောင်ကြဉ်း ပေးပြီး လောကကို ကောင်းကျိုး ပေးနေပါသေးသည် ထိုမြစ်ထဲတွင် ငါးပုဇွန် အစရှိသော ရေအောက်သတ္တဝါတို့သည် စိတ်အေးချမ်းသာစွာ အမှီပြု နေထိုင်တတ်ကြသေးသည် ။ တချို့ဆို ဧရာဝတီ မြစ်ကမ်းနားတလျှောက် ရွှေကျင်ကာ အသက်မွေးကြသူများလည်း တွေ့ရသေးပေသည် ဤသည်ကို ကြည့်ခြင်းအားဖြင့် အတိုခြုံးရသည်ရှိသော် ဧရာဝတီမြစ်သည် ပြန်မာနိုင်ငံအတွက် အရေးပါသော မရှိမဖြစ်သော မြစ်ကြီးတစင်းဆိုပါကလည်း မှားမည်မထင်ချေ။
ဤမျှလောက် အဖိုးတန်လှသော အရာတို့သည်လည်ကောင်း တန်ဖိုးတရားတို့သည်လည်ကောင်း သူ၏ တန်ဖိုးတရားကို သိမှသာ တန်ဖိုးရှိသော အရာဟုသိကြပေလိမ့်မည် တန်ဖိုးကို မသိသူအဖို့ ထိုအရာသည် တန်ဖိုးရှိမည်မဟုတ်ချေ။ ဒါကြောင့်လဲ ထိုဧရာဝတီ မြစ်ကမ်းနဖူး တလျောက် အမှိုက်တွေနှင့် ပွနေခဲ့ပေပြီ ထိုမြစ်ကမ်းနဖူးကို အမှိုက်ပစ်စရာဟုများ သူတို့မြင်လေသလား ? နောက်သင်္ဘောနှင့် ခရီးသွားကြသူများအဖို့ကော အမှိုက်များ စွန့်ပြစ်တတ်ကြသည် ထိုအမှိုက်ပြစ်မှု တွေကြောင် မြစ်တွေကောလာနိုင်ကြောင်း မသိပေဘူးလား သိုမဟုတ် သိသိနဲ့ လုပ်နေတာလား ဝေခွဲမရနိုင်အောင်ပင် နှောက်ပြီး မြစ်ဆုံရေကာတာ ဆိုလား ဒါတွေနဲ့တင် မကသေးဘဲ အခြားအခြားသော ဧရာဝတီမြစ်ကြီး ပျက်ဆီးစေတတ်သည့် အပြုအမှုများလည်း ရှိနိုင်ပါသေးသည် ။
ထိုသို့ပျက်ဆီးနေမှုများကို ထိန်းသိမ်းတတ်သောသူများမှာ တာဝန်သိ၍ တာဝန်ရှိသောသူများသာ လိုက်ပါပြုပြင် ထိန်းသိမ်းကြမည်ထင်ပါသည် အဘယ့်ကြောင့်ဆိုသော် လုပ်အားပေး ခေါ်လျင်ငြူစူစွာ ပြောဆိုတတ်လေသည် မိုးတွင်းအခါတွင် လမ်းများရေဝပ်၍ မြေဖို့ကြရာ တွင်လည်းကောင်း လေမုန်တိုင်းကျ၍ သစ်ပင်များ ကျိုးကျကာ ခုတ်ထွင်းရှင်းလင်းခြင်း များ ပြုလုပ်ရာတွင်လည်ကောင်း အများနှင့် သက်ဆိုင်သည်ဖြစ်ရာ အားလုံးစုပေါင်း ညီညာစွာ လာရောက်လုပ်ကိုင် ဝိုင်းဝန်းခြင်းဖြင့် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ပါသည် ထိုသို့ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှ အစပြု၍ ဒေသအသီးသီးမှ ပုဂ္ဂိုလ်တို့သည်လည်း မိမိတို့ ဒေသကို ထိန်းသိမ်းသွားကြပါက သဘာဝတရားတို့နှင့် သာယာလှပသော မြန်မာတို့၏ ပတ်ဝန်းကျင်သည် မည်သို့ဆိုဖွယ်ရာ ရှိပါတော့မည်နည်းးးးး
khayae
MSC -079
credit;google image &facebook